ဆက်ကပ်ခြင်းအသက်တာကို ဆန်းသစ်သောအမြင်ဖြင့်ရှင်သန်ကြရန် သစ္စာသုံးပါးခံသူတော်စင်များနေ့မစ္ဆား၌ ရဟန်းမင်းကြီးမိန့်ကြား

ဆက်ကပ်ခြင်းအသက်တာကို ဆန်းသစ်သောအမြင်ဖြင့်ရှင်သန်ကြရန် သစ္စာသုံးပါးခံသူတော်စင်များနေ့မစ္ဆား၌ ရဟန်းမင်းကြီးမိန့်ကြား

ဆက်ကပ်ခြင်းအသက်တာကို ဆန်းသစ်သောအမြင်ဖြင့်ရှင်သန်ကြရန် သစ္စာသုံးပါးခံသူတော်စင်များနေ့မစ္ဆား၌ ရဟန်းမင်းကြီးမိန့်ကြား

            ရဟန်းမင်းကြီးသည် ယမန်နေ့၊ ဇန္န၀ါရီလ (၂) ရက်နေ့ညနေပိုင်း၌ သစ္စာသုံးပါခံသူတော်စင်အမျိုးသား၊ အမျိုးသမီးများအတွက် ၄င်တို့နှင့်အတူမစ္ဆားပူဇော်ခဲ့သည်။ ထိုနေ့သည် ၄င်းတို့အားဂုဏ်ပြုထားသော  ‘ကမ္ဘာ့သူ တော်စင်များနေ့’ ဖြစ်သည်။ သူ၏ဩ၀ါဒထဲ၌ အလွန်ရိုးရှင်းပြီး၊ ဆုတောင်းခြင်းအသက်တာဖြင့် ဂျေရူဆလင်ဗိမာန် တော်၌ အစဉ်ရှိနေတတ်သော သက်ကြီးရွယ်အို ဆီမေအုန်နှင့်အာန္နားတို့နှစ်ဦးအကြောင်းကိုမိန့်ကြားခဲ့သည်။ မက် ဆီးယားကိုစေလွှတ်မည်ဟူသော ဘုရားသခင်၏ကတိတော်ကို အဘယ်သူတရားပျက်ပျက်၊ တရားမဲ့မဲ့ ၄င်းတို့သည် စိတ်အားထက်သန်စွာစောင့်စားနေကြသူများဖြစ်ကြသည်။ ဆီမေအုန်သည် သန့်ရှင်းသော၀ိညာဉ်တော်၏ စေ့ဆော် မှုကိုခံခဲ့ရသည်။ လူသား၏ကယ်တင်ခြင်းကို သူငယ်တော်ယေဇူးထံ၌ ဖူးတွေ့ခဲ့ရသည်။ သူငယ်တော်အား သူလက်ထဲ ၌ပွေ့ပိုက်၍ဆုတောင်းကျေးဇူးတင်ခွင့်ရခဲ့သည်။    

ကျွန်ုပ်တို့အား မည်သည့်အရာကို သင်ကြားပေးသနည်း။

            ရဟန်းမင်းကြီးသည် ဤဖြစ်စဉ်နှင့်ပတ်သက်၍ အချက် (၃) ချက်ကို ထောက်ရူမိသည်။ ပထမအချက်ကား ဆီမေအုန်၏ဘ၀မှ ကျွန်ုပ်တို့အား မည်သည့်အရာကိုသင့်ကြားပေးသနည်း။ ဆီမေအုံကဲ့သို့ သန့်ရှင်းသော၀ိညာဉ် တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်ရှေ့၌ မှန်ကန်စွာဖြင့်ဆင်ခြင်တတ်စေရန် ကောင်းကြီးပေးသည်။ တစ်ခုခုလုပ် ဆောင်ရာ၌ မြင်သူများအထင်ကြီးအားကျစေမည့် ကြီးကြီးမားမားကိုမှန်းဆရန်ရွယ်ရည်ရန်မဟုတ်။ သေးငယ်သော အမှုများနှင့်လူသိနည်းသည့်အမှုများကိုလုပ်ဆောင်တတ်ရန်ဖြစ်သည်။ ကျွန်ုပ်တို့အား တိုက်တွန်းမှုအပေးနိုင်ဆုံးသူ ကားအဘယ်သူနည်း။ သန့်ရှင်းသော၀ိညာဉ်တော်ဘုရားဟုတ်ပါသလော။ သို့မဟုတ် ဤကမ္ဘာကြီး၏စိတ်နေ သဘောထား၊ အတွေးအခေါ်အယူအဆလော။ ဤမေးခွန်းသည် မိမိတို့၏အသက်တာကို ဆက်ကပ်အပ်နှံထားကြ သော သူတော်စင်တိုင်းမေးရမည့်မေးခွန်းဖြစ်သည်။ သန့်ရှင်းသော၀ိညာဉ်တော်သည် ကျွန်ုပ်တို့အား သေးငယ်နုံ ချာသောအမှုများ၊ ကလေးများ၌ ဘုရားသခင်ကိုမြင်တွေ့တတ်ရန်စေ့ဆော်ပေးလေ့ရှိသည်။ သို့သောမကြာခဏ ကျွန်ုပ်တို့၏ဆက်ကပ်ခြင်းကို ရလာဘ်၊ ရည်ရွယ်ချက်နှင့်အောင်မြင်မှုကိုသာကြည့်၍ ဆုံးဖြတ်တတ်သည်။ ကျွန်ုပ်တို့ သည်လွှမ်းမိုးနိုင်ရန်၊ လူအထင်ကြီးခံရန်၊ အရေအတွက်များရန်ကိုသာဦးစားပေးနေတတ်သည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် ကတိတည်ကြည်ခြင်းနှင့်သေးငယ်သောအမှုများ၌ သတိအသိရှိရန်ကို နေ့စဉ်မွေးမြှုပျိုးထောင် ရန်တိုက်တွန်းနေသည်။           

            ဆက်ကပ်အပ်နှံရာသက်ပန်ဘ၀ကိုရှင်သန်သူများအတွက် မိမိတို့၏အတွင်း ဩတ္တပ္ပစိတ်အခြေအနေ၊ ခံယူ ချက်များ၊ ၀ိညာဉ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ပြန်လည်ဆန်းစစ်ရန်လိုအပ်သည်။ သို့မှသာ ဆန်းသစ်သောသူတော် စင်အသက်တာကို ဦးဆုံးမှန်ကန်စွာမြင်တွေ့ရပေမည်။

ကျွန်ုပ်တို့မျက်စိ မည်သည့်အရာကိုမြင်သနည်း။

            ဒုတိယထောက်ရူချက်ကား ‘ကျွန်ုပ်တို့၏မျက်စိများသည် မည်သည့်အရာကိုမြင်သနည်း’ ဟူသောအချက်ဖြစ် သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ကရုဏာပြည့်သော အကြည့်ဖြင့်ကြည့်နေသည်။ ထို့အတူ ကျွန်ုပ်တို့ကိုယ် ကိုလည်းကောင်း၊ ကမ္ဘာကြီးကိုလည်းကောင်း အမြင်သစ်ဖြင့်ကြည့်တတ်ရန်သင်ကြားပေးသည်။ ဤသို့ကြည့်သော် လည်း အပေါ်ယံအမြင်များကိုရှောင်ကွင်း၍မရ။ သို့သော် စူးစိုက်၍ ကျွန်ုပ်တို့၏အားနည်းချက်များ၊ ဆုံးရှုံးလဲကျမှု များကိုမြင်တွေ့ရမည်။ သို့မှသာ ဘုရားသခင်၏တည်ရှိခြင်းကို ကွင်းကွင်းကွက်ကွက်မြင်တွေ့အာရုံရလာမည်ဖြစ် သည်။

            ထို့ကြောင့် သက်ကြီးရွယ်အိုသူတော်စင်ဘာရာသာရ်များ၊ စစ္စတာရ်များထံသို့သွားရောက်လည်ပတ်ခြင်း၊ စောင့်‌ရှောက်ပေးခြင်း၊ စကားစမြည်ပြောခြင်း၊ မေးမြန်းခြင်း၊ သူတို့၏ခံစားချက်များကို နားထောင်ပေးခြင်းစသည် တို့ကိုပြုလုပ်သင့်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အတွေးအမြင်သစ်ဖြင့် သူတော်စင်အသက်တာကိုဆက် ကပ်ရန်အမြဲနှိုးဆော်နေသည်။   

            ကျွန်ုပ်တို့၏မျက်စိများကိုဖွင့်ထားကြစို့။ သန့်ရှင်းသော၀ိညာဉ်တော်သည် ကျွန်ုပ်တို့၏အော်သံ၊ ကျဆင်း လာသောအရေအတွက်နှင့်အားအင်ဆုတ်ယုတ်မှုကြား၌ ကျွန်ုပ်တို့၏အသက်တာ၊ အသင်းအဖွဲ့များကိုပြန်လည်ဆန်း သစ်ရန်တိုက်တွန်းနေပါသည်။ မိမိတို့၏လှုံခြုံမူ၊ ကြောက်ရွံ့မှုများကြောင့် လက်မြောက်အရှုံးပေးကာ နောက်ဆုတ် သွားလိုခြင်း၊ အသင်း၏ကျင့်စဉ်များကို ထိထိရောက်ရောက်မကျင့်နိုင်ဟူသော စိတ်အနှောက်အယှက်ဖြစ်စေသည့် အတွေးများကြောင့်နောက်ဆုတ်လိုသည့်စိတ်မျိုးလည်းမတွေး၊ မ၀င်စေရန်သတိပေးခဲ့သည်။ အဘယ်ကြောင့်ဆို သော် ဆီမေအုန်နှင့်အာန္နားတို့သည် အလွန်တင်းတင်းကြပ်ကြပ်မကျင့်ကြံခဲ့ပါ။ သို့သော် လွှတ်လပ်ပေါ့ပါးခြင်း၌ အစားရှောင်၊ ၀ါရှောင်ဆုတောင်းခြင်းကို ပျော်ရွှင်စွာပြုလုပ်ခဲ့သည်။ 

ဘုရားသခင်ကို ပွေ့ပိုက်ကြစို့။

            တတိယထောက်ရူချက်ကား ‘ကျွန်ုပ်တို့၏လက်ထဲ၌ မည်သည့်အရာကိုလက်ကိုင်ထားကြမည်နည်း’ ဟူသည့် အချက်ဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ကိုကိုယ်စားပြုသော အမှတ်သင်ကေတများပျောက်ရှနေတတ်ပြီး၊ အရေးမ ပါလှသော အကြောင်းအရာပေါင်းထောင့်ငါးရာတို့ဖြင့် ဗျာများနေတတ်သည်။ ခေါင်းစားအလုပ်များနေတတ်သည်။ အစီအစဉ်သစ်များ၊ ပရိုဂျက်တစ်ခုပြီးတစ်ခု ညစ်ထုတ်လုပ်ဆောင်နေတတ်ကြသည်။ အရာအားလုံး၏နှလုံးသဲပွတ် ကား ခရစ္စတူးဖြစ်သည်။ သူ့ကိုသာ ကျွန်ုပ်တို့ဘ၀၏သခင်အဖြစ် ပွေ့ဖက်လိုက်ပါ။    

            ဘ၀အသက်တာကိုဆက်ကပ်ထားကြသော အမျိုးသား၊ အမျိုးသမီးများအနေဖြင့် ဘုရားသခင်ကိုလည်း ကောင်း၊ လူတို့ကိုလည်းကောင်း ချီးမွမ်းဧကျူးသော (ဆုတောင်းခြင်း) စကားများကင်းမဲ့နေခြင်း၊ ပျော်ရွှင်မှုကင်းမဲ့ နေခြင်း၊ ၄င်းတို့၏တက်ကြွမှုများဆုံးရှုံးနေခြင်း၊ ညီအစ်ကိုမောင်နှမစိတ်ထားများပျောက်ရှပြီး၊ ၀တ္တရားတစ်ပါးကဲ့သို့ သာခံယူနေခြင်းများဖြစ်နေပါက ဤသို့ဖြစ်ရခြင်းသည် တစ်ဦးတစ်ယောက်၊ တစ်စုံတစ်ခုကြောင့်မဟုတ်။ ဤသို့ဖြစ် ရခြင်းသည် ကျွန်ုပ်တို့အနေဖြင့် ယေဇူးသခင်ကိုပွေ့ဖက်မထားတော့၍ဖြစ်သည်။ သို့ဖြစ်လာပြီဆိုလျှင် ကျွန်ုပ်တို့၏ခံ စားချက်များသည် ခါးသီးလာမည်။ အပြစ်တင်၊ အပြစ်မြင်လာပြီးစိတ်တိုင်းမကျဖြစ်လာမည်။ နေ့စဉ်ရက်ဆက်လုပ် ဆောင်ရသမျှကိုလည်း သံပတ် (ဓာတ်ခဲအား) ဖြင့်သွားနေသော နာရီလက်တံကဲ့သို့သာဖြစ်ပေတော့မည်။ သဘော ထားပျော့ပြောင်းမှုလည်းမရှိတော့။ အရာရာကို တင်းတင်းကြပ်ကြပ်လုပ်လာသည်။ ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာကို ပင်မငဲ့နိုင်၊ မဆည်နိုင်ဖြစ်ရသည်။

အမြင်သစ်ဖြင့်ပြန်စပါ။

            ရဟန်းမင်းကြီးသည် သူ၏ဩ၀ါအဆုံးပိုင်း၌ ‘ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံရာသက်ပန် အသက်တာကို ပြန် လည်ဆန်းသစ်ရန်၊ ကျွန်ုပ်တို့၏နှလုံးသားနှင့်လုပ်ဆောင်မှုများကိုလည်း မည်သည့်အကြောင်းကြောင့်ခေါ်တော်မူ ခြင်းခံရသည်ကိုလည်း ပြန်လည်ဆန်းစစ်၊ ဆန်းသစ်ရန်မိန့်ကြားခဲ့ပြီး၊ နောက်ဆုံး၌ ‘သက်ကြီးရွယ်အို ဆီမေအုန်နှင့် အာန္နားကဲ့သို့ ယေဇူးသခင်ကို ကျွန်ုပ်တို့၏လက်ထဲ၌ပွေ့ပိုက်ထားကြပါ’ ဟုတိုက်တွန်းခဲ့သည်။  

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်းအာတယ်

https://bit.ly/3GEGkKB

Add new comment

5 + 0 =