ဆေးကြောခြင်းခံသောနေ့ကို သတိရပါ

ဆေးကြောခြင်းခံသောနေ့ကို သတိရပါ
ဇန်နဝါရီ ၁၃၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြလူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း မတိုင်မီ မိမိ ဆေးကြေားခြင်းခံခဲ့သော​ ​နေ့ရက်ကိုသတိရကြဖို့နှင့် သခင်ခရစ်တော် ဂျောဒန်မြစ်အတွင်း ခံယူခဲ့သော ဆေးကြေားခြင်းအကြောင်းကို ထောက်ရှု​ဝေမျှခဲ့ပါသည်။

ဘုရားဇာတိ လူ့ဇာတိ

သခင်ခရစ်တော်ရဲ့ဆေးကြောခြင်း​ခံခြင်းဟာ ဘုရားဇာတိ လူ့ဇာတိ အဖြစ်တော်နှစ်ခု၌ ဝင်စားခြင်းကိုပြသခဲ့တယ်။ ဂျော်ဒန်မြစ်မှာ သံယောဟန်ဗတ္တိဇံ လက်မှ ဆေးကြေားခြင်းခံခဲ့ခြင်းသည် အပြစ်မှလွဲ၍ လူတွေနှင့်အပြည့်အဝ အတူတူရှိခြင်း ကို ဖော်ပြခြင်းဖြစ်ပြီး ဆေးကြေားခြင်းခံယူပြီးပြီးခြင်း ချိုးငှက်သဏ္ဍန်နှင့် သန့်ရှင်းသောဝိညာဉ်​တော်​ သခင်ခရစ်တော်အပေါ် ဆင်းသက်လာခြင်း၊ ကောင်းကင်မှ အဖခမည်းတော်အသံပြု ပြောကြားခြင်း ဖြစ်စဉ်ဟာ ပုဂ္ဂိုလ်​သုံးပါးတစ်ဆူဘုရားတွင် သခင်ခရစ်တော် ပါဝင်ကြောင်း ဘုရားအဖြစ်တော်ကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်တယ်။ သခင်ခရစ်တော်လူတွေ အလိုချင် ဆုံး အ​တောင်းဆုံးအခြေအနေတစ်ခုကို ဖော်ပြလိုက်ခြင်းဖြစ်တယ် လူသားအဖြစ်ဘုရားသခင်နှင့်အပြည့်အဝ ပေါင်းစပ်နိုင်ခြင်း နက်နဲရာအချက်ကို ဖော်ပြပေးတာဖြစ်တယ်။

ဆေးကြေားခြင်းခံပြီးတဲ့အချိန်မှာ သူရဲ့ဟောကြားခြင်းစီမံကိန်းကို စတင်ခဲ့တယ်၊ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို လူတွေအား ဖော်ပြပေးတယ်၊ ဒီအချက်ဟာ ခရစ်ယာန်အသက်တာအတွက်အရေးကြီးသော အချက်ဖြစ်တယ်၊ မိမိကိုယ်၌က ဘုရားနှင့်ပေါင်းစပ်ပြီး၊ ဘုရားရဲ့သနားကြင်နာခြင်း၊ ဘုရားရဲ့ကျေးဇူးတော်ပြည့်ဝသွားဘုရားဟာ သူရရှိတဲ့ကျေးဇူးတော် ကို တခြားသူတွေလည်း ခံစားရရှိအောင်းဝေမျှပေးခြင်းဟာ သာသနာပြုလုပ်ငန်းဖြစ်တယ်။

သခင်ခရစ်တော်ရဲ့ ဆေးကြောခြင်းခံသောပွဲ​နေ့ဟာ ကျွနု်​ပ်တို့အယောက်တိုင်းစီကို မိမိတို့ဆေးကြောခြင်းခံစဉ်က ရရှိခဲ့သော ကျေးဇူးတော်တွေကို ပြန်လည်အောက်မေ့သတိရပြီး အသက်ရှင်လိုက်နာနေထိုင်ကြဖို့သတိပေးနေခြင်းဖြစ်တယ်။

 

ကျနု်​ပ်တို့၏ ကြိုးစားအားထုတ်မူ​ကြောင့်မဟုတ် သခင်ခရစ်တော်​၏​ပေးဆပ်ခြင်းဘုရားသခင်နှင့်ပေါင်းစပ်၍ ဘုရားသနားကြင်နာခြင်းကို ဝေမျှပေးပြီး ကျွနုပ်တို့အချင်းချင်းလည်း သနားကြင်နာမူကို အယောက်တိုင်းဆီထံသို့ဝေမျှနိုင်ကြပါစေ။

 

https://www.vaticannews.va/en/pope/news/2019-01/pope-francis-angelus-rem...

#pope, #angelus, #baptismofthelord, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 1 =