"ဆုတောင်းခြင်း၌ အခက်အခဲများကို ဖြတ်ကျော်ခြင်း"

"ဆုတောင်းခြင်း၌ အခက်အခဲများကို ဖြတ်ကျော်ခြင်း"

"ဆုတောင်းခြင်း၌ အခက်အခဲများကို ဖြတ်ကျော်ခြင်း"

အပတ်စဉ် လူထုနှင့်တွေ့ဆုံရာတွင် ဆုတောင်းနေစဉ် ကြုံတွေ့ရတတ်သည့် အခက်အခဲများကို ဖြတ်ကျော်နိုင်ရန်အတွက် မဆုတ်မနစ် ဇွဲ့လုံလရှိဖို့ လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မိန့်ကြားခဲ့သည်။ 

ဗုဒ္ဓဟူးနေ့ လူထုပရိတ်သတ်များနှင့် တွေ့ဆုံရာတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဆုတောင်းခြင်း၌ ကျွန်ုပ်တို့ကြုံတွေ့ရသော အခက်အခဲသုံးခုကိုဖော်ပြခဲ့သည်။ - အာရုံပျံ့လွင့်ခြင်း၊ ဝိညာဉ်ရေး၌ ခြောက်သွေ့နေသည်ဟု ခံစားရခြင်း နှင့်  ဆုတောင်းခြင်း၌ စိတ်မပါ၊ ငြီးငွေ့လာခြင်းဟူသော အခက်အခဲသုံးခုကို မိန်ကြားခဲ့သည်။  

 အာရုံပျံ့လွင့်ခြင်း (Distractions)

အာရုံပျံ့လွင့်ခြင်းသည်ဆုတောင်းခြင်း၌သာမကကျွန်ုပ်တို့လုပ်ဆောင်သမျှတွင်တွေ့ကြုံရသောအတွေ့အကြုံတစ်ခုဖြစ်သည်။ လူ့တို့၏ စိတ်သည် အတွေးတစ်ခုတည်းကို  ကြာမြင့်စွာအာရုံပြုရန် ခက်ခဲလှပေသည်။ ထိုသို့သောအရာများသည် နတ်ဆိုး၏ သွေးဆောင်မှုများဖြစ်၍ “ဤသွေးဆောင်မှုကို ကျွန်တော်တို့ လက်လျော့လိုက်မည်ဆိုပါက မည်သည့်အရာမှ ကောင်းကောင်းလုပ်ဆောင်နိုင်မည်မဟုတ်ပါ။

ပုပ်ရဟန်းမင်းကြီးကရှင်းပြထားသည်မှာ စိတ်အာရုံပျံ့လွင့်ခြင်းများသည် အပြစ်ဟုမထင်မှတ်ရသော်လည်း၊ သူတို့ကို ဆန့်ကျင်တိုက်ခိုက်ကြရပေမည်။ထိုသို့ပြုနိုင်ရန် ကျွန်ုပ်တို့သည် ဇွဲ့လုံလပါရမီကို လက်သင့်ခံကြရပေမည်။ ယေဇူးသခင်ကြွလာမည့် နေ့ရက်နှင့် အချိန်ကို ကျွန်ုပ်တို့မသိသောကြောင့် နိုးနိုးကြားကြား၊ သတိရှိလျက် ယခုလက်ရှိ  လုပ်ဆောင်ရမည့်တာဝန်များကို အာရုံပြုလျက် ကြိုးစား လုပ်ဆောင်သင့်သည်။

"ခံစားချက်မပါ ခြောက်သွေ့နေခြင်း"

ဆုတောင်းခြင်းသည် ကျွန်ုပ်တို့ကိုမည်သည့်ကောင်းကျိုးမှ မပေးဘူး။ ကျွန်ုပ်တို့ကို ပျော်ရွှင်မှုနှင့်စိတ်အားထက်သန်မှု မပေးဟုထင်ရခြင်းသည် ဆုတောင်းခြင်း၌ ခံစားချက်မပါခြင်းသို့မဟုတ် "ခြောက်သွေ့ခြင်း" ပင်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အတွင်းစိတ်ထဲမှ အမြဲတမ်း ပေါ်ပေါက်လာခြင်းမရှိသော စိတ်အာရုံပျံ့လွင့်ခြင်းနှင့် ခြားနားလှသည်။ 

တစ်ခါတစ်ရံဘုရားသခင်သည် ကျွန်ုပ်တို့ကို ဤ ၀ိညာဉ်ရေးခရီး ခြောက်သွေ့ခြင်းကိုတွေ့ကြုံခံစားခွင့်ပြုသည်။ ထိုကဲ့သို့သော အချိန်တွင် ကျွန်ုပ်တို့သည် ဘုရားရှင်ထံ၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အပ်နှံသင့်သည်။

တစ်ခါတစ်ရံ "Acedia" ဟုခေါ်သော စိတ်မပါခြင်းကို ပျင်းရိခြင်းသည် ဆုတောင်းခြင်းကို ဆန့်ကျင်သည့်အပြင် စစ်မှန်သောခရစ်ယာန်အသက်တာကို ပိုမို၍ ဆန့်ကျင်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိန့်ကြားခဲ့သည်။

ဘုရားစာသင်ကြားသည့်စာအုပ်မှ ရေးသားချက်ကို ကိုးကား၍ ၎င်းသည် ခြိုးခြံခြင်းကို လက်တွေ့ကျင့်ကြံရန်  လျော့ရဲမှုကြောင့် စိတ်မပါဖြစ်လာပြီး နိုးကြားမှုကို လျော့နည်းစေကာစိတ်အာရုံကို ဂရုမစိုက်နိုင်တော့ပေ။ ၎င်းသည်  သေစေနိုင်သော အပြစ်ကြီးခုနစ်ခုအနက် တစ်ခုဖြစ်သောကြောင့် စိတ်ဘဝင်ကြီးခြင်းမှ စတင်ကာ ဝိညာဉ်ကို သေခြင်းသို့ ပို့ဆောင်နိုင်သည်။”

"ဆုတောင်းခြင်း၌ ဇွဲလုံ့လရှိခြင်း"

ဤသို့ ဆုတောင်းခြင်း၌ “စိတ်အားထက်သန်မှုနှင့်စိတ်ဓာတ်ကျမှုတို့ကို တစ်ခုပြီးတစ်ခု ရင်ဆိုင်နေရချိန်တွင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် အရှင်သူမြတ်သည် ခရစ်ယာန်များအား ဆုတောင်းခြင်းကို ဆက်၍ လုပ်ဆောင်ကြရန် တောင်းဆိုခဲ့သည်။

ရဟန္တာအားလုံးတို့သည် ဤမှောင်မိုက်သော ဖြစ်စဉ်ကို ဖြတ်သန်းခဲ့ရပြီ၊ ဆုတောင်းခြင်းနှင့် သူတို့၏ ရုန်းကန်မှုများကိုကျွန်ုပ်တို့ကြားရသည့်အခါ စိတ်ထိခိုက်စရာမဖြစ်သင့်ပေ။

ထိုကဲ့သို့သောအချိန်တွင် ကျွန်ုပ်တို့သည် ဆုတောင်းခြင်း၌ တည်မြဲကြဖို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။ “ယုံကြည်သူများသည် မည်သည့်အခါမျှ ဆုတောင်းခြင်းကို မရပ်တန့်ခဲ့ကြပေ။" ဟူ၍ ထပ်လောင်း၍ မိန့်ကြားခဲ့သည်။

ယောဘကဲ့သို့ ဘုရားသခင်ထံ ကျွန်ုပ်တို့ ညည်းညူ၍ မကြေမနပ်ပြောစေကာမူ ညှိုးငယ်သည့် ကာလကုန်ဆုံးသွားသည့်အခါ ဘုရားသခင်သည် ကျွန်ုပ်တို့အား ယောဘကဲ့သို့ ဖြေကြားတော်မူမည်ကို ကျွန်ုပ်တို့သိကြ၏။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က “ ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြင်းထန်ဆုံးနှင့်အခါးသီးသော ထုတ်ဖော်၍ ပြောပြမှုများကို ဖခင်တစ်ဦး၏ မေတ္တာဖြင့်စုဆောင်း၍ ယုံကြည်ခြင်း၏ လုပ်ဆောင်ချက်အဖြစ်၊ ဆုတောင်းခြင်းတစ်မျိုးအဖြစ် သတ်မှတ်ပေးတော်မူပါမည်။" ဟုမိန့်ကြားကာ ဩဝါဓတရားတော်မြတ်ကို နိဂုံးချုပ်ခဲ့သည်။

ဘာသာပြန်-Sr.Lucy Ciang,SJA

Photo courtesy of : Politics Time/google images

https://bit.ly/3fx6umX

Add new comment

4 + 14 =