စီစီလီ ခရီးစဉ်အတွက် ပြင်ဆင်ပေးကြသူအားလုံးကို ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကျေးဇူးတင်

အပတ်စဉ် တနင်္ဂနွေနေ့ အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း

စီစီလီ ခရီးစဉ်အတွက် ပြင်ဆင်ပေးကြသူအားလုံးကို ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကျေးဇူးတင်
စက်တင်ဘာလ ၁၆၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-palermo-ang...

#pope, #angelus, #beopened, #help, #peterkm,
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အပတ်စဉ် တနင်္ဂနွေနေ့ အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း အပြီးတွင် ပြီးခဲ့သော စနေနေ့က လည်ပတ်ခဲ့သော အီတလီနိုင်ငံ စီစီလီကျွန်း ခရီးစဉ်အတွက် ပြင်ဆင်ပေးကြသူအားလုံးကို ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
သူ၏ ခရီးတလျှောက်လုံးပြင်ဆင်ပေးကြသူများအားလုံကို ကျေးဇူးတင်ကြောင်း၊ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ဘာသာသူများ၊ လူငယ်များ လေယာဉ်မှုး လေယာဉ်ဝန်ထမ်း​အားလုံး၊ ဟယ်လီကော်ပတာ ခရီးစီစဉ်ပေးသူ မောင်းပေးသူများ အားလုံကိုလည်းကျေးဇူးတင်ကြောင်း၊ အထူးသဖြင့် ဆရာတော် Rosario Gisana, နှင့် Corado Lorefice တို့၏ သာသနာ လုပ်ငန်းစဉ်များအားလုံးအတွက် ကျေးဇူးတင်ကြောင်း၊ နွေးထွေးပြူငှါစွာကြိုဆိုခဲ့ကြသည်​့ လှပသော ကျွန်းတွင်နေထိုင်ကြသူများ၊ မိသားစုဝင်များ၊ လူငယ်မောင်မယ်များ အားလုံးကို ​ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး စီစီလီကျွန်းတွင်နေထိုင်သူများအား လွန်ခဲ့သော ၂၅ နှစ်က မားဖီးယာဂိုဏ်း ၏ လက်ချက်ဖြင့် သာသနာနှင်​့ အများကောင်းကျိုးအတွက် အသက်ပေးသွားသော သူတော်စင် ​ဘုန်းတော်ကြီး Giuseppe Pino Puglisi ကိုအတုယူပြီး ဘုရားသခင်အတွက်၊ သာသနာနှင့် ​အများကောင်းကျိုးအတွက် သက်သေခံနိုင်သူများဖြစ်ကြရန် တိုက်တွန်းခဲ့ပါသည်။
ဆက်လက်ပြီး ရဟန်းမင်းကြီးမှ ချစ်ခြင်း​မေတ္တာ သည် မုန်းတီးခြင်းထက်ပို၍အားသန်​​ကြောင်း၊ ကောင်းမြတ်မှုသည် မကောင်းမှု့ထက်သာ၍ အား​ကောင်​း​ကြောင်း သူတော်စင်​ Giuseppe Pino Puglisi မှ ကျွနု်​ပ်တို့အားပြသခဲ့သည်​ဟု အရှင်​သူမြတ်​က မိန်​့ခဲ့သည်​။ ကျေးဇူးတင်စကားပြော ပြီး​နောက်​ စိန်ပီတာရင်ပြင်တွင်ရှိနေကြသောသူများအား စီစီလီကျွန်းသူကျွန်းသားတို့၏ ဧည့်ဝတ်ကျေ ပွန်မှုကိုတုန့်ပြန်သည့်အနေဖြင့် လက်ခုပ်သြဘာ​ပေး၍ ကျေးဇူးတုန့်ပြန်ခဲ့ပါသည်။

 

Add new comment

8 + 1 =