ဆရာတော်အသစ်များအား ဆုတောင်းခြင်း၊ သတင်းကောင်းဝေမျှခြင်း နှင့် တလုံးတဝတည်းရှိမှု့တို့ဖြင့် အသက်ရှင်ကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တိုက်တွန်း

အာဖရိက၊ အာရှ၊ လက်တင်အမေရိက၊ အိုရှေးနီးယား ဒေသ ၃၄ နိုင်ငံမှ မကြာမှီကမှ အသစ်ခန့်အပ်ခြင်းခံရသော ဆရာတော် ၇၅ ပါး

ဆရာတော်အသစ်များအား ဆုတောင်းခြင်း၊ သတင်းကောင်းဝေမျှခြင်း နှင့် တလုံးတဝတည်းရှိမှု့တို့ဖြင့် အသက်ရှင်ကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တိုက်တွန်း
စက်တင်ဘာ ၈၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-new-bishops...

#pope, #bishops, #goodshephard, #humble, #peterkဦ
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter vaticanne

သာသနာပြု အဖွဲ့အစည်းမှ ဦးဆောင်ပြုလုပ်သော
စက်တင်ဘာလ ၃ ရက်မှ ၁၅ ထိ သာသနာပြုဆိုင်ရာ ညှိနိုင်းဆွေးနွေးပွဲသို့တက်ရောက်​နေကြသော အာဖရိက၊ အာရှ၊ လက်တင်အမေရိက၊ အိုရှေးနီးယား ဒေသ ၃၄ နိုင်ငံမှ မကြာမှီကမှ အသစ်ခန့်အပ်ခြင်းခံရသော ဆရာတော် ၇၅ ပါးကို မိမိတို့၏ သိုးစုများအတွက် ကောင်းသော သိုးထိန်​းကောင်းများဖြစ်ရန်၊ ဆုတောင်းခြင်း၊ သတင်းကောင်းဝေမျှခြင်း နှင့် အလုံးတဝတည်းရှိမှု့တို့ဖြင့် အသက်ရှင်ကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ စက်တင်ဘာ ၈၊ ၂၀၁၈ စနေနေ့တွင် တိုက်တွန်းခဲ့ပါသည်။
ဘုရားသခင်​ နှစ်​သက်​​သော အပြု အမှု အပြောအဆို အနေအထိုင်တို့ဖြင့် နေထိုင်ကြရန်၊ ကောင်းသောသိုးထိန်း​ကို ပုံဆောင်ကြသော ဆရာတော်များ သခင်ခရစ်တော်သည် မိမိအကျိုးအတွက် ဘာမျမလုပ်ခဲ့ဘဲ သူ၏သိုးစုအတွက်သာ အသက်ပေးခဲ့သည်​။ အထူးသဖြင့်
ဒုက္ခအန္တရယ် အရောက်ဆုံးသူ၊ အားအနည်းဆုံးသူ သူများကို ကူညီပေးခဲ့သော ပုံသက်သေများကိုဆည်း​ပူးကြရန် ကျွနု်ပ်​​တိုက်တွန်းပါသည်။
ဆုတောင်မှုဖြင့်အသက်ရှင်သော ဆရာတော်တပါးအနေဖြင့် ဘာသာသူသိုးစု၏ တွေကြုံနေရသော အခြေအနေများကို သခင်ခရစ်တော်ပူဇော်ပေးခဲ့သလို သူတို့၏ကယ်တင်ခြင်းအတွက်ပူဇော်ပေးကြရန်၊
သတင်းကောင်းသယ်ဆောင်သူအဖြစ်နှိမ့်ချစွာ မိမိအကျိုးအတွက်မဟုတ် အများအကျိုးအတွက် သတင်းကောင်း​ဝေမျှရန်၊
လူတို့နှင့် တလုံးတဝတည်းရှိခြင်းအားဖြင့် သူတို့၏ အခက်အခဲများ ပြသနာများကို နာထောင်ပေးရန် ညီကိုမောင်နှစိတ်ဖြင့်ကူညီပေးရန် ပြောဆိုခဲ့ပြီး၊ မိမိရုံးခန်းတွင် ကုမ္ပဏီ မန်နေဂျာ၊ မင်ညီမင်းသားကဲ့သို နေထိုင်ပြုမှုရန်မဟုတ် ဆရာတော်တစ်​ပါးအနေနှင့် လုပ်ဆောင်ရမည့်အရာများကို သခင်ခရစ်တော်ကဲ့သို့နှိမ့်ချစွာ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ပါသည်။
မိသားစုများကို ကူညီပေးခြင်း လက်ထပ်ရန်ပြင်ဆင်နေသူများကိုကူညီပေးခြင်း၊ မမွေးဖွားေ​သး​သော ကလေးငယ်လေးများဖက်မှရပ်တည်ပေးခြင်း၊ ​သက်ကြီးရွယ်အိုများကို ကာကွယ်စောင့်ရှောက်ခြင်း၊
ရဟန်းဖြစ်သင်ကျောင်းများကို ​ထောက်ပံ့ခြင်း ကျောင်းသားများကို စစ်မှန်သော နှိမ့်ချသော သင်တန်ပေးခြင်း၊ မိမိတို့၏ ခေါ်တော်မှုခြင်းကို ပွင်လင်းစွာစစ်ဆေးစေလိုခြင်း၊ လူငယ်​်များကို ယနေ့ခေတ်တွေကြုံနေရသော အခြေ အနေအမျိုးမျိုးမှ မှန်ကန်စွာ လမ်းမှန်ပြပေးခြင်း၊ ဆင်းရဲသားများ အနိမ့်ကျဆုံးလူသားများကို ကာကွယ်​ေ​စာင့်ရှောက်ပေးခြင်း၊ မိမိ၏ ဝိညာဉ်ရေးရာ ၌လည်း ​အမြဲ ရှင်သန် အသက်ရှင်​​နေသူများဖြစ်ကြရန် ပြောဆိုသွန်သင်ခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​ေ​ဖာ်ပြပါသည်။

 

Add new comment

4 + 13 =