ဆာလောင်ငတ်မွတ်မူအနိဌာရုံသည်ကျွန်ုပ်တို့အားလုံးနှင့်ဆိုင်သည်ဟု ‘ကမ္ဘာ့စားနပ် ရိက္ခာ’ အဖွဲ့အားရဟန်းမင်း ကြီးမိန့်ကြား

ဆာလောင်ငတ်မွတ်မူအနိဌာရုံသည်ကျွန်ုပ်တို့အားလုံးနှင့်ဆိုင်သည်ဟု ‘ကမ္ဘာ့စားနပ် ရိက္ခာ’ အဖွဲ့အားရဟန်းမင်း ကြီးမိန့်ကြား

ရဟန်းမင်းကြီးသည် ကမ္ဘာ့စားနပ်ရိပ်က္ခာအဖွဲ့အစည်းအား ‘လူသားထုအတွက်အစာရေစာ ဆာလောင်ငတ် မွတ် ခြင်းသည် အလွန်ကြေကွဲဆို့နစ်ဖွယ်ရာအဖြစ်မဟုတ်။ ရှက်ဖွယ်ရာဖြစ်သည်’ ဟုမိန့်ကြားခဲ့သည်။ ဤမိန့်ကြားရခြင်းမှာ ယခုနှစ်ကမ္ဘာ့စားနပ် ရိက္ခာနေ့၏ဆင်ခြင်စရာခေါင်း စဉ်မှာ ‘စိုက်ပျိုးခြင်း၊ ကျွေး မွေး ခြင်းနှင့်အတူတကွထိန်း သိမ်းခြင်း - ကျွန်ုပ်တို့၏ လုပ် ရပ်သည်ကျွန်ုပ်တို့၏အနာဂါတ် ဖြစ်သည်’ ဟုဖြစ်သည်။

(ကျွန်ုပ်တို့အားလုံးတာ၀န်ရှိသည်။)

ရဟန်းမင်းကြီး၏ဗွီဒီယိုဖြင့်မိန့်ကြားသောမိန့်ခွန်း၌ ‘အစာ ရေစာငတ်မွတ်ခြင်းသည်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေ ကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာကမ္ဘာကြီးထုတ် လုပ်ပေးသောအသီးအနှံများကိုသာတူညီမျှစွာဝေမျှစီးဆင်းခြင်းမရှိသော ကြောင့်ဖြစ်ရ ကြောင်း၊ ၄င်းအပြင်စိုက်ပျိုး ရေးလုပ်ငန်းများ၌ရင်းနှီးမြှုပ် နှံမူနည်းခြင်း၊ ရာသီဥတုပူနွေးလာခြင်း၏နောက် ဆက်တွဲအကျိုးအဆက်နှင့်ကမ္ဘာကြီး ၏ဒေသများစွာ၌စစ်မက်ဖြစ် ပွားနေခြင်း၊ တန်ချိန်ပေါင်းများစွာသောအစားအစာများ ကိုဖြုန်းတီးနေခြင်းစသောအကြောင်းတရားများကြောင့်ဖြစ်ရကြောင်း၊ ဤအဖြစ် အ ပျက်အမှန်အကန်ကိုရင်ဆိုင်ပြီး၊ ဘာမျှ မခံစားမတုန်လှုပ်သည့်ပုံစံ၊ သို့မဟုတ်မလှုပ်မရှားဖြစ်နေ၍မရကြောင်း၊ ဤအခြေအနေကိုအကောင်းဆုံးပြုပြင်ပြောင်းလဲ ပေးရန်ကျွန်ုပ်တို့အားလုံး၏တာ၀န်ဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့စာနပ်ရိပ်က္ခာအဖွဲ့အစည်း၏ ဦး တည်ချက်သည် ‘လူတိုင်း၏ ဘ၀မျှော်လင့်ချက်ကိုမြင့်တင်လုပ်ဆောင်ရန်’ အတူတကွလက်တွဲလုပ်ဆောင်ရန်ပြအရေးတကြီးလိုအပ်ကြောင်းမီးမောင်း ထိုးပြထားကြောင်းထည့်သွင်းမိန့်ကြားခဲ့သည်။

(ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (၇၅) နှစ်ပြည့်နှစ်ပတ်လည်နှစ်ဖြစ် သည်။)

ယခုနှစ်သည် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ (၇၅) နှစ်ပြည့်သောနှစ်ပတ်လည်နှစ်ဖြစ်သည်။ ဤဖြတ်သန်းခဲ့သောနှစ်ပေါင်းများစွာမှအဖွဲ့ကြီးအနေအနေ ဖြင့်ကမ္ဘာကြီးအတွက်အစားရေရိပ်က္ခာကိုထုတ်လုပ်ပေးရုံဖြင့်မ လုံလောက်ကြောင်းကိုသိရှိနားလည်ခဲ့မည်ဟုမျှော် လင့်ကြောင်း၊ ထုတ်လုပ်သောရိက္ခာမပြတ်လပ်ရန်ထိန်းသိမ်းသောစနစ် လည်းအရေးကြီးကြောင်း၊ ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာများဖြစ်ရန်လည်းလိုအပ်ကြောင်း၊ လူတိုင်းလည်းလက် လှမ်းမှီသောအခြေအနေရှိရမည်ဖြစ် ကြောင်း၊ အစားအစာထုတ် လုပ်မူနှင့်စားသုံးမူပုံစံကိုပြု ပြင်ပြောင်းလဲ၍ကျွန်ုပ်တို့အ သင်းအဖွဲ့နှင့်ကမ္ဘာကြီး ၏ ကျန်းမာသန်စွမ်းရေးကိုရှေ့ရူသင့်ကြောင်း၊ သို့မှသာစားနပ် ရိက္ခာလုံလောက်မူနှင့်ရေရှည်ပံ့ပိုးပေး နိုင်မူကိုဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

(ကပ်ရောဂါဆိုးကြီးကာလ၌ ကူညီထောက်ပံ့ပေးခြင်း)

ယခုကဲ့သို့ကပ်ရောဂါဆိုးကြောင့်ခက်ခဲကြပ်တည်းသည့်ကာလ၌ အထောက်အပံ့အကူ အညီများပေးခြင်းသည် အ ရေးကြီးကြောင်း၊ ရေရှည်ရပ် တည်နိုင်ပြီး၊ ကျယ် ပြန့် သောစိုက်ပျိုးရေးစနစ်များကိုကိုလည်းဖော်ဆောင်မြှင့်တင်ပေးရန်လို ကြောင်း၊ အသေးစားလယ်သမားအစုအဖွဲ့များကိုလည်းထောက်ပံ့ကူညီပေးရန်၊ ဆင်းရဲသောနိုင်ငံများမှမဖွံ့ဖြိုးမတိုးတက် သေးသည့်ဒေသရှိသည့်ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလက်တွဲဆောင်ရွက်ပေးရန်၊ ကျွန်ုပ်တို့သည်အရာရာတိုင်းလုံး၀ဥသုန် ဆန့်ကျင်ဘက်များဖြင့်ပြည့်သောခေတ်သမ ယ၌အသက်ရှင်နေကြသည်။ အခြားတစ်ဖက်၌ကျွန်ုပ်တို့ သည်ကြိုတင်မသိ နိုင်သောသိပ္ပံပညာ၌မူတရှိန်ထိုးတိုး တက်လာနေသည်။ ကမ္ဘာကြီးသည်လူသားနှင့်ဆိုင်သောပဋိပက္ခများနှင့်ကြုံတွေ့နေ ရသည်။ ကမ္ဘာ့ကုလသမ္မဂ္ဂစား နပ် ရိက္ခာအဖွဲ့၏စာရင်းများအရခဲ့မကြာမီကဆယ်စုများ၌ အစာငတ်မွတ်ခေါင်းပါးခြင်းကို တိုက်ဖျက်ရန်အကောင်းဆုံးကြိုးစားခဲ့သော်လည်းအ ရာသိပ်မထင်ခဲ့။ လျော့နည်းအောင်မပြုလုပ်နိုင်ခဲ့။ အစား အစာနှင့်ပတ် သက်၍အာမခံချက်များမရှိသည့်အခြေအနေသည်ဆက်လက်တိုးလာနေ သည်။ လက်ရှိကိုဗစ်ကပ်ဆိုးကြီးသည် အစာရေစာ ပြသာနာကိုပိုမိုဆိုးရွားစေမည်။

(ထိရောက်ပြီး၊ လက်တွေ့ကျ သောဖော်ဆောင်မူ)

လက်ရှိပဋိပက္ခသည်ထိရောက် ပြီးလက်တွေ့ကျသောဖော်ဆောင်မူကိုပြုလုပ်နိုင်ရန်မူ၀ါဒများကိုရေးဆွဲပြဌာန်း သင့်သည်။ အစာငတ်မွတ် ခေါင်း ပါးခြင်းကိုကမ္ဘာကြီးမှလျော့ချပစ်နိုင်ရန်ကြိုးစားရရန်လိုအပ် ကြောင်းပြသနေသည်။ အယူ အဆမျှသာပြောဆိုဖလှယ်နေခြင်းသည်ပန်းတိုင်ဆီသို့ရောက် ရှိမူကိုကျွန်ုပ်တို့အားနှောင့်နှေးစေမည်။ ဤသို့ဖြစ်နေခြင်းသည် ကျွန်ုပ်တို့ညီ အစ်ကိုမောင်နှများကိုစားစရာမရှိ၍သေစေရန်ခွင့်ပြုနေသကဲ့ သို့ဖြစ်နေပါသည်။ ‘ရဲရင့် ပြတ်သားသောဆုံးဖြတ်ချက်တစ်ချက်သည် ‘ကမ္ဘာ့ရံပုံငွေ’ စနစ်ကိုထူထောင်ရန်ဖြစ်သည်။ ထိုထူထောင်မည့်ရံပုံငွေများကိုမူ လက်နက်၀ယ်ရယ်ရန်နှင့်စစ်သုံးစရိတ်များမြှင့်မားစွာသုံးမည့်အစား စားနပ်ရိပ်က္ခာလုံလောက်စွာ၀ယ်ယူကာထောက်ပံ့ပေး ခြင်းဖြင့်ဆင်းရဲသောနိုင်ငံများအားတိုးတက်ဖွံ့ဖြိုးလာအောင်မြေလှန်လုပ်ဆောင်ပေးခြင်းဖြစ် သည်။ ဤသို့ဖြင့်စစ်ပွဲများစွာ ကိုလည်းချုပ်ငြိမ်းပေးနိုင်မည်။ မိမိတို့နေရပ်စွန့်ခွာနေကြသောကန်ုပ်တို့ညီအစ် ကိုမောင်နှမများတို့ကိုလည်းရပ် တန့်နိုင် မည်။

(မှီငြိမ်း .. Fratelli tutti, n. 189 and 262 စာချွန်တော်မှ)

မိန့်ခွန်း၏နောက်ဆုံး၌ပုပ်ရ ဟန်း မင်းကြီးအနေဖြင့် ကမ္ဘာ့ စားနပ်ရိပ်က္ခာအဖွဲ့အနေဖြင့်အဖွဲ့၏လုပ်ဆောင်ချက်များ သည်ပို၍တိကျထိရောက်ပြီး၊ အသီးများစွာဝေဆာနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့်ဤအခြေခံကျလှသောမြေများ၌ စိုက်ပျိုးခြင်း၊ ဆာလောင်နေသူများကိုကျွေးမွေးခြင်း၊ သဘာ၀အရင်း အမြစ်များကိုလည်းစောင့်ရှောက်ကာကွယ် ခြင်းဖြင့်ကျွန်ုပ်တို့အားလုံးသည်ဂုဏ်သိက္ခာရှိရှိ၊ အချင်း ချင်းရိုသေခြင်းနှင့်ချစ် ခြင်းတို့၌ပြောင်းလဲတိုးတက်လာစေလိမ့်မည်ဟုမျှော်လင့်ကြောင်းမိန့်ကြား၍ အဆုံး သတ်သွားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: The Arlington Catholic Herald 

https://bit.ly/3kdyEo9

Add new comment

1 + 7 =