ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဘဝကို ဘုရားရှင်အား အပ်နှံလျှင် ကျွန်ုပ်တို့သည် မည်သည့်အခါမျှ တစ်ယောက်တည်းမဟုတ်ပေ။

ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဘဝကို ဘုရားရှင်အား အပ်နှံလျှင် ကျွန်ုပ်တို့သည် မည်သည့်အခါမျှ တစ်ယောက်တည်းမဟုတ်ပေ။

ပရိသတ်များအား အပတ်စဉ်တွေ့ဆုံရာ၌ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဒါဝိတ်မင်းကြီးသည် ဘုရား၏ လူမျိုးတော်ကို ကြည့်ရှုခဲ့စဉ်က သူ၏ နှလုံးသားကဗျာများဖြင့် မည်သို့ ဆုတောင်းခဲ့သည်ကို ထောက်ရှုခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အရှင်သူမြတ်သည် ဗုဒ္ဓဟူးနေ့တွင် ၄င်း၏ပရိသတ်များအားတွေ့ဆုံရာမှ ကျမ်းစာထဲတွင် ဖော်ပြထားသော ဒါဝိတ်မင်းကြီး၏ ပုံသဏ္ဍာန်ကို တရားတော်၌ ထည့်သွင်းမိန့်ဆိုခဲ့ပါသည်။ ဒါဝိတ်သည် ငယ်စဉ်ကပင် ဘုရား ရှင်၏ မျက်နှာသာပေးခြင်းကို ခံရသူဖြစ်ပြီး၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် ဘုရားရှင်၏ လူမျိုးတော်တို့တွင် အရေးကြီးသော ကဏ္ဍကို လုပ်ဆောင်သော ထူးခြားသည့် သာသနာလုပ်ငန်းအတွက် ရွေး ချယ်ခံရသူဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က " ယေဇူး၊ ဒါဝိဝိတ်၏သားတော် သည် ဘုရားရှင်၏နှလုံးသားထဲမှ ဘုရင်တစ်ပါးဖြစ်၏။ ကတိထားချက်များကို အဖဘုရားရှင်အား လုံးလုံးလျားလျား နာခံခြင်းမှ ပြီးပြည့်စုံစေသူဖြစ်သည်။

သိုးကျောင်းသားတစ်ယောက် ဒါဝိတ် ၏ ပုံပြင်သည် သူ၏ဖခင် သိုးများကို ထိန်းကျောင်းခဲ့သည့် ဗက်သလေဟင်မှ စတင်ခဲ့သည်။ လယ်ကွင်းပြင်၌ အလုပ်လုပ်ပြီး၊ သူ့အား လေထုနှင့် ရင်းနှီးသူ၊ သဘာဝ၏ အသံနှင့် နေ၏ အလင်းရောင်နှင့် ရင်းနှီးသူဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ဆက်လက် မိန့် မြွက်ထားသည်မှာ- ဒါဝိတ်သည် ပထမတွင် သိုး ကျောင်းသားတစ်ယောက်ဖြစ် သည်။ သူ၏သိုးများကို အန္တရာယ်မှကာကွယ်ပေးရုံမက အစာအဟာရများကို ကျွေးမွေးသည်။ သခင်ခရစ်တော်ကိုယ်တိုင် မိမိကိုယ်ကိုယ် "ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။" ဟု မိန့်ဆိုခဲ့သည်။ သခင်ခရစ်တော်သည် သူ၏သိုးစုများအတွက်အသက်ကိုပေးခဲ့သူ၊ သိုးစုများအားတစ်ဦးချင်း လမ်းညွန်ပေးသူဖြစ်သည်။

ဒါဝိတ်သည် သူ၏ဘဝနောက်ပိုင်းများတွင် လူတစ်ဦး၏မိန်းမကို သိမ်းပိုက်ဖို့ ထိုသူအား သတ်ဖြတ်ခဲ့သည်။ ပရောဖက်နာမန်မှ သူ ၏ အပြစ်ကို ထောက်ပြသောအခါ မိမိအပြစ်ကို ချက်ချင်းပင် သိရှိနား လည်ခဲ့သည်။ သူသည် မိုက်မဲသော သိုးထိန်းဖြစ်ကြောင်း ချက်ချင်းဒါဝိတ်နားလည်ခဲ့သည်။ သူသည် နှိမ့် ချသော သိုးထိန်းမဟုတ်တော့‌ပါ။ သို့သော် သူသည်သူတစ်ပါးပိုင်သည့် ပစ္စည်းကို ကျူးကျော်၍ သိမ်းပိုက်သောသူ၊ အာဏာ ကိုရူးသွပ်သူဖြစ်ခဲ့သည်။

ကဗျာဆရာတစ်ယောက်၏ နှလုံး သားနှင့် ကျွန်ုပ်တို့၏ သတင်းကို နားထောင်နှလုံးသွင်းကြပါ။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် သည် ဒါဝိတ်၏ "ကဗျာဆရာတစ်ဦး၏ နှလုံးသား" ကို ဆက်လက်၍ ထောက်ရှုခဲ့သည် သူ၏နှလုံးသားကိုနှစ်သိမ့်ပေးနိုင်သည့်အရာ တစ်ခုသာကျန်ခဲ့သည်။ ထိုအရာမှာ သူ၏စောင်းဖြစ်သည်။ သူ့အပြစ်အတွက်နောင်တစွဲနေစဉ်ကာလတစ်လျှောက်လုံး သူသည် စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုခဲ့သည်။ ဒါဝိတ်သည် အောက်တန်းကျသောသူ မဟုတ်ပါ။ သူ၏ဝမ်းနည်းမှုကို ဖော်ကျူးသည်ဖြစ်စေ၊ နောင်တ ရကြောင်းကို ဖော်ကျူးသည်ဖြစ်စေ၊ ပျော်ရွှင်မှုကို ‌ဖော်ကျူးသည်ဖြစ်စေ ထာဝရဘုရားထံသို့ သီချင်းများဖြင့် ဖော်ကျူးလျက်ရှိသည်။ သူ၏မျက်စိ‌ရှေ့၌ဖြစ်ပျက်နေသော ကမ္ဘာကြီးသည် ငြိမ်သက်နေသော မြင်ကွင်းမဟုတ်ခဲ့ပါ။ လောကအရာများသည် ပြိုကွဲလျက်ရှိနေ သည်ကို သိမြင်ရသဖြင့် သူသည်ပိုမို၍ ကြီးမားသော အံ့ဩဘွယ်ရာကို တွေ့ရှိခဲ့သည်။

လူ့ဘဝ၏ နက်နဲ့သည့်အရာကို ဆင်ခြင်သုံးသပ်ခြင်း

ဆုတောင်းခြင်းသည် "လူ့ဘဝသည် အံ့ဩစရာ များအားဖြင့် ကျွန်ုပ်တို့ကို ယူဆောင်လာသည်မဟုတ်။ သို့သော် ကဗျာ၊ ဂီတ၊ ကျေးဇူတင်ခြင်း၊ ချီးမွမ်းခြင်း၊ ငိုကြွေး‌ခြင်းများကို လှုံ့ဆော်ပေးသော နက်နဲဖွယ်ရာများကို အံ့ဩစရာ ဖြစ်စေသောအရာဖြစ်သည်။

ကျမ်းစာသဘောအရ ဒါဝိတ်မင်း ကြီးသည် ဆာလံသီချင်းကိုဖွဲ့ဆိုသော ကျော်ကြားသည့် အနု ပညာရှင်ဖြစ်သည်။ ဒါဝိတ်မင်းကြီးသည် သိုးထိန်းကောင်းတစ်ဦးဖြစ်ရန် မှန်းထားခဲ့သည်။ သူသည် သန့်ရှင်းမြင့်မြတ်သူနှင့် အပြစ်ရှိသူ၊ ညှဉ်းပန်းနှိပ်စက်ခံရသူနှင့် နှိပ်စက်ခြင်းကို ခံရသူ။ သားကောင်နှင့် သားကောင်ကိုပစ်သတ်သူဖြစ်သည်။ သူကဲ့သို့၊ ကျွန်ုပ်တို့ဘဝဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ကျွန်ုပ်တို့အား အလားတူ အလင်းကို ပြသပေးသည်။ ဘဝပြဇာတ်၏ မတည်မြဲမှုများ‌ကြောင့် လူတို့သည် မကြာခဏအပြစ်ထဲကျရောက်ရသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် မက်စီကို၌ ငလျှင်ဒဏ်ကြောင့်ဒုက္ခရောက်နေသူများအတွက် ဆုတောင်း‌ပေးခဲ့သည်။ အရာအားလုံးကို ဘုရားရှင်၏လက်တော်၌ အပ်နှံလျက် ‌ဒါဝိတ်မင်းကြီးကဲ့သို့ ကျွန်ုပ်တို့ဘဝတစ် လျှောက်တွင်ပါလာသော‌ ဆုတောင်းမေတ္တာ‌ ဟူသော ရွှေကြိုးရှိကြောင်း မြွက် ကြားခဲ့ပါသည်။

ဒါဝိတ်မင်းကြီးသည် ကျွန်ုပ်တို့အား အရာရာကို ဘုရားရှင်နှင့် အပြန် အလှန်စကားပြောခြင်း၌ ပါဝင်ထည့် သွင်းဖို့ သင်ကြားပေးသည်။ "အပြစ်"ရှိသကဲ့သို့ ဝမ်းမြောက်ခြင်းရှိ‌စေသည်။ ချစ်ခြင်းမေတ္တာသာမက ဒုက္ခဆင်းရဲခြင်းလည်းရှိ၍ ခင်မင်မှုရှိသကဲ့သို့ရောဂါဝေဒနာများလည်း ပါဝင်သည်။ အရာအားလုံးသည် ကျွန်ုပ်တို့အား အစဉ်တစိုက်နား‌ထောင်ပေးသော "ကိုယ်တော်" ထံသို့ပြောသော စကားလုံးဖြစ်နိုင်သည်။

နိဂုံးချုပ်

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် သူ၏ဩဝါဒ နိဂုံးချုပ်အနေဖြင့် ဟောကြားရာတွင် "ဒါဝိတ်သည်၊ အထီးကျန်ဆန်ခြင်းကို နားလည်ခဲ့သည်။ သို့သော် တကယ့်အဖြစ်အပျက်၌ သူသည် မည်သည့်အခါမျှ တစ်ယောက်တည်းမဖြစ်ခဲ့ပါ။ ဤသို့သောအရာသည် မိတို့ဘဝ၌ဆုတောင်းရန်အချိန်ပေးတတ်သော သူတို့၌ ဖြစ်တတ်သော အရာဖြစ်သည်။ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အား မြင့်မြတ်သောသူများဖြစ်သေသည်။ ဆုတောင်းခြင်းသည် ထောင်သောင်းများစွာသော ဒုက္ခများကြားထဲမှ လူတိုင်းအား၊ ကျွန်ုပ်တို့ဘဝ၏ စစ်မှန်သော ဖော်မွန်၊ဘုရားရှင်နှင့် ရင်းနှီးမှုကို ခိုင်မြဲစေသည်။ " ဟု မြွက်ကြား၍ အဆုံးသတ်ခဲ့လေသည်။

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်၊ SJA

 

https://bit.ly/2Z9NYZw

Add new comment

8 + 5 =