ဆုတောင်းခြင်းသည် အခြားသူများကိုကူညီရန် ဝိညာဉ်ရေးဆိုင်ရာ ပျင်းရိခြင်းမှကျွန်ုပ်တို့ကို ကယ်မပေးသည်။

ဆုတောင်းခြင်းသည် အခြားသူများကိုကူညီရန် ဝိညာဉ်ရေးဆိုင်ရာ ပျင်းရိခြင်းမှကျွန်ုပ်တို့ကို ကယ်မပေးသည်။

ဆုတောင်းခြင်းသည် အခြားသူများကိုကူညီရန် ဝိညာဉ်ရေးဆိုင်ရာ ပျင်းရိခြင်းမှကျွန်ုပ်တို့ကို ကယ်မပေးသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သည် အစဉ်အလာ အတိုင်း တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာ ဆိုသည့် နေရာမှ မိန့်ခွန်းပြောကြားရာတွင် သခင်ယေဇူး၏ အဆင်းသဏ္ဍာန်ပြောင်းလဲခြင်းကို ပြန်လည်သုံးသပ်ခဲ့ပြီး ကျွန်ုပ်တို့၏ ဆုတောင်းခြင်းအတွေ့အကြုံကို ကမ္ဘာကြီးအား မျှော်လင့်ချက် သယ်ဆောင်သော ဆန္ဒတစ်ခုအဖြစ် ပြောင်းလဲရန် ခရစ်ယာန်များအား တိုက်တွန်းခဲ့သည်။

အန်ဂျေလူးစ်မေတ္တာမဆိုမီ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် တနင်္ဂနွေနေ့ ဧဝံဂေလိကျမ်းစာတွင်ဖော်ပြထားသည့် သခင်ယေဇူး၏ အဆင်းသဏ္ဍာန်ပြောင်းလဲခြင်းအကြောင်းကို အသေးစိတ် ပြန်လည်မိန့်ကြားလျက် တာဘောတောင်ပေါ်သို့ တပည့်တော်ကြီးတို့အား ခေါ်ဆောင်တော်မမူမီ သခင်ခရစ်တော် မြွက်ကြားခဲ့သည့် အရာများကို ဆင်ခြင်သုံးသပ်ခဲ့သည်။

သခင်ခရစ်တော်က မိမိသည် သေဒဏ်ချမှတ်ခြင်းခံရသော်လည်း နောက်တဖန်ပြန်ရှင် ထမြောက်မည့်အကြောင်း မိန့်ကြားခဲ့သည်။ “ သန်မာ၍ အောင်မြင်သော မက်ဆီယား၏ ပုံသဏ္ဍာန်သည် ပြဿနာတစ်ခုအဖြစ်ရှိနေခဲ့ပြီး တပည့်တော်ကြီးများ၏ စိတ်ကူးအိမ်မက်သည်လည်း တစ်စစီ ကျိုးပဲ့ကာ သူတို့ထင်မြင်ယုံကြည်ခဲ့သော သခင်သည် အဆိုးဆုံးသော အပြစ်သားကဲ့သို့ အသတ်ခံရသည်ဟူသောအတွေး၏ ဝမ်းနည်းပူဆွေးခြင်းကြောင့် စိတ်သောကရောက်နေကြသည်။" ဟုပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

စိတ်နှလုံးကြေကွဲခြင်း

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ဆက်လက်၍ မြွက်ကြားထားသည်မှာ-"တပည့်တော်ကြီးများသည် ယေဇူးသခင် အဆင်းသဏ္ဍာန်ပြောင်းလဲသည့် တာဘောတောင်ပေါ်သို့ သွားရန် ယေဇူး၏ နောက်တော်သို့ လိုက်ခဲ့ကြသည်။ ယေဇူးသည် မိမိတပည့်တော်တို့အား သူသည် သေခြင်းကို အောင်နိုင်မည့်အကြောင်း သတိပေးခဲ့သည်။ “ သူ၏မျက်နှာသည်တောက်ပလျက် သူ၏ ဝတ်ရုံတော်သည်လည်း ရွှန်းလဲ့တောက်ပနေသည်။ သေခြင်းမှ ပြန်ရှင်ထမြောက်လာသည့် တောက်ပသော ပုံရိပ်ကို ကြိုတင်မြင်ဘိသကဲ့သို့ ကြောက်လန့်နေသူတို့အား အမှောင်ရိပ်ကို ကျော်ဖြတ်နိုင်ရန် အလင်းပေးသည်။ " ဟူ၍ မိန့်ကြားခဲ့သည်။

အမြင်သစ်

ပုပ်ရဟန်းမင်းကြီးက ပေတရု၏စကားများကိုပြန်လည်သုံးသပ်ရာ၌ "ဆရာသခင်၊ ဤအရပ် သည် အကျွန်ုပ် တို့အဖို့အလွန်နေစရာကောင်းပါ ၏။ တမန်တော်ကြီး ပေတရု၏ ‌ချီးမွှမ်းခြင်းသည် "ဘုရားသခင်သည် မှောင်မိုက်ကို မှောင်မိုက်နောက်ဆုံးစကားလုံးအဖြစ် မည်သည့်အခါမျှ ခွင့်မပြုသော ဘုရားရှင်၏ သတိပေးခြင်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် မပြီးဆုံးနိုင်သော ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ" နက်နဲသော ဘဝ၏ နက်ရှိုင်းမှုကို အလင်းထွန်းပေးနိုင်သည့် အလင်းနှင့် ကျွန်ုပ်တို့၏ ဘောင်ခတ်ထားသော စိတ်ဓာတ်နှင့် ကမ္ဘာကြီး၏ စံ၊ကန့်သတ်ချက်များထက် ကျော်လွန်၍ ကျော်လွှားနိုင်ရန် ကူညီပေးမည့်အလင်း" ဟူသော နောက်ထပ် ရှုထောင့်အမြင်တစ်ခုလိုအပ်သည်။ ကျွန်ုပ်တို့၏ ဘဝအစတ်အပိုင်းများသည် အီစတာပွဲတော်နေ့မြတ်၌ သခင်ခရစ်တော်၏ အောင်ပွဲခံခြင်းအားဖြင့် အလင်းရောင်ရရှိရန် သခင်ယေဇူးနှင့်အတူ တောင်ပေါ်သို့တက်ရန်ကျွန်ုပ်တို့ကိုသည်လည်း ဖိတ်ခေါ်ခြင်းခံရကြောင်းကိုလည်း ရဟန်းမင်းကြီးအရှင်သူမြတ်က အလေးအနက်မိန့်ကြားခဲ့သည်။

ဝိညာဉ်ရေးရာပျင်းရိခြင်း

သို့သော် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က သတိပေးခဲ့သည်မှာ ကျွန်ုပ်တို့သည် ပြောင်းလဲခြင်း၌ ပျော်မွေ့နေပြီး ကျွန်ုပ်တို့၏ ဝိညာဉ်ရေး ပျင်းရိခြင်း”ဟူသော ပြောင်းလဲခြင်းမျိုး အဖြစ်မခံသင့်ပေ။ ကျွန်ုပ်တို့သည် တောင်ပေါ်မှာနေလျက် ဤပြောင်းလဲခြင်း၏ လှပသော အတွေ့အကြုံကို သာယာကြည်နူးလျက် မနေသင့်ပါ။ သခင်ယေဇူးကိုယ်တော်တိုင် ကျွန်ုပ်တို့၏ညီအစ်ကို၊ မမောင်နှမများကြားနှင့် နေ့စဉ်ဘဝအသက်တာသို့ ကျွန်ုပ်တိုအား ပြန်လည် ခေါ်ဆောင် သည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က "ဝိညာဉ်ရေးရာ ပျင်းရိခြင်းသည် သူတစ်ပါး ရင်ဆိုင်ရသည့် အခက်အခဲများကို လျစ်လျူရှုနေစဉ် မိမိတစ်ဦးတစ်ယောက် ကောင်းကျိုး၌ ကျေနပ်လျက် နားဖို့ရန် တွန်းအားပေးသည်။" "တောင်ပေါ်ကိုတက်ခြင်းသည် ဘဝအဖြစ်မှန်ကိုမေ့ပစ်လိုက်ခြင်း မဟုတ်ပေ။ ဆုတောင်းခြင်းဆိုသည်မှာလည်း ဘဝရဲ့အခက်အခဲတွေကိုရှောင်ရှားခြင်းဟု မဆိုလိုနိုင်ပါ။" ဟူ၍ ဘဝအဖြစ်မှန်နှင့် ဝိညာဉ်ရေးအဖြစ်မှန်ကို ရှင်းလင်းစွာ မိန့်မှာကြားခဲ့သည်။

ခရစ်ယာန်တို့၏ မစ်ရှင်

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ခရစ်ယာန်များအားသခင်ယေဇူးနှင့် ဆုံတွေ့ခဲ့သည့် ကျွန်ုပ်တို့၏အတွေ့အကြုံကိုပြောင်းလဲ၍ သခင်ယေဇူး၏ အလင်းတော်ကို ကမ္ဘာအနှံ့သယ်ဆောင်ရန်တိုက်တွန်းခဲ့သည်။ ခရစ်ယာန်တိုင်း၏ မစ်ရှင်သည် "လူတို့၏ နှလုံးသား၌ အလင်းရောင်လေးများကို ထွန်းညှိပေးရန်ဖြစ်ပြီး ချစ်ခြင်းမေတ္တာနှင့်မျှော်လင့်ခြင်းကို သယ်ဆောင်ပေးသော ဧဝံဂေလိတရားတော်၏ မီးခွက်လေးများအဖြစ် တည်ရှိခြင်းဖြစ်သည်။ " ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က သန့်ရှင်းသော အပျိုစင်ကညာ မာရီယားသည် ခရစ်တော်၏အလင်းကို ကြိုဆိုရန်၊ စောင့်ရှောက်ရန်နှင့် သခင်ခရစ်တော် အကြောင်းကို ညီအစ်ကိုမောင်နှမများထံ ဝေငှရန်ကျွန်ုပ်တို့နှင့်အတူ လိုက်ပါပါမည့်အကြောင်း ဆုတောင်း၍ ဩဝါဒတရားတော်မြတ်ကို အဆုံးသတ်ခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

http://bit.ly/3v763GW

 

Add new comment

6 + 2 =