စွန်ပြစ်ခံ ဘဝများကို ပညာရေး ဖြင့်ကူညီကြဖို့ ဒေလာဆာ ဘရာသာများကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အားပေး

စွန်ပြစ်ခံ ဘဝများကို ပညာရေး ဖြင့်ကူညီကြဖို့ ဒေလာဆာ ဘရာသာများကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အားပေး

စွန်ပြစ်ခံ ဘဝများကို ပညာရေး ဖြင့်ကူညီကြဖို့ ဒေလာဆာ ဘရာသာများကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အားပေး
မေလ ၁၆၊ ၂၀၁၉

၁၆၈၀ ခုနှစ်က ပြင်သစ်နိုင်ငံတွင် ဆင်ရဲးသာများတန်းတူ ပညာသင်ခွင့်ရရေး ကြိုးပန်းပြီး ဆင်းရဲးသားများ ပညာသင်ကြား နိုင်ရေးကို အဓိကထားသည့် ဒေလာဆာ ဘရာသာများ ဘာသာရေး အသင်းဂိုဏ်း ကို တည်ထောင်ခဲ့သည့် ရဟန္တာ ဂျွန် ဘတ္တိဇံ ဒေလာဆာ ပျံလွန်တော်မူခြင်း နှစ် ၃၀၀ ပြည့် အခန်းအနား ဒေလာဆာ ဘရာသာများ နှင့် တွေ့ဆုံခြင်း အခန်းအနားတွင် ရဟန္တာ ဂျွန် ဘတ္တိဇံ ဒေလာဆာ ၏ အချိန်အခါက ပြုလုပ်ဖော်ဆောင် ခဲ့သော သမိုင်းမှတ်တိုင် ပညာရေးလမ်းစဉ်သည် ယနေ့ထိထိုင် မီးရှုးသဖွယ် ထွန်းလင်းလျှက်ရှိကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပြေားကြားခဲ့ပါသည်။ ဒေလာဆာဘရာသာများ၏ ပညာရေး မျှော် မှန်းချက် ၁။ ပညာသင်ကြားနိုင်ခွင့် အခွင့်အရေး၊
၂။ ပညာသင်ကြားပေးခြင်းဖြင့် သာသနာပြုခြင်း နှင့် ၃။ ပြောင်းလည်းလာသည့် ပညာရေး နည်းလမ်းများ ကို အခြေခံပြီး ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မှ ဝေမျှ အာပေးခဲ့ပါသည်။

♥ ပညာသင်ကြားနိုင်ခွင့် အခွင့်အရေး
ဒေလာဆာဘရာသာများ၏ ပညာရေး မျှော် မှန်းချက် လူသားအားလုံးအတွက်၊ ဆင်းရဲးသားများပါ တန်းတူပသင်ခွင့်ရရှိရေး အဖြစ် ရှင်းလင်းစွားရည်ရွယ်ထားတာကို တွေ့မြင်ရတယ်။ ရဟန္တာ ဂျွန် ဘတ္တိဇံ ဒေလာဆာ က လူအဖွဲ့အစည်းကို ပညာရေးဖြင့် အသက်သွင်းပြီး ဆက်လက်လုပ်ဆောင်သွားကြဖို့ လမ်းခင်းပေးခဲ့သလို ကက်သလစ် သာသနာတော်သည်လည်း လူတို့၏ ဘဝ အခြေအနေနှင့် ကင်းကွာ၍မရကြောင်းကို သမိုင်းအထောက်အထားများမှလည်း ဖော်ပြနေတာတွေ့ရတယ် ၁၇ နှစ်ရာစုကာလက ပြင်သစ်နိုင်ငံရဲ့ ပညာရေးကို ဘုန်းတော်ကြီးတွေဦးဆောင်ပေးခဲ့တာပါ။ သာမာန်လူဝတ်ကြောင် ရသေ့ ဘဝပုံစံမျိုးဖြင့် ဆင်းရဲးသားကလေးသူငယ်များ၏ ဘဝကို မြှင့်တင်ပေးဖို့ ဆက်ကပ်ပြုလုပ်လာမှုကို တွေ့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

♥ ပညာသင်ကြားပေးခြင်းဖြင့် သာသနာပြုခြင်း
အရေးကြီးသော ပညာသင်ကြားပေးရေးစနစ်မှာ အရည်အခြင်း ပြည့်ဝစွာ ပြင်ဆင်သင်ယူထားသော သင်ကြားပေမည့်သူတို့၏ ကဏ္ဍသည် အလွန်အရေးပါသောကဏ္ဍဖြစ်ကြောင်း နှင့် ပညာသင်ကြားပေးခြင်းသည် အသက်မွေးဝမ်းကြောင်း အလုပ်သက်သက်မဟုတ်ပဲ သာသနာပြုလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သင်းကြားပေးသော ဆရာသမာ၏ ဂုဏ်သိက္ခာ အားဖြင့် သူပတ်ဝန်းကျင်မှာရှိသော သဘာဝတရားကပေးထားသည် အစွမ်းအစလေးများကို ပြုစုပျိုးထောင်ဖော်ထုတ်ပေးကြရမယ်။

♥ ပြောင်းလည်းလာသည့် ပညာရေး နည်းလမ်းများ
ရဟန္တာ များလည်း အလင်းကျေးဇူးတော်အားဖြင့်ရရှိခဲ့သည် သင်ကြားသော နည်လမ်းကောင်းများကို သူတို့ဘဝများတွင် လက်တွေ့အသုံးချပြီး သင်ကြားပေးခဲ့ကြတယ်၊ မျိုးတူသော အရာများကို စုစည်းသကဲ့သို့ စိတ်ဝင်စားမှု၊ ဝါသနာအရင်းခံနှင့် ကလေးတို့၏ ဗီဇလေးတွေကို ဖော်ထုတ်စုစည်းသင်ကြား ပေးခြင်းသည် ထိရောက်စေသော နည်းလမ်း အဖြစ်တွေ့ကြုံခဲ့ရဖူးကြောင်း၊ လူငယ်များအတွက် လူရွယ်လူလတ် များအတွက် ဘာသာတရားသင်ကြားပေးရေး၊ ပညာသင်ကြားပေးရေးတို့အတွက် ရည်ရွယ်ပြီး ဆရာဆရာမများ ညီလာခံကို ဒေလာဆာဘရာသာများမှ ပြုလုပ်နေတာကို ဝမ်းသာကြောင်း၊ ပညာရေး အလွန်လိုအပ်နေသော ဒေသများကို ပြု ပြင်ပြောင်းလည်းပေးရေ နည်းလမ်းအဖြစ် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းအလုပ်များကို မိတ်ဆက်ပေးခြင်း ဖော်ဆောင်ပေးခြင်းဖြင့် ဖော်ဆောင်ပေးကြဖို့ တိုက်တွန်းကြောင်း။

♥ ပညာရေးဖြင့် မျှော်လင့်ချက်များ ပွင့်လမ်းပါစေ
ပညာကင်မဲ့မှုကြောင့်သေဆုံးပျက်စီးနေသော ဘဝအခြေအနေတွေကို ပညာသင်ကြားပေးခြင်းအားဖြင့် ပြန်လည်ရှင်သန်လာစေဖို့ နှင့် ယနေ့ခေတ် လူအများခံစားနေရသည် ဘဝအခက်အခဲကြောင့် စိတ်ရှုပ်ထွေးများတွင် နေရသူများ၊ အနှိမ်ခံ၊ သိက္ခာချအရှက်ကွဲးမျက်နှာငယ်ဘဝတွင်နေရသူများ၊ ထမင်းတလုပ်ကို ခက်ခဲကြမ်းတမ်းစွာရုံးကန်ရှာဖွေစားသောက်နေကြရသူများ နှင့် မျော်လင်ချက်မဲ့စွာ ဆင်ရဲးမွဲးတေနေသည့် ဘဝများကို ပညာရေးဖြင့် ကူညီလမ်းပြပြီး မျှော်လင်ချက်များပြန်လည်ရှင်သန်လာအောင် ကူညီပေးကြပါ ဟု တိုက်တွန်းခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-brothers-ch...

#pope, #generalaudience, #lasallians, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 14 =