ဆုတောင်းခြင်းသည်ကျွန်ုပ်တို့ဘ၀၏တက်ဖြစ် သည်။

ဆုတောင်းခြင်းသည်ကျွန်ုပ်တို့ဘ၀၏တက်ဖြစ် သည်။

ဆုတောင်းခြင်းသည်ကျွန်ုပ်တို့ဘ၀၏တက်ဖြစ် သည်။

ရဟန်းမင်းကြီးသည် ပြီးခဲ့သောဗုဒ္ဓဟူးနေ့က ဘုရားဖူးများနှင့်ပတ်စဉ်တွေ့ဆုံဆု တောင်းနေကျအစီအစဉ်ကို ကျင်းပနေကျ စိန့်ပီတာရင်ပြင်ရင်ပြင်ရင်ပြင်၌ ဘုရားဖူးများနှင့်မဟုတ်။ ဥရောပ၌လည်းကိုဗစ် (၁၉) ဒုတိယကျော့ပြန် လည်ဦး မော့လာဟန်ရှိသော ကြောင့် မိမိတို့နိုင်ငံအားကြို တင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေးဖြင့်ကျင်းပသောအခမ်းအနား များကိုပြန်လည်တားမြစ်လုပ်ဆောင်လာနေကြသည်။ ထို့ကြောင့်ရဟန်း မင်း ကြီးလည်း ဘုရားဖူးများမပါဘဲ ရဟန်းမင်းကြီး ၏တမန်တော်ခမ်းမကြီး၌ကျင်းပခဲ့သည်။ ကျန်းမာရေး၀န်ကြီးဌာနနှင့်အာဏာပိုင်များ၏ ထုတ်ပြန်ချက်များကိုဂရုစိုက်လိုက် နာရန်လည်းတိုက်တွန်းထားသည်။

ကိုဗစ်ပိုးကူးစက်ခံစားနေရသူများနှင့်၄င်းတို့ကိုစောင့် ရှောက်ပေးနေကြသောကျန်း မာ ရေ၀န်ထမ်းများအတွက်ဆုတောင်းပေးရန်တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော်၄င်းတို့သည်မေတ္တာတ ရားအတွက်မိမိတို့၏ အ သက်ကိုပင်မငဲ့ဘဲတတ်ကျွမ်းသည့်ပညာဖြင့်အလုပ်အကျွေးပြု‌နေကြသည်။ ယခုကဲ့သို့အနေခြားနေရ ခြင်းသည်အားလုံး၏ ကောင်းကျိုးအတွက်ဖြစ်၍ ဘုရားသခင်ကိုပူဇော်ကြရန်မိန့်ကြားခဲ့သည်။

(အလွန်နက်ခဲသောအမှန်တရား)

ယခုတစ်ပတ်ဗုဒ္ဓဟူးနေ့၏ သွန်သင်ချက်၌ ယေဇူးသခင် ၏စံပြုထိုက်သောဆုတောင်းခြင်းအကြောင်းကိုထောက်ရူခဲ့ ပါသည်။ ယေဇူးသခင်၏ ဆု တောင်းခြင်းသည် အလွန်နက်နဲသောအမှန်တရားတစ်ခုဖြစ်သည်။ ထိုနက်နဲသောအမှန်တရား မှကျွန်ုပ်တို့သည်အနည်းငယ်မျှသာသိရှိနား လည်သည်။ သို့သော်သူ၏အမူတော်တစ်ခုလုံးကိုမှန်ကန်စွာရူမြင်နိုင်စေသည်။ ယေဇူးသခင်သည်လူသားတိုင်းဆာငတ်သောချစ်ခြင်း၌ ဘုရားသခင်နှင့်ထဲထဲ၀င်၀င်ပေါင်းစပ်လေ့ရှိသည်။

(ဆု‌တောင်းခြင်းသည်ယေဇူးသခင်၏ဘ၀ကိုထိန်းပေးသောတက်)

ရဟန်းမင်းကြီးသည် (သံမာကု ၁:၃၂, ၃၄-၃၈) လာကျမ်းချက်ကိုအခြေခံ၍ သူ၏ ထောက်ရူချက်ကိုဝေမျှခဲ့သည်။ ထိုကျမ်းချက်၌ယေဇူးသခင်သည် တစ်ခုသောညနေ ခင်း၌မကျန်းမမာသောသူများစွာကိုကုသပေးသည့်အ ကြောင်း နှင့်နှင့် နောက်နေ့စောစော လူသူကင်းဝေးသောအရပ်၌တစ်ပါးတည်းဆု တောင်းနေခဲ့သည့်အကြောင်းဖြစ်သည်။

တပည့်တော် ကြီးတို့သည်ယေဇူးသခင်ကိုတွေ့ကြသောအခါ ကာပေရနောင်တစ်မြို့လုံးသည်ကိုယ်တော့်ကိုရှာဖွေနေကြောင်းလျှောက် ထားသော အခါ သူသည်အခြားသောမြို့ရာများသို့လည်းသွား၍ ကြေ ငြာဟောပြောရဦးမည်ဟုမိန့်ကြားခဲ့သည်။ ဆုတောင်း ခြင်းသည်ယေဇူးသခင်အား မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သို့ပြုမူလုပ်‌ဆောင်ရမည်ကိုလမ်းညွန်ပေးသောတက်မ ဖြစ်သည်။ ဆိုလိုသည်မှာ ယေဇူးသခင်သည်သူ၏ဘ၀၌ ဘုရားသခင်၏ဦးဆောင်မူကိုခံယူသည်။ အခြားသူများ၏ ချီးမြှင့် မြောက်စားခြင်း၊ အ ခြားသူများ၏အလိုကိုလိုက်ခြင်းမဟုတ်ပေ။ ယေဇူးသခင် ၏ဆုတောင်းခြင်းအသက်တာမှရဟန်းမင်း ကြီးသည်သင် ခန်းစာ (၄) ရပ်ကိုလည်းထုတ် နုတ်သင်ကြားပြထားသည်။

(တစ်နေ့တာ၏အာရုံတက်ချိန်)

ကျွန်ုပ်တို့ဘ၀၌ ဆုတောင်းခြင်းသည်တစ်နေ့တာ၏ပထမဦးဆုံးသောဆန္ဒဖြစ်ရန်ယေဇူးသခင်သည်သင်ကြားပေး နေ သည်။ ဆုတောင်းခြင်းမရှိဘဲရှင်သန်ကုန်ဆုံးသောတစ်နေ့တာသည်ငြီးငွေ့ခြောက်ကပ်သောတစ်နေ့တာ၊ သို့မဟုတ်ပင် ပန်းနွမ်းနယ်မူများဖြင့်ပြည့်နေသောတစ်နေ့တာဖြစ်သွားစေသည်။ ကျွန်ုပ်တို့၌ ကြုံတွေ့ဖြစ်ပျက်သောခက်ခဲသည့်အခြေအ နေများသည် ကောင်းကြီးတော်မဲ့၍ သော် လည်းကောင်း၊ ကံတရားအပေါ်ပုံချလိုက်ကြသည်။ သို့ယေဇူးသခင်က ဆုတောင်း ခြင်းဖြင့်ဘုရားသခင်၏အသံတော်ကိုနားထောင်ရန်၊ အဘယ် ကြောင့်ဆိုသော်ဆု‌ တောင်းခြင်းသည် ဘုရား သခင်နှင့်ဆုံဆည်း ခြင်းဖြစ် သည်။ သည်ထိုသို့ပြုလျှင် နေ့စဉ်ကြုံတွေ့ရသောပြဿနာများသည်အဟန့်အတားမဖြစ်တော့ဘဲဘုရားသခင်အား အသနားတော်မြတ်ခံရရောက်ပြီး၊ ကျွန်ုပ်တို့၏တောင်းလျှောက်သံကိုနားထောင်ပေးရန်နှင့်ကျွန်ုပ်တို့၏ရှေ့၌ကာစီးနေသော သူများနှင့်အခြေ အနေများကိုရင်ဆိုင်ဖြေရှင်းပေးရန်တောင်းခံလိုက်ခြင်းဖြစ်သည်။

(ဇွဲကြီးခြင်း)

ရဟန်းမင်းကြီးထောက်ရူပြသောဒုတိယသင်ခန်းစာမှာ ယေဇူးသခင်သည်ကျွန်ုပ်တို့ကိုဇွဲအားကြီးရန်သင်ပြပါသည်။ လူတိုင်းသည်မကြာမကြာဆု‌တောင်းတတ်ကြသော် လည်း ဆုတောင်းခြင်းပြုရာ၌ စည်းစနစ်နှင့်ပြုတတ်ရန်၊‌ လေ့ကျင့်ရန် နှင့်မပြတ်မလတ်အားစိုက်လုပ်ဆောင်ရန်သင် ကြားပေးပါသည်။

ခရစ်ယာန်တို့၏ဆုတောင်းခြင်းအသက်တာသည် အစဉ် တိုးတက်ပြောင်းလဲခြင်းကိုသီးပွင့်စေသည်။ စုံစမ်းမူများနှင့်ကြုံတွေ့ရခချိန်များ၌ကျွန်ုပ်တို့ကိုခိုင်မာတည်ကြည်စေသည်။ ဘုရားသခင်၏ကောင်းကြီး တော်ဖြင့်ကြံ့ခိုင်သန်စွမ်းစေ သည်။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့ကိုချစ်သည်။ ကျွန်ုပ်တို့ကို အစဉ်ကာကွယ်စောင့်ရှောက်ပေးနေသည်။ 

(တစ်ကိုယ်တည်းရှိခြင်းနှင့်တိတ်ဆိတ်ခြင်း)

တတိယထောက်ရူချက်မှာ ယေဇူးသခင်ဆုတောင်းခြင်းပြုတိုင်း တစ်ပါးတည်းသီးသန့်ပြုလေ့ရှိသည့်အချက်ဖြစ် သည်။ ဆုတောင်းသောသူများသည်ကမ္ဘာကြီးနှင့်အဆက်မပြတ်အသွယ်မပြတ်လပ်ပါ။ သို့သော်သီးသန့်နေရာမျိုးကိုရွေး ချယ်လိုကြသည်။ တိတ်ဆိတ်စွာပြုသောဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏အတွင်းနှလုံးသားမှထွက်လာသည်။ အမှန်တ ရားသည်အလင်းတရားဆီသို့ထွက်ပေါ်လာခြင်းဖြစ်သည်။ အရေးအကြီးဆုံးကား တိတ်ဆိတ်သောအရပ်၌ဘုရားသခင်သည် ကျွန်ုပ်တို့အားစကားပြေလေ့ရှိသည်။

(ဆုတောင်းသည်လမ်းကြောင်းမှန်ကိုညွှန်ပြ)

ယေဇူးသခင်သင်ပြသောဆုတောင်းခြင်းမှာ ကျွန်ုပ်တို့ထံရောက်ရှိလာသောအရာရာသည် ဘုရားသခင်ထံမှဖြစ်ပြီး၊ ဘုရားသခင်ထံသို့ပြန်ဦးတည်ရမည်ဖြစ်သည်ဟုဖြစ်သည်။ ဆုတောင်းခြင်းသည် ခမည်းတော်ဘုရားနှင့်လည်းကောင်း၊ ဖန် ဆင်းခံများအားလုံးနှင့်လည်းကောင်းမှန်ကန်စွာဆက်ဆံပေါင်းစည်းမူရှိ‌အောင်လမ်းကြောင်းပေးသည်။ ယေဇူးသခင်၏ဆု တောင်းခြင်းနည်းနာအတိုင်းလိုက်နာလုပ်ဆောင်ပါက ‘ငြိမ်းချမ်းခြင်းနှင့်ပျော်ရွှင်ခြင်း’ ကိုတွေ့မည်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy Of: NPR

Add new comment

9 + 10 =