ညီလာခံ ဖခင်ကြီးများမှ လူငယ်များထံပေးစာ

ညီလာခံ ဖခင်ကြီးများမှ လူငယ်များထံပေးစာ
ညီလာခံ ဖခင်ကြီးများမှ လူငယ်များထံပေးစာ
အောက်တိုဘာ ၂၈၊ ၂၀၁၈
သင်တို့အနာဂတ် တောက်ပပါစေ ဟူသော ခေါင်းစဉ်ဖြင့် ညီလာခံ ဖခင်ကြီးများမှ လူငယ်များထံပေးစာ တစ်စောင်ကို ညီလာခံပိတ်ပွဲ မစ္ဆားတရား တွင် ဖတ်ကြားခဲ့ပါသည်။
အားပေးခြင်း၊ ယုံကြည်ခြင်းနှင့်မျှော်လင်ြ့ခင်းတို့ဖြင့် ညီလာခံ ဖခင်ကြီးများမှ ကမ္ဘာပေါ်ရှိလူငယ်များအားလုံးကို ပြောကြားလိုက်ပါသည်။
ညီလာခံတစ်လျှောက်လုံးမှာ သင်တို့ရဲ့အသံတွေထဲက သခင်ခရစ်တော်ရဲ့ အသံ၊ သင်တိုရဲ့ပျော်ရွင်းခြင်မှ ထွက်ပေါ်လာသောအသံ၊ သင်တို့ရဲ့အောင်ဟစ်ခြင်း၊ သင်တို့ရဲ့ တိတ်ဆိတ်စွာ ရှိနေခြင်းထဲက ထာဝရ နုပျိုသော သခင်ခရစ်တော်ရဲ့ အသံကို နားထောင်ဖို့ တို့တတွေ အတူတကွရှိနေခဲ့ကြတယ်။ သင်တို့ရဲ့မျှော်လင်ချက်ကိုပေါ်လွင်စေသော သင်တို့၏ သင်တို့ခံစားနေရသော ဒုက္ခ၊ နာကျင်မှု့များ၊ မျှော်လင့်ချက်များ နှင့် သင်တို့ရဲ့ပျှော်ရွင်မှုတွေဟာ တို့နဲ့ အတူ ရင် နှီးမှု့ရှိနေပါပြီ။
ယခုငါတို့က သင်တို့ကို ကြားစေချင်တာတစ်ခုက သင်တို့ရဲ့ မျှော်လင့်ချက်တွေရှင်သန်လာဖို့နဲ့ သင်တို့ရဲ့ ပျှော်ရွင်ခြင်းတွေကို ဝေမျှသူများ ဖြစ်စေချင်ပါတယ်။ သင်တို့ရဲ့သမိုင်းကိုပုံဖော်ဖို့၊ သင်တို့ရဲ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်ဖို့ သင်တို့ရဲ့ စိတ်အားထက်သန်မှုပေါ် အခြေခံပြီး သင်တို့ပါဝင်လှုပ်ရှာဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာ ငါတို့ယုံကြည်တယ်။
ငါတို့ရဲ့ အားနဲချက်တွေ၊ မပြည့်စုံမှု့တွေနဲ့ အပြစ်တွေက သင်တို့ရှေ့ဆက်လျှောက်မဲ့လမ်းကို အဟန့်အတားမဖြစ်စေသင့်ပါဘူး။
အသင်းတော်က သင်တို့ရဲ့ မိခင်ဖြစ်တယ်၊ သူက သင်တို့ကို ဘယ်တော့မှ မစွန့်ပစ်ဘူး၊ စိတ်ဓတ်ကျြခင်း၊ အပေါ်ယံဟန်ဆောင်ခြင်း နှင့် သူစိမ်းဆန်ကျင်တို့ကို စိတ်တန်ခိုးစွမ်းအားနဲ့မောင်းထုတ်ပစ်ပြီး အမြင်ကို ပိုမို ရောက်ရှိစေဖို့ သင်တို့လျှောက်မယ့် ရှေ့အနာဂတ်လမ်းမှာ အသင်းတော်က အတူတူလျှောက်လှမ်းဖို့အဆင်သင့်ရှိနေပါပြီ။ ဘုရားသခင်က ဒီကမ္ဘာလောကကြီးကို ချစ်လို့ ကယ်တင်ဖို့ သူ့ရဲ့သားကို စလွတ်ကယ်တင်စေခဲ့တယ်၊ အဲ့ဒီ
ကမ္ဘာလောကကြီး က ခဏတာ သာယာမှုလေးတွေ၊ အောင်မြင်မှု့လေးတွေပေးတယ်၊ အဲ့ဒီကမ္ဘာကြီးကပဲ အားအနည်းဆုံးသော သူတွေကိုနင်းခြေတဲ့ အချိန်မှာ တရားမျှတမှု့၊ အမှန်တရား၊ ချစ်ခြင်းမေတ္တာ၊ လှပမှုတို့နဲ့ ပြန်လည်နိုးထနိုင်ဖို့ သင်တို့ကကူညီရမယ်။
သင်တို့နှင့်အတူ ဆုတောင်းပေးခြင်း၊ ချစ်ခြင်းမေတ္တာ အားဖြင့် ပါဝင်ခဲ့ကြသူတွေနဲ့ တို့အတူ တစ်လနီးပါးလျှောက်လှမ်းခဲ့ကြတယ်။ ဆက်လက်ပြီး သခင်ခရစ်တော်စေလွတ်တဲ့နေရာတိုင်းကို သူရဲ့နောက်လိုက်သာသနာပြုအနေနဲ့ ငါတို့ ဆက်လက်ပြီး ခရီးဆက်ဖို့ ဆန္ဒရှိတယ်။
အသင်းတော်နဲ့ ကမ္ဘာကြီးက သင်တို့ရဲ့ စိတ်အားထက်သန်မှု့ကို အရေးပေါ်လိုအပ်နေပါတယ်။ သင်တိုလျှောက်လှမ်းမဲ့ခရီးမှာ ထိခိုက်ပျက်စီးလွယ်သောသူများ၊ ဆင်းရဲသားများ၊ ဘဝဒဏ်ရာတွေနဲ့ပြည်နေသူများသည် သင်တို့ နှင် အတူရှိသောသူများဖြစ်ပါစေ။
ယခုသင်တို့သည် တောက်ပသော အနာဂတ်များဖြစ်ကြပါစေ။

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-video-letter-from-synod-fathers-to-young-people.html#play

#bishops, #finalmass, #synodfathers, #youth, #pope, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 0 =