ညီအစ်ကိုရင်းစိတ်ဓာတ်သည် အီရတ်နှင့်ကမ္ဘာတစ်၀န်းလုံးအားစိတ်ခေါ်နေသည် ဟု ပုပ်ဖရန်စစ်မြွက်ကြား

ညီအစ်ကိုရင်းစိတ်ဓာတ်သည် အီရတ်နှင့်ကမ္ဘာတစ်၀န်းလုံးအားစိတ်ခေါ်နေသည် ဟု ပုပ်ဖရန်စစ်မြွက်ကြား

အစောပိုင်းရက်များကဘုရား သခင်သည် သူ့အား အီရတ်နိုင်ငံသို့တမန်တော်ခရီးကြွရောက်ရန်အခွင့်ပေးခဲ့သည်။ ဤခရီး စဉ်သည်စိန့်ဂျွန်ပေါလ် (၂) မက်ခဲ့သောခရီးဖြစ်သော် လည်း အခြေအနေကြောင့်မဖော်ဆောင်နိုင်ခဲ့ပေ။ ယခင်က ကျွန်ုပ်တို့၏ယုံကြည် ခြင်းဖခင်ဖြစ်သော အာဘရာ

ဟမ်၏ဇာတိမြေအီရတ် သို့အဘယ်ရဟန်းမင်းကြီးမျှ ကြွရောက်ခြေမချနိုင်ခဲ့သေးပေ။ ဘုရားသခင်၏အ ​မျှော်အမြင်ကားယခုဖြစ်လာစေခဲ့သည်။ ဤသို့ကြွရောက်နိုင်ခြင်းသည် နှစ်ပေါင်း များစွာအစွန်း ရောက်တို့၏ရန်နှင့် စစ်မီး တောက် လောင်နေခဲ့သောမြေနှင့်ကိုးဗစ်ကူးစက်ရောဂါကိုအလူးအလဲခံခဲ့ရသောနိုင်ငံမှပြည်သူများအတွက် မျှော်လင့်ခြင်း ၏အတိတ်နိမိတ် ဖြစ် သည်’ ဟု အီရတ်နိုင်ငံသို့တမန်တော်ခရီးကြွရောက်အပြီး ဘုရားဖူးများနှင့်ပထမဆုံးအကြိမ်ပြန်လည်တွေ့ဆုံစဉ်ကမိန့်ကြားခဲ့ သည်။ ရဟန်းမင်းကြီးသည် အီရတ်နိုင်ငံသို့ မတ်လ (၅ - ၈) အထိတမန်တော်ခရီးကြွရောက်ခဲ့သည်။

ကျေးဇူးတရား

ရဟန်းမင်းကြီးက ဤတမန်တော်ခရီးကြွ‌ရောက်အပြီး သူ၏၀ိညာဉ်၌ကျေးဇူးတရားများဖြင့်ပြည့်နေကြောင်း၊ ပထမဦးဆုံး ဘုရား သခင်၊ ထို့နောက် ဤ ခရီးစဉ်ခက်ခဲပြီး၊ စိန်ခေါ်မူမြင့်မားသော်လည်း ဖြစ်‌မြောက်အောင်စီစဉ်ပေးခဲ့သောသူများအားကျေးဇူးတင်ကြောင်း၊ အီရတ်နိုင်ငံ၏သမ္မတနှင့်အစိုးရအားလည်း ကောင်း၊ အီရတ်နိုင်ငံမှခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ဆရာတော်များ၊ ၀န်ကြီးများ၊ ဘာသာအသီးသီးမှဘာသာရေးခေါင်း ဆောင်များ၊ ခရစ်ယာန်ဘာ သာ ၀င်များကိုအထူးကျေး ဇူးတင်ကြောင်း၊ Najaf ၌ တည်းခိုစဉ်တွေ့ဆုံခဲ့ရသောဆုံဆည်းမှုသည်မမေ့နိုင်အောင်ဖြစ်ရကြောင်းထုတ်ဖော်မိန့်ကြားခဲ့သည်။ အခက်အခဲ များကြုံတွေ့နေရသော်လည်းအ လွန်အလားအလာကောင်း သောသာသနာနယ်တစ်ခုဖြစ်

ဤခရီးစဉ်ကြောင့်အားရ ကျေနပ်ပျော်ရွှင်ခဲ့ရသကဲ့သို့ ယူကျုံးမရမရသောခံစားချက်လည်းဖြစ်ပေါ်ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ယုံကြည်ခြင်းကြောင့် အစွန်းရောက်မွတ်စလင်တို့၏ ကိုယ်ထိလက်ရောက်ညှဉ်းပန်းနှိပ်စက်မှုကိုခံ စားခဲ့ရသော ဓမ္မအာဇာနည်သာသနာမှ ဘာ သာတူ များနှင့်မတွေ့ဆုံနိုင်ခဲ့ပေ။ ၄င်းတို့သည်ကက်သလစ်သာသနာတော်ကြီးတစ်ခုလုံးအတွက် လေးလံကြီးမားလှ သောကားတိုင်တော်ကြီးကိုနှစ်ပေါင်းများစွာခံထမ်း ပေးခဲ့သည်။ ၄င်းတို့ထမ်းနေခဲ့သောကားတိုင်တော် သည် Qaraqosh အ၀င်၌ချထားသည့်ကားတိုင်ကဲ့သို့ပင်ဖြစ်ပါသည်။ ထိုညှဉ်းပမ်းနှိပ်စက်မှုကြောင့်ရလိုက် သောဒဏ် ရာဒဏ်ချက် များသည်ယခုထိတိုင်အနာမကျက်သေးသည့်မြင်ကွင်းများဖြစ်သည့် အ ဆောက်အဦးအပျက်အစီးများ၊ သွေးပျက်စရာအဖြစ်သနစ်များအား ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့သူအချို့ ၏ပြန်လည်ပြောပြသည်များကိုကြားရ၊ တွေ့ရသောကြောင့် ၀မ်းနည်းစိတ်ပိုမိုဖြစ်ပေါ်ခံ စားရပါသည်။ ထိုသို့သော်အဖြစ်သ နစ်ကိုကြုံတွေ့ခံထမ်းကျော်ဖြတ်ခဲ့ရသော် လည်း ၄င်းတို့၏မျက်နှာပေါ်၌ ဧဝံဂေလိတရားကို ကျေနပ်ရွှင်ပြစွာခံယူနေကြပြီး၊ ငြိမ်းချမ်းရေးနှင့်ညီအစ်ကိုချင်းစိတ် ဓာတ် ဖြင့်ယှဉ်တွဲနေထိုင်ကြမည့်မျှော်လင့်ချက်၊ ယုံကြည်ချက်များပြည့်နေ သည်မှာ ယေဇူးသခင်၏ ‘သင်တို့အားလုံးသည် ညီအစ်ကိုချင်းဖြစ်ကြ၏’ ဟူသောတရားသွန် သင်ချက်ကို မီးမောင်းထိုးပြနေပါသည်။ (သံမာတေဦး ၂၃:၈) ဤကျမ်းချက်သည်လည်း ရဟန်းမင်းကြီး၏ အီရတ်ခရီးစဉ်အတွက်လက်ကိုင်ဆောင်ပုဒ်ဖြစ်သည်။ ဤမျှော်လင့်ချက်ကို အီရတ်သမ္မ တ၏မိန့်ခွန်း၊ အခြားသောကြိုဆိုနှုတ်ခွန်းဆက်မိန့်ခွန်းများ၊ ကိုယ်တွေ့ကြုံနေကြရသူများထံမှလည်း ကောင်း၊ သီချင်းများ၊ ပြည် သူတို့၏ ကိုယ်နှုတ်အမူအရာများမှလည်းကောင်း၊ တောက်ပနေသောလူငယ်များ၏မျက်နှာ၊ ရွှန်းလက်နေသောသက်ကြီးများ၏မျက်လုံးများမှလည်း ကောင်းမြင် တွေ့ကြားသိခဲ့ရသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3bIHuII

Add new comment

17 + 0 =