ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အကြမ်းဖက်မှုများကို မကြောက်ကြပါနှင့်

ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အကြမ်းဖက်မှုများကို မကြောက်ကြပါနှင့်

ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အကြမ်းဖက်မှုများကို မကြောက်ကြပါနှင့်

ဗာတီကန် ဇွန်လ၊ ၂၁၊ ၂၀၂၀
ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ခရစ်ယာန်များအား ကမ္ဘာလောကကြီးနှင့် ဧဝံဂေလိတရားတော်ကို ဝေမျှရာ၌ ရန်လိုခြင်း ၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အကြမ်းဖက်မှုများကို မကြောက်ကြပဲ အပြစ်ကိုသာကြောက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ “ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံကြရသည့်  တမန်တော်များကို သခင်ယေဇူးက အကြံပေးနေတယ်။ ခန္ဓာကိုယ်ကို သတ်နိုင်‌သောသူကို မကြောက်ကြပါနှင့်။ သို့သော် ဝိညာဉ်ကို သတ်နိုင်‌သောသူကို ကြောက်ကြပါ။” ဟူ၍ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် စိန့် ပီတာ ရင်ပြင်တော်အထက် ပြတင်းဝ မှ ‌မိန့်ကြားတော်မူခဲ့သည်။  

အန်ဂျေလူး မေတ္တာမဆိုမီ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဧဝံဂေလိသတင်းကောင်းဟောကြားခြင်းကို အတင်းအဓမ္မ၊ အကြမ်းဖက်မှုများနှင့်  ရပ်တန့်စေသောသူများကို ကြောက်စရာမလိုကြောင်း မိန့်ကြားတော်မူခဲ့သည်။ 

တရားတော်ကို သင်ကြားရာမှာ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် သခင်ခရစ်တော်မှ တပည့်တော်များအား “မကြောက်ကြနှင့်။” ဟု တိုက်တွန်းချက်ကို ထောက်ရှုခဲ့သည်။ 

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ကမ္ဘာတစ်ဝှမ်းတွင် ယနေ့ထိတိုင် ခရစ်ယာန်များအား ညှဉ်းပန်းနှိပ်စက်ကြသည့်အကြောင်းကို ပြောကြားခဲ့ပါသည်။ “ထိုသူတို့သည် ချစ်ခြင်းမေတ္တာနှင့် ဧဝံဂေလိတရားတော်အတွက် ဒုက္ခ၊ ခံခဲ့ကြပြီ။ သူတို့သည် ယနေ့ခေတ်၏ ဓမ္မအာဇာ နည်များဖြစ်သည်။” ဟူ၍ မြွတ်ကြားခဲ့ပါသည်။  

ကျွန်ုပ်တို့သည် ဘုရားရှင်နှင့် တစ်လုံးတစ်ဝတည်း ပေါင်းစပ်မှုကို မည်သူတစ်ဦးတစ်ယောက်ကမှ နှုတ်ယူမသွားနိုင်ကြောင်း ဤသို့ အခိုင်အမာ ပြောဆိုခဲ့သည်။ “ ညှဉ်းပန်းနှိပ်စက်ကြသောသူတို့ သည်ကျွန်ုပ်တို့၏ဝိညာဉ်ကို တိုက် ခိုက်၍ မရနိုင်ပါ။”သခင်ခရစ် တော်၏ တပည့်တော်တစ်ဦး အနေနဲ့ ကြောက်ရမည်မှာ- “ဘုရားရှင်နှင့် သူ့အား ရင်းနှီးစေသော ဘုရား၏လက်ဆောင်ကို ဆုံးရှုံးရခြင်း၊ ဧဝံဂေလိတရားတော်အတိုင်း ရှင်သန်နေထိုင်းခြင်းကို ရပ်တန့်ခြင်း၊ ထိုမှ အပြစ်၏ ဆိုးကျိုးဖြစ်သော သေခြင်းတရားကို တွေ့ကြုံရခြင်းတို့ကို သာ ကြောက်ရွံ့သင့်ပါသည်။” ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ထပ်မံ၍ မြွတ်ကြားထားသည်မှာ- သခင်ခရစ်တော်၏ နောက် လိုက် သူသည် သူ၏ယုံကြည်ခြင်းနှင့် ဘုရားရှင်၏ နှုတ်ကပတ်တော်ကြောင့် မုန်းတီးခြင်းခံရသော အခြေအနေသည် အမှန်တကယ်ရှိကြောင်း မိန့်ကြားခဲ့ပါသည်။  

သခင်ယေဇူးသည် သူ၏တပည့် တော်ကြီးများအား ဧဝံဂေလိသတင်းကောင်းကို ခေါင်မိုးပေါ်မှ နေ၍ လူအများကြားအောင် ကြေငြာရန်တိုက်တွန်းခဲ့ပါသည်။ 

ဝိညာဉ်ရေးရာ ခြောက်သွေ့ခြင်းသည် ‌‌ခရစ်ယာန်များ ရင်ဆိုင်နိုင်သော အခြားသော စုံစမ်းနှောင့်ယှက်ခြင်းများ ဖြစ်သော်လည်း ကျွန်ုပ်တို့သည် မကြောက်ရွံ့သင့်ပေ။ ကျွန်ုပ်တို့သည် ဘုရားရှင်၏ မျက်မှောက်တော်၌ မြတ်နိုးတန်ဖိုးထားခြင်းခံရသော သူများဖြစ်၍ အဖဘုရားရှင်သည် ကျွန်ုပ်တို့အား ကာကွယ်စောင့် ရှောက်မည်ဖြစ်သည်။  

“ ရိုးသားပွင့်လင်းခြင်း၊ ကျွန်ုပ်တို့ သက်သေခံခြင်း၏ သတ္တိ၊ တခြားသူ၌ သခင်ခရစ်တော်ကို သိမြင်ခြင်း၊ နှင့် အဆက်မပြတ် ကောင်းမှုပြုခြင်းအားဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို သက်သေခံခြင်းတို့သည် အရေးကြီးသည်။ 

မယ်တော် သခင်မအားပြုသည့် အန်ဂျေလူးမေတ္တာကို ဆိုပြီးနောက်၊ အချို့သောနိုင်ငံများဖြစ်သည့် အာဂျင်တီးနား နှင့် အမေရိကန် ပြည် ထောင်စုများတွင်ကျင်းပသော အဖေများနေ့၌ အဖေများအား ရည်စူး၍ "သင်တို့အား ခင်မင်ရင်းနှီးမှုနှင့် ဆုတောင်း‌ မေတ္တာကိုပြုပေးပါသည်။ အဖေတစ်ယောက်ဖြစ်ဖို့ရန်သည် လွယ်ကူသော ကိစ္စတစ်ခုမဟုတ်သည် ကို သင်တို့အားလုံးသိကြပါသည်။ ထို့ကြောင့် ယနေ့ သူတို့အတွက်ဆုတောင်းပေးကြပါ။"ဟု မိန့်ကြားခဲ့လေသည်။

အထူးသဖြင့် ကောင်းကင်ဘုံမှ ကျွန်ုပ်တို့အား ကာကွယ်စောင့်ရှောက်ကြသော ဘိုးဘေးများအား အောက်မေ့သတိရမိသည်။ထို့နောက်မှ စိန့် အလွှိုင်ရှက်စ်ပွဲနေ့ဖြစ်သည်နှင့်အညီ လူငယ်များအား နှုတ်ဆက်စကားပြောခဲ့သည်။ “ လူပျိုအရွယ် လူငယ်လေးတစ်ယောက်၊ ဘုရားကိုချစ်သည့်စိတ်နှင့်၊ သူနှင့်နီးစပ်သောသူများ၊ ကပ်ရောဂါသည်များကို ကြည့်ရှုစောင့် ရှောက်ခဲ့သောကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ဤရောမမြို့မှာ သေဆုံးခဲ့တယ်။ ကမ္ဘာတစ်ဝှမ်း၌ရှိသော လူငယ်များကို စိန့်အလွှိုင်ရှက်စ်အား အပ်နှံ၍ ဆုတောင်းခဲ့ကြောင်း မိန့်ကြားခဲ့ပါသည်။     

ကမ္ဘာ့ဒုက္ခသည်များ‌နေ့ အထိမ်း အမှတ်ပြီးသည့် နောက်တစ်ရက်တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည်၊ ကိုရိုနာ ကပ်ရောဂါနှင့် ၎င်း၏ဆိုးကျိုးများကြောင့် အတိ ဒုက္ခရောက်နေကြသော ဒုက္ခသည်များအား ပြန်လည်အောက်မေ့တော်မူခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ ဒုက္ခသည်၊ ဒုက္ခသည်များအား၊ သူတို့၏ လူ့ဂုဏ်သိက္ခာနှင့် လုံခြုံမှူရရှိရန်၊  အကာအကွယ်ပေးရန် လိုအပ်နေမှုကိုလည်း ထောက်ပြကြောင်း ယုံကြည်သူအားလုံးကိုလည်း ထိရောက်သော ဆက်ကပ်အပ်နှံခြင်းနှင့် အသစ်ပြန်လည်စတင်ခြင်း၌ပါဝင်ကြဖို့၊ အထူးသဖြင့် ပြင်းထန်သော အန္တရာယ်ကြောင့် အတင်းအဓမ္မရှောင်ပြေးနေရသောသူများအား အကာအကွယ်ပေးရာ၌ ပါဝင်ကြဖို့ ဖိတ်ခေါ်ကြောင်း မိန့်ကြားခဲ့ပါသည်။   

ဤကပ်ရောဂါသည် ကျွန်ုပ်တို့နှင့် ပတ်ဝန်းကျင်၏ ဆက်စပ်ပုံကို ပြန်သုံးသပ်စေသည်။ အကန့်အသတ် သွားလာခြင်း စည်းကမ်းကြောင့် လေထုညစ်ညမ်းမှု၊ ဆူညံသံနှင့် လမ်းများပိတ်ဆို့မှုကို လျော့ချပေးသည်။

ယခုတွင်၊ လှုပ်ရှားမှုများပြန်လည်စတင်ခြင်းနှင့်အတူ တစ်လုံး တစ်ဝတည်း စုပေါင်းနေထိုင်၍ရနိုင်သော အိမ်ကို ရှာဖို့ရန်တာဝန်ရှိကြောင်း ပုပ်ရဟန်းမင်းကြီးသည် မြွက်ကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်

https://bit.ly/2zZVDB0

Add new comment

1 + 0 =