ဆုတောင်းခြင်းက အမြဲတမ်းပဲပြောင်းလဲ စေပါတယ်။

ဆုတောင်းခြင်းက အမြဲတမ်းပဲပြောင်းလဲ စေပါတယ်။

ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ဆုတောင်းသံကိုအမြဲတမ်းပဲ နားညောင်းတော်မူတယ် ဆိုတာကို သခင်ယေဇူးက ကျွန်ုပ်တို့ကို နားလည်စေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ခမည်းတော်ဘုရားက ဒုက္ခခံစားနေကြရတဲ့ သားသမီးတွေကို မမေ့တဲ့ဘုရားသခင် ဖြစ်နေလို့ပါပဲ။

ကျွန်ုပ်တို့ ဆုတောင်းသ လောက် ဘာမှမရလာတဲ့အခါ အဲဒီလို စကားတွေကို ကဲ့ရဲ့စရာဖြစ်လာစေပါတယ်။

ဆုတောင်းပြီးဘာအဖြေမှ မရခဲ့တဲ့အချိန်တွေ ဘယ်နှစ်ကြိမ်ကြုံဖူးပြီးပြီလဲ။

ကျွန်ုပ်တို့အားလုံး အဲဒီလိုမျိုးကြုံဖူးကြပါတယ်။ ဘယ်နှစ်ခါများ တံခါးခေါက်ပေမဲ့လည်း တံခါးပိတ်နေတာမျိုး ကြုံဖူးပါသလဲ။ အဲလိုမျိုးအချိန်တွေမှာ ဇွဲလုံ့လနဲ့ အရှုံးမပေးဘဲဆု တောင်းကြဖို့ ကျွန်ုပ်တို့ကို သခင်ယေဇူး အားပေးနေပါတယ်။ ဆုတောင်းခြင်းက လက်ရှိအခြေအနေကို အမြဲ တမ်းပဲ ပြောင်းလဲ ပေးပါတယ်။ ဆုတောင်းခြင်းက အမြဲတမ်းပဲပြောင်းလဲ စေပါတယ်။

ကျွန်ုပ်တို့ ပတ်ဝန်းကျင်က မပြောင်းလဲရင်တောင်မှ အနည်းဆုံးတော့ ကျွန်ုပ်တို့ရဲ့ နှလုံးသားကို ပြောင်းလဲစေပါတယ်။

ဆုတောင်းတဲ့ လူတိုင်းကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဆုကျေးဇူးတော်ပေးမယ်လို့ သခင်ယေဇူး ကတိပေးထားပါတယ်။ဘုရားသခင်က အဖြေပေးမယ်ဆိုတာကို ကျွန်ုပ်တို့ သေသေချာချာ သိနိုင်ပါတယ်။ ဘုရားသခင်ဖြေမယ့် အချိန်ကို အတိအကျ မသိနိုင်ပေမယ့်သေချာပေါက် အဖြေရမယ်ဆိုတာ သံသယမရှိပါဘူး။

ဘုရားသခင်ဆီက အဖြေပေးရဖို့ ဘဝတစ်လျှောက်လုံး ဇွဲလုံ့လနဲ့ ဆုတောင်းဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဘုရားသခင်က ကတိတည်ပြီး ငါးကိုတောင်းလို့ မြွေကိုပေးတဲ့ ဖခင်လိုမျိုး မဟုတ်ပါဘူး။

တစ်နေ့မှာ ကျွန်ုတို့ရဲ့ပျော်ရွှင်ချင်တဲ့ဆန္ဒနဲ့ ကျွန်ုပ်တို့ရဲ့ နှလုံးသားက လိုချင်နေတဲ့ အရာအားလုံးကို ရရှိကြပါလိမ့်မယ်။

Photo courtesy of: Archdiocese of St.Louis 

✍️ ထန်းဟာ, SJ

Add new comment

16 + 4 =