ဆုတောင်းခြင်းသည် အသင်းတော်ကြီး​၏ သာသနာပြု လုပ်ငန်းကို ကူညီလျက်ရှိသည်

ဆုတောင်းခြင်းသည် အသင်းတော်ကြီး​၏ သာသနာပြု လုပ်ငန်းကို ကူညီလျက်ရှိသည်

ရဟန်းမင်းကြီးက ရှင်းပြသည်မှာ " ဝတ်ပြုဆုတောင်းခြင်းသည် ကျွန်ုပ်တို့ကို ပြောင်းလဲပေး
နိုင်ပြီး ခရစ်တော်​၏ဘဝအခြေအနေသို့ ပို့ဆောင်ပေးသည်။ ဆက်လက်ပြီး ရဟန္တာ Pius V ​၏ ဆုတောင်းခြင်းကို မြှင့်တင်ရန် အားစိုက်ထုတ်ခဲ့မှု ၊ အထူးသဖြင့် စိတ်ပုတီးစိတ်ခြင်း နှင့် တမန်တော်ကြီးများ​၏ ယုံကြည်ခြင်း အချုပ် မေတ္တာသည် အသင်းတော်​၏ခရီးစဉ်အပေါ်ပုံရိပ်ကို ကျွန်ုပ်တို့အား မည်ကဲ့သို့ ပြန်လည်ပေးအပ်ကြောင်း အလေးထားပြောကြားခဲ့ပြီး ထိုမေတ္တာထဲတွင် သာသနာပြုခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ​၏ အခြေခံအချက်များကို စုစည်းထားကြောင်း တွေ့ရှိရ၍ ခွန်အားနှင့်ပြည့်ဝသည့် အသင်းတော်ပင်ဖြစ်ကြောင်း ၊ ကျွန်ုပ်တို့အနေနှင့် ရှေးဦးခရစ်ယာန်များသည် တမန်တော်ကြီးများ​၏ သင်ကြားချက်များကို မည်ကဲ့သို့ထိန်းသိမ်းခဲ့ကြောင်း မိသဟာရဖွဲ့ခြင်းနှင့် ပေါင်မုန့်ကိုမည်ကဲ့သို့ ဖဲ့၍ ဆုတောင်းခဲ့ပုံများကို လေ့လာဖတ်ကြားနိုင်ကြောင်း ပြောကြားခဲ့သည်။

ဆရာတော်ကြီးများ ၊ရဟန်းတော်များ နှင့် သာသနာအတွင်းမှ လူဝတ်ကြောင်ယုံကြည်သူများအားလုံးတို့သည်လည်း ညီရင်အကိုကဲ့သို့သော ဆက်ဆံရေးများကြီးထွားလာစေရန် အသင်းတော်ကြီး​၏ (Synodal) ခရီးစဉ် အတိုင်းရှင်သန်ခြင်းသည် အရာရာတိုင်း၌ အောင်မြင်ရန် ဘုရားရှင်​၏ ကောင်းချီးမင်္ဂလာကို ယူဆောင်ပေးပါကြောင်း Alessandria သာသနာမှာ ဘာသာဝင်ယုံကြည်သူများအား ပါပါးက ပြောကြားခဲ့သည်။

ဆေးကြောခြင်းမင်္ဂလာ နှင့် ခရစ္စမားအားပေးခြင်း စက္ကရင်မင်တူး

Spoleto-Norcia မှ လူငယ်ဘုရားဖူးလေးများကို မိန့်ခွန်းပြောကြားရာတွင်မူ " ခရစ္စမားအားပေးခြင်းစက္ကရင်မင်တူး မင်္ဂလာဆိုသည်မှာ ခရီး လမ်းစဉ် တခုပင်ဖြစ်ကြောင်း၊ အကြောင်းမှာ ဤစက္ကရင်မင်တူးသည် ခရစ်တော်​၏ ပထမဦးဆုံးသော တပည့်တော်ကြီးများ​၏ အတွေ့အကြုံများကို ပြန်လည်ရှင်သန်နေထိုင်ခြင်းပင် ဖြစ်သောကြောင့်တည်း။ ခရစ္စမားအားပေးခြင်းမှ ရရှိလာသောအမည်ကို မိမိ​၏ ဆေးကြောခြင်းအမည်ရှေ့တွင် ပေါင်းထည့်ခေါ်ဆိုနိုင်ကြောင်း" ရှင်းပြခဲ့ပြီး မိမိတို့​၏ ဆေးကြောခြင်းမင်္ဂလာခံယူ ခဲ့ကြရသည့်နေကို မှတ်မိပါသေးသလားဟု လည်း
မေးခွန်းထုတ်ခဲ့သည်။

သက်ရှိ ကျောက်တုံးများ

"သင်တို့ လူငယ်လေးများသည် ငလျင်ဒါဏ် ကြောင့် ဖျက်ဆီးခြင်းခံရသည့် အရပ်ဒေသမှ လာရောက်ကြသူများဖြစ်သည့်အားလျော်စွာ ခိုင်မာသော မြေကြီးပေါ်တွင်တည်ဆောက်ထားသည့် မပြိုလဲနိုင်သည့် အိမ်တခုရှိရင် အရေးကြီးကြောင်းကို ကောင်းစွာနားလည်နိုင်ကြောင်း " ပါပါးက အောက်မေ့သတိရပြောကြားပြီး ၊ရှေးဟောင်းဘုန်းတော်ကြီးကျောင်း St.Eutizio မှ ယူဆောင်လာကြသည့် ကျောက်တုံးကို ကောင်း ချီးပေးရန် တောင်းဆိုရာတွင် ဤကျောက်တုံးသည် ပြန်လည်တည်ဆောက်ခြင်း သင်္ကေတ တခု ဖြစ်လာပါမည့်အကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

အဆုံးသတ်အနေနှင့် " သင်တို့သည်လည်း ခရစ်ယာန်အသိုင်းအဝိုင်းကို တည်ဆောက်ရာတွင် သက်ရှိကျောက်တုံးများ ဖြစ်လာစေရန် သင်တို့တဦးတယောက်တိုင်းကို ကျွန်ုပ်ကောင်းချီးပေးပါ​၏ ၊ မိသားစုအခုတွင်းမှ သက်ရှိကျောက်တုံးများ၊ သာသနာအုပ်စုတခုအတွင်းရှိသက်ရှိကျောက်တုံးများ၊ သူငယ်ချင်းမိတ်ဆွေအသိုင်းဝိုင်း တခုအတွင်းမှ သက်ရှိကျောက်တုံးများ၊ အားကစားဆိုင်ရာ သက်ရှိကျောက်တုံးများ အစရှိသဖြင့် ဖြစ်လာကြနိုင်စေရန် ကောင်းချီးပေးပါသည်" ဟု ပါပါးက အဆုံးသတ် ပြောကြားခဲ့သည်။ သက်ရှိကျောက်တုံးများဖြစ်လာ ရန်အတွက်မူ သန့်ရှင်းသောဝိညာဉ္တော် ​၏ခွန်အားတန်ခိုးတော်အားဖြင်သာလျှင် ဖြစ်နိုင်မည် ဖြစ်ပြီး ထိုဝိဉာဏ်တော်​၏ ကျေးဇူးတော်ကြောင့် ဆေးကြောခြင်းအားဖြင့် ဘုရားရှင်​၏ သားသမီးဖြစ်ခွင့်နှင့် ခရစ္စမားအားပေးခြင်း မင်္ဂလာ အားဖြင့် အသင်းတော်​၏ အသင်းသားဖြစ်ခွင့်ကို အသေချာ ခိုင်မာစေတော်မူသည်ဟုဆိုသည်။

 

 

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

Photo courtesy of Catholic Telegraph

https://bit.ly/3qQKdGO

Add new comment

1 + 12 =