ဆေးကြောခြင်းနှင့်ခရစွမားအားပေးခြင်းစက္ကရာမင်းတူကိုခံယူထားသူများသည်ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကဲ့သို့ခရစွတူးကိုသက်သေခံရမည်

ဆေးကြောခြင်းနှင့်ခရစွမားအားပေးခြင်းစက္ကရာမင်းတူကိုခံယူထားသူများသည်ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကဲ့သို့ခရစွတူးကိုသက်သေခံရမည်

ဆေးကြောခြင်းနှင့်ခရစွမားအားပေးခြင်းစက္ကရာမင်းတူကိုခံယူထားသူများသည်ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကဲ့သို့ခရစွတူးကိုသက်သေခံရမည်
ကျွန်ုပ်တို့အားလုံးသည်ခရစွတူးကိုသက်သေခံရန်ဆင့်ခေါ်ခံထားရသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ကျေးဇူး တော်ဖြင့်ကျွန်ုပ်တို့အားလုံးသည်သက်သေခံသူများဖြစ်လာကြသည်။ ကျွန်ုပ်တို့၏အစွမ်းအစကြောင့်ဖြစ်လာသည်မဟုတ်ပေ။ ဤထောက်ရူချက်ကိုရဟန်းမင်းကြီးသည်ဝါတွင်းကာလဒုတိယပတ်တနဂ်နွေနေ့၊ အန်ဂျေလူးမေတ္တာမဆိုခင်မြွတ် ကြားခဲ့သည်။ ယခုတစ်ပတ်တနဂ်နွေနေ့သည်ယေဇူးသခင်သူ၏အနီးကပ် ဆုံးတပည့်တော်သုံးပါးဖြစ် သည့်ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်၍မြင့်မားသောတောင်ပေါ်တွင်အဆင်းသဏ္ဍာန်ပြောင်းလဲခဲ့သည်။ မြင့်မားသော တောင်ပေါ်သို့တက်ကြွခြင်းသည်အရှေ့တိုင်းယဉ်ကျေးမူ၌ဘုရားနှင့်ပိုမိုနီးကပ်သွားသည့်သဏ္ဍာန်ကိုဆောင်သည်။ ထိုနေရာတွင်ယေဇူးသခင်ကသူ၏ဗီဇအမှန်ကိုပွင့်လင်းစွာမြင်တွေ့စေခဲ့သည်။ သူ၏အဖြစ်တော်၌ယေဇူးသခင်သည် ပြင်းထန်သောဒုက္ခလမ်းကိုလျှောက်လှမ်းရမည်ဖြစ်ပြီး၊ ထို့နောက်အသတ်ခံရမည်။ သုံးရက်မြောက်သောနေ့၌ပြန်လည် ထမြောက်မည်ဖြစ်သည်။ ဤဖြစ်ရပ်ဆန်းကိုမြင်တွေ့စေခြင်းဖြင့်တပည့်တော်ကြီးသုံးပါးကိုယေဇူးသခင်သည်ရာစုအဆက်ကကြိုတင်ဟောထားသောဘုရားသခင်စေလွှတ်မည့်ကယ်တင်ရှင်ဖြစ်သည်ကိုသံသယမရှိယုံကြည်စေခြင်းဖြစ်သည်။
တပည့်တော်ကြီးဆယ့်နှစ်ပါးအနက်သုံးပါးကိုသာရွေးထုတ်၍ခေါ်ရခြင်းမှာအဆင်းသဏ္ဍာန်ပြောင်းလဲခြင်းသည် လူ့စံပေတံဖြင့်ဖြစ်ပွားခြင်းမဟုတ်။ ပေတရုသည်ယေဇူးအဖမ်းခံရပြီးနောက်၊ သုံးကြိမ်ငြင်းပယ်လိမ့်မည်။ ထို့အတူယာ ကုပ်နှင့်ယောဟန်ညီအစ်ကိုတို့သည်လည်းယေဇူးသခင်အဖမ်းခံရမည်၊ ညှဉ်းပမ်းနှိပ်စက်ခြင်းခံရမည်၊ အသေသတ်ခြင်းခံ ရမည့်အကြောင်းပြောနေစဉ်၌သခင်၏အဖြစ်အတွက်စိတ်မကောင်းမဖြစ်ဘဲနေရာကောင်းရရန်ကြိတ်
ကြံနေခဲ့ကြသည်။ ထိုသို့သောနောက်ကြောင်းများကြောင့်ဤသူတို့သုံးဦးကိုမဖြစ်မနေရွေးခေါ်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသောဘုရားသခင်၏အလိုတော်၊ အမူတော်ကိုဆောင်ရွက်ရာတွင်မည်သည့်အကျိုးအမြတ်ကိုမျှမျှော်ကိုး၍မရသည်ကိုကောင်းစွာ သိစေလိုသည်။
ကျွန်ုပ်တို့အားလုံးလည်းထိုတရားထူးရရန်၄င်းတို့ကဲ့သို့အခေါ်ခံရသည်။ ကျွန်ုပ်တို့အခေါ်ခံရသော်လည်းမထိုက် တန်၊ အသင့်မရှိ၊ တရားမပြည့်ဟုခံစားရမည်ဖြစ်သော်လည်းငြင်းဆန်၍မရ။ ခရစွတူးကိုသက်သေခံရမည်သာ။ အဆင်းသဏ္ဍာန်ပြောင်းလဲသည်ကိုကျွန်ုပ်တို့မျက်စိဖြင့်တပ်အပ်မမြင်၊ မတွေ့ခဲ့ရသော်လည်းသက်သေခံရန်အသင့်ရှိနေရမည် ဖြစ်သည်။ နေ့စဉ်ဖြတ်သန်းရှင်သန်နေစဉ်တွင်အခက်အခဲ၊ စိန်ခေါ်မူများစွာကြုံကြိုက်ရသော်လည်းခံယူခဲ့သောဆေး ကြောခြင်းနှင့်ခရစွမားအားပေးခြင်းစကရာမင်းတူများကကျွန်ုပ်တို့အားသက်သေခံရန်အင်အားများပေးလျှက်ရှိသည်။ သက်သေခံခြင်းသည်ကျွန်ုပ်တို့တတ်၍၊ စွမ်း၍မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏ကျေးဇူးတော်သက်သက်ဖြစ် သည်။ အမိမယ်တော်သည်ကျွန်ုပ်တို့အားသင့်တော်သည့်ဝါတွင်းကာလတစ်ချိန်ချိန်၌သန့်ရှင်းသော၏ဝိညာဉ်တော်ဘုရား၏စေ့ဆော်မူကိုနှိမ့်ချစွာခံယူ၍အကျင့်ပြောင်းလဲလာစေရန်ထပ်ဆင့်ဆုတောင်းပေးရန်တောင်းခံကြပါစို့ဟုတိုက်တွန်း၍ထောက်ရူချက်ကိုနိဂုံးချုပ်ခဲ့သည်။

ဘာသာပြန်
ဖာသာရ်ကလဲမင့်အားသယ်

Photo credit: ANSA

http://bit.ly/3cJI3QJ

Add new comment

4 + 3 =