ဆက်ကပ်ရှင်သန်သောအသက်တာသည် ယနေ့ကမ္ဘာကြီးအတွက် ဧ၀ံဂေလိတရားဖြစ်သည်။

ဆက်ကပ်ရှင်သန်သောအသက်တာသည် ယနေ့ကမ္ဘာကြီးအတွက် ဧ၀ံဂေလိတရားဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးရုံးတော်အောက်ရှိ သုံးပါးသစ္စာရှင်များနှင့်တမန်တော်ကြီးများအသက်တာကိုပုံတုယူကျင့်ကြံသောဘာသာရေးအသင်းအဖွဲ့များဆိုင်ရာရုံးမှအဖွဲ့၀င်များ၏ အစည်းအ‌ဝေးသို့တက်ရောက်လာကြသူများနှင့် တွေ့ဆုံခဲ့ပြီး ဤကြီးလေးသောအမှုတော်ကိုထမ်းဆောင်ပေးသည့်အတွက်ကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။

ကျွန်ုပ်တို့အားလုံးပြုသမျှသည် ဧ၀ံဂေလိတရားတော်အတွက်ပြုခြင်းသာဖြစ်သည်။ မိမိတို့၏ဆက်ကပ်အပ်နှံရှင်သန်နေသောသင်တို့သည် ဧ၀ံဂေလိတရားကိုအသုံးတော်ခံနေခြင်းဖြစ်သည်။ သို့ဖြစ်၍ သင်တို့၏ဆက်ကပ်အပ်နှံရှင် သန်နေခြင်းသည် ကမ္ဘာကြီးအတွက် ‘ဧ၀ံဂေလိတရား’ ဖြစ်သည်။ အဆိုပါအစည်းအ‌ဝေး၌ တက်ရောက်သူ (၆၀) ဦးရှိသည်။ သုံးပါးသစ္စာရှင်သူတော်စင်တို့အနာဂတ်ကိုယုံကြည်စွာကြိုးစားရှင်သန်သူတို့နှင့်နီး ကပ်စွာရှိနေကြောင်းကိုလည်းမိန့်ကြားခဲ့သည်။

စိန့်ဂျွန်ပေါလ် (၂) သည် (၁၉၉၄) ခုနှစ်က ‘သုံးပါးသစ္စာရှင်သူတော်စင်’ တို၏ဆီးနော့ကိုခေါ်ယူကျင်းပခဲ့သည်။ ထိုကာလသည် အမိသာသနာတော်ကြီးအတွက် လွန်စွာခက်ခဲသောကာလတစ်ခုဖြစ်ခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် သာသနာတော်ကြီးအနေဖြင့် သာသနာပြုလုပ်ငန်းများ၌ထိရောက်မှုနည်းပြီး ခေါ်တော်မှုခြင်းလမ်းစဉ်၌လျှောက်လှမ်းရာတွင်လည်း အချို့ဒေသများ၌စိတ်၀င်စားမှုလွန်စွာနည်းပါးချိန်ဖြစ်နေခဲ့သည်။ ထိုအခြေအနေသည် အချို့သောဒေသများ၌ယနေ့ထိဆက်လက်ရှိနေသေးသည်။ သို့သော် မျှော်လင့်ခြင်းသည်အောင်မြင်မှုရရှိပြီး ဆက်လက်၍လည်းအောင်မြင်မှုရရှိနေသည်။ အ ဘယ်ကြောင့်ဆိုသော် ဘ၀အသက်တာဆက်ကပ်အပ်နှံရှင်သန်သည့်အုတ်မြစ်ပေါ်၌တည်ထားသော ကြောင့်ဖြစ်သည်။

ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်၏လက်ဆောင်၊ ဘုရားသခင်၏ခေါ်သံအမှန်ကိုခံရခြင်း၊ ဘုရားသခင်၏အသက်ပေးနှုတ်တော်ထွက်စကားနှင့်သန့်ရှင်းသော၀ိညာဉ်တော်၏ ပြုပြင်ပုံသွင်မှုကိုခံယူခြင်းတို့ကိုဗဟိုပြုသောပြတ်သားသည့်ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည်။ ဘာသာရေးအဖွဲ့အစည်းအသီးသီးနှင့်သုံးပါးသစ္စာကိုခံယူရှင်သန်လျှောက်လှမ်းသော သူတော်စင်အမျိုးသား၊ အမျိုးသမီးများကိုအားပေးအားမြောက်ပြုပေးနေသောအဖွဲ့အစည်းကိုအားပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဘယ်သူ၏အ တင်းအဓမ္မစေခိုင်းချက်မျှမပါဘဲ မိမိတို့၏လွတ်လပ်သောသဘောထားဖြင့်ရွေချယ်လျှောက်လှမ်းခဲ့ခြင်းကို ပြန်လည်အမှတ်ရရှင်သန်နေစေပြီး အနားဂတ်ကိုလည်း ယုံကြည်မှုဖြင့်ဆက်လက်ရှင်သန်လျှောက်လှမ်းနေကြသောကြောင့်ဖြစ်သည်။ အကယ်၍သူတော်စင်တစ်ပါးအနေဖြင့် ထိုအမှတ်ရရမည့်အခြေအနေ၊ မိမိ ၏မိခင်အသင်းအဖွဲ့၊ သာသနာတော်ကြီးအားလည်းကောင်း၊ သူတော်စင်တစ်ပါးစီ၏အသင်းအားလည်း ကောင်း ဘုရားသခင်ပြုခဲ့သောအံ့ဩဖွယ်ရာများ၊ တစ်ပါးစီ၏အသက်တာ၌လည်းကောင်းမေ့ပျောက်သွားခဲ့သော် ကျွန်ုပ်တို့၏အားအင်ဆုတ်ယုတ်နွမ်းခွေသွားပြီး ဆက်လက်ဆက်ကပ်ရှင်သန်ရန်မဖြစ်တော့ပေ။

သူတော်စင်တို့၏ဆက်ကပ်အစေခံခြင်းသည် ဆင်ခြင်ခြင်းနှင့်ရင်းနှီးပေါင်းသင်းခြင်းဖြင့်သုံးသပ်နိုင်ပါသည်။ ရှုပ်ထွေးပြီး လေးနက်သောအခြေအနေမျိုးကိုကိုင်တွယ်ဖြေရှင်းရာတွင် စိတ်ရှည်စွာဖြင့်ဆင်ခြင်ရန်လိုအပ်သည်။ ထိုအခြေအနေကိုမှန်ကန်စွာကိုင်တွယ်ဖြေရှင်းရုန်းထွက်နိုင်ရန်မှာ ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်းလျှောက်လှမ်းဖြင့်သာဖြစ်နိုင်သည်။

များမကြာမီကတည်ထောင်ခဲ့သော သူတော်စင်အသင်းအဖွဲ့များနှင့်ယှဉ်တွဲလျှောက်လှမ်းရန်လိုပါသည်။ သို့သော် ဤအသင်းအဖွဲ့သည်လည်း ဘုရားအား ဦးထိပ်ထားခြင်းထက် မိမိတို့ကိုယ်ကို (အသင်း) ရှေ့တန်းတင်အားကိုးလွန်းသည့်ဘေးလည်းရှိတတ်ပါ သည်။ ကောင်းစွာဆင်ခြင်နိုင်ရန်လိုအပ်သောသတ်မှတ်ချက်မှာ မိမိတို့၏အသင်းအဖွဲ့အသက်တာကို အများကောင်းကျိုးအတွက် ဘုရားသခင်၏လူမျိုးတော်နှင့်သဟဇာတဖြစ်အောင်ယှဉ်တွဲနေနိုင်ခြင်းဖြစ် သည်။ မိမိ၏အသက်တာကိုဆက်ကပ်ခြင်းလမ်းစဉ်သည် သာသနာတော်ကြီးအတွင်း၌မွေးဖွားသည်။ သာသနာတော်ကြီးအတွင်း၌ ကြီးထွားလာသည်။

ဘုရားသခင်၏ဘာသာတူအဖွဲ့အစည်းနှင့်စုစည်းရှင်သန်ခြင်းဖြင့် ဧ၀ံဂေလိတရားတော်၏ အသီးအပွင့်ကိုပွင့်သီးစေသည်။

ရဟန်းမင်းကြီးက သူတော်စင်များဆိုင်ရာရုံးတော်မှအဖွဲ့အစည်းနှင့်သာသနာနယ်အချို့အားအသိ ပေးလိုသည်မှာ အချို့သောအချက်များကိုဆန်းစစ်ဆင်ခြင်ရာ၌ဖြစ်စေ၊ ယှဉ်တွဲဖေးမမှုပြုရာ၌ဖြစ်စေ သတိမပြတ်စေရန်ဖြစ်သည်။ ဆိုလိုသည်မှာ အချို့သောအသင်းအားတည်ထောင်သူများသည် ဘုရားသ ခင်ကိုအစေခံရန်ထက် မိမိတို့၏အစွမ်းအစများကိုထုတ်ပြရန်ဦးစားပေးလုပ်ဆောင်တတ်ကြသည်။ ၄င်းတို့သည်သာ အမှုကိစ္စတိုင်းအားစောင့်လျှောက်ထိန်းသိမ်းသူများ၊ နားလည်သဘောပေါက်ရှင်းပြပေးနိုင်သူများဟုခံယူကာ သာသနာ၏အထက်၌ရှိနေသယောင်ဖန်တတ်သည်။ ထို့အတူ ခေါ်တော်မူခြင်းလမ်း စဉ်၌ ၀ိညာဉ်ရေးလမ်းညွှန်မှုပေးရာ၌လည်းကောင်း၊ ပြုပြင်ပုံသွင်းရာ၌လည်းကောင်း သတိထားရမည်ဖြစ်ကြောင်း၊ မိမိတို့၏ဘ၀အသက်တာနှင့်အတူရရှိလာမည်လုပ်ပိုင်ခွင့်များအား ဧ၀ံဂေလိတရားတော်နှင့်အညီအဘယ်သို့လက်တွေ့ကျင့်သုံးရမည်၊ အဘယ်မျှကြာမြင့်မည်၊ အာဏာအလွှဲသုံးစားပြုခြင်း၊ မပြုခြင်း စသည်တို့ကိုသေချာစွာနားလည်ရမည်ဖြစ်သည်။

သူတော်စင်အသင်းအသစ်တည်ထောင်၍ အသိအမှတ် ပြုရန်လျှောက်ထားလာသည့်အခါမျိုး၌ ဤအဖွဲ့အနေဖြင့် အဆိုပါသူတော်စင်အသင်းများမွေးဖွားအခြေ တည်ရာ သာသနာများသာသနာပိုင်ဆရာတော်များနှင့်ချိပ်ဆက်၍စီစစ်လုပ်ဆောင်ရန် ဤသို့လုပ်ဆောင် ခြင်းအားဖြင့် မလိုလားအပ်သော၊ မဖြစ်သင့်သောအသင်းအဖွဲ့များဖြစ်လာခြင်းမှကြိုတင်ကာကွယ်ထားပြီးသားဖြစ်ပေမည်။ သာသနာပြုလိုသည့်ရည်ရွယ်ချက်၊ ခံယူချက်မပြည်မှီသည့်အခြေအနေကိုလည်း ရှောင်နိုင်မည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။ (RVA)

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်

https://bit.ly/3Xz7I4P
 

Add new comment

13 + 0 =