ဆီးရီးယားနိုင်ငံ ငြိမ်းချမ်းရေးအတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဖယောင်းတိုင်ထွန်း

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း

ဆီးရီးယားနိုင်ငံ ငြိမ်းချမ်းရေးအတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဖယောင်းတိုင်ထွန်း
ဒီဇင်​ဘာ ၂၊ ၂၀၁၈

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ဆီးရီးယားတွင်ရှိသော ခရစ်ယာန်များအတွက် ဆုတောင်းမေတ္တာ ပို့သခြင်း နှင့် ထိရောက်သောကူညီမှုများလုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါသည်။

အာဒ်ဝင်တူးကာလသည် စောင့်မျှော်ခြင်းကာလ ၊ ဒီအချိန်မှာကျွနုပ်ကိုပိုင်​​မျှော်လင့်ချက်က ဆီးရီးယားမှာရှိသော ကလေးသူငယ်များငြိမ်းချမ်းစွာ​နေခိုင်နိုင်​ရေုးကို​မျှော်လင့်ကြောင်း ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် မှပြောကြားခဲ့ပါသည်။

မျှော်လင့်ခြင်းအလင်းရောင်သည် စစ်ပွဲများ၏ မှောင်မိုက်မူများကိုဖြိုခွင်းနိုင်ပါစေ၊ သနားကြင်နာခြင်း၊ ခွင့်လွတ်ခြင်း၊ ပြန်လည်သင်ြ့မတ်မူတို့ ဆီရီးယား နှင့် အရှေ့အလယ်ပိုင်မှာ ဒုက္ခခံနေရသော ခရစ်ယာန်များအတွက် ဆုတောင်းပေးခြင်း ၊ အကူအညီများပေးခြင်းတို့ပြုလုပ်ကြစေလိုကြောင်း၊ ငြိမ်းချမ်းခြင်းအလင်းရောင်သည် ကမ္ဘာတဝှမ်းရှိဒုက္ခခံစားနေရသော ညီကိုမောင်နှမများထံရောက်ရှိခံစားကြရပါစေ၊ ဆုတောင်ခြင်းအားဖြင့် ဒုက္ခခံစားနေရသောသူများနှင်အတူရှိကြောင်းပြသကြပါ၊ စစ်မှန်သောငြိမ်းချမ်းရေးဖော်ဆောင်လိုစိတ်များဖြစ်ပေါ်ကြပါစေ။

စစ်ပွဲဖန်တီးသူများ၊ တစ်​ဦးနှင့်တစ်​ ဦးသတ်ဖြတ်ရန် လက်နှက်တီထွင်ကြသူများကို ဘုရားသခင်ခွင့်လွတ်ပေးပြီး သူတို့ရဲ့နှလုံးသားများပြောင်းလဲပါစေ ဟု ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှဆုတောင်းခဲ့ပါသည်။

တစ်​ကမ္ဘာလုံငြိမ်းချမ်းမှုရရှိရေး၊ စိတ်ကောင်းနှလုံးကောင်းရှိသူတိုင်း ငြိမ်းချမ်းရေးဖော်ဆောင်မူတွင် အတူတကွပါဝင်ကြဖို့ လိုအပ်သူများကို ကူညီရေးအသင်းတော်အဖွဲ့အစည်းမှလည်း တိုက်တွန်းထားပါသည်။

အန်ဂျေလူးမေတ္တာ အဆုံးတွင် ငြိမ်းချမ်းရေးအတွက် ဂုဏ်ကျေးဇူးတော်မေတ္တာကို အတူတကွရွတ်ဆိုခဲ့ကြပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-angelus-1-december-2018-light-candle-peace-syria.html

#pope, #angelus, #sunday, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 14 =