ဇန်နဝါရီလ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဆုတောင်းရန် ရည်ရွယ်ချက်

ဇန်နဝါရီလ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဆုတောင်းရန် ရည်ရွယ်ချက်

******************************************************************

ဘယ်လိုဖြစ်ပြီး လူနည်းစုကိုးကွယ်တဲ့ဘာသာတရားက လက်ရှိမှာ ခွဲခြားဆက်ဆံပြီး ညှဉ်းဆဲခြင်း ခံစားနေကြ ရတာလဲ။ သူတို့ရဲ့ယုံကြည်မှုတွေကို လူအများ​ရှေ့ထုတ်​ဖော်လို့ ညှဥ်းဆဲခံ​နေရတာ​တွေကို ဒီယဥ်​ကျေးတဲ့လူမှုအသိုင်းအဝိုင်းထဲမှာ ကျွန်ုပ်တို့ဘယ်လိုခွင့်ပြုနိုင်ကြမလဲ။

ဇန်နဝါရီလ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ဆုတောင်းဖို့ ရည်ရွယ်ချက်ဟာ ဘာသာရေး ခွဲခြားဆက်ဆံတာနဲ့ ညှဉ်းဆဲတာ ပပျောက်စေဖို့ ဖြစ်ပါတယ်။

ဘာသာတရားကို ခွဲခြားဆက်ဆံပြီးညှဥ်းဆဲတာမျိုး လုံးဝ လက်ခံနိုင်စရာ မရှိသလို၊ လူမဆန်ဘဲ မိုက်ရူးရဲတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ သက်ဆိုင်တဲ့ဘာသာရဲ့ တရားကျမ်းအတိုင်း ဝတ်ပြု ကိုးကွယ် စုရုံးတာထဲ မဟုတ်ပါဘူး။ အဲဒါကနေ တခြားသူတွေနဲ့ မတူညီမှုတွေကို အသိအမှတ် ပြုပေးပြီး စစ်မှန်တဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်စေပါတယ်။ လူသားတွေဖြစ်လို့ ကျွန်ုပ်တို့မှာ အတူတကွ ရှင်သန်နိုင်ဖို့ ဘုံတူညီချက်တွေ အများကြီး ရှိနေပြီး မတူညီချက်တွေကိုလည်းညီအစ်ကို မောင်နှမ စိတ်ဓာတ်နဲ့ ကြိုဆို နိုင်ပါတယ်။

ဘာသာရေးမတူညီမှုလိုမျိုး သေးငယ်တဲ့ ကွဲပြားမှုကနေ ညီအစ်ကို မောင်နှမလို ကြီးမားတဲ့ ညီညွတ်မှုတွေကို မှေးမှိန် မသွားပါစေနဲ့။ သဟဇာတဖြစ်မှုကိုပဲ ကျွန်ုပ်တို့ရွေးချယ်ကြပါစို့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ်တို့ဟာညီအစ်ကို မောင်နှမတွေ မဟုတ်ရင် ပျောက်ပျက် ကုန်မှာဖြစ်တယ်။

ဘာသာရေးကြောင့်ခွဲခြားဆက်ဆံပြီး ညှဥ်းဆဲမှုခံစားနေရသူတွေ သူတို့အသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမစိတ်ဓာတ်နဲ့ လူ့ဂုဏ်သိက္ခာ အခွင့်အရေးကို ရရှိနိုင်ကြဖို့ ဆုတောင်းပေး ကြပါစို့။

✍️ထန်းဟာ, SJ

#rvamyanmar #rvapastoralcare #PopeFrancis #rvamyanmarpopefrancismonthlyintentions

Add new comment

1 + 19 =