စိန်ဂျိုးဇက်သည်အဓိပ္ပာယ်ရှိသောလူမှုပေါင်းသင်းဆက်ဆံရေးရဲ့စံပြဖြစ်သည်

စိန့်ဂျိုးဇက်သည် အဓိပ္ပါယ်ရှိ သောလူမှုပေါင်းသင်းဆက်ဆံရေး၏စံပြဖြစ်သည်’ ဟု ပုပ်ဖရန်စစ်မိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဧ၀ံဂေလိကျမ်း‌ရေးပုဂ္ဂိုလ်သံမာတေဦးနှင့်သံလုကာတို့၏တင်ပြချက်ကိုအခြေခံ၍ ကယ်တင်ခြင်းသမိုင်း၌ စိန့်ဂျိုးဇက်၏အရေးကြီးပုံကိုထောက်ရူထားသည်။ ဧ၀ံဂေလိကျမ်းရေးသူများမှ ယေဇူးသခင် ၏ဆွေစဉ် မျိုးဆက်စာရင်းကိုရေတွက်ရာတွင် သံမာတေဦးက ‘အာဘရာဟံ’ မှဆင်းသက်လာကြောင်းနှင့်သံလုကာက မူ အာဒမ်မှဆင်းသက်လာကြောင်းဖော်ပြထားသည်။ သို့သော် နောက်ဆုံး၌ ဂျိုးဇက်နှင့်ယေဇူးသခင်နှင့်အဆုံးသတ် ထားသည်။

ကျမ်းရေးသူနှစ်ဦးလုံး၏တင်ပြချက်မှာ ဂျိုးဇက်သည် ယေဇူးသခင်၏သွေးသားနှင့်တော်စပ်သောဖခင်မဟုတ်ကြောင်းကိုရှင်းလင်းတိကျစွာဖော်ပြထားသော်လည်း ဂျိုးဇက်သည် ယေဇူးသခင်၏ ဖခင်အရင်းကဲ့သို့ရေးသား ထားသည်။ ဂျိုးဇက်အားဖြင့် ယေဇူးသခင်သည် သမိုင်း၌ကြိုတင်ဟောချက်ကိုပြီးပြည့်စုံစေခဲ့သည်။ ထိုဟောထား ချက်ကား ဘုရားနှင့်လူကြားကယ်တင်ခြင်းတရားကိုရယူပေးနိုင်ခဲ့သည်။

ခရစ္စတူး၏အစေခံ

ဂျိူးဇက်သည်ဘုရားသခင် ၏ကယ်တင်ခြင်းအကြံအစည်၌ အချက်အချာကျသူဖြစ်သည်။ သို့သော် အဖြစ်အပျက်၌လည်းကောင်း၊ လူမှုအသိုင်းအဝိုင်း ၌လည်း ကောင်းမပေါ်လွင်လှဘဲ မှေးမှိန်ဘေးရောက်နေသကဲ့သို့ဖြစ်နေ သည်။ သို့သော် ဂျိုးဇက်အနေဖြင့် မိမိအားပေးအပ်သောအမှုတော်ထက်ကျော်လွန်၍ ထင်ပေါ်ကျော်ကြားလူသိများ စေရန် အတင်းလုပ်ဆောင်ခဲ့ခြင်းမရှိ။ လူမသိသူမသိ၊ သိုသိုသိပ်သိပ်ဖြင့်နေထိုင်ခဲ့သူ၊ ကြား၀င်ဆုတောင်းပေးသူ၊ ခက် ခဲသောအချိန်အခါ၌ လမ်းညွှန်ပြသပေးသူအဖြစ်လူတိုင်းခံစားရပေမည်။ ပထမနေရာ၊ အရေးပါအရာရောက်သောနေ ရာ၌မဟုတ်သော်လည်း ကျွန်ုပ်တို့အားလုံးသည် ကယ်တင်ခြင်းလုပ်ငန်း စဉ်၌ သူမတူသောအရေးပါသူဖြစ်ကြောင်းကို တရားပေးနေပါသည်။ ကမ္ဘာကြီးသည် ဤသို့သောလူမျိုးကိုအလိုရှိသည်။

ကယ်တင်ရှင်အားစောင့်ရှောက်သူ

သံလုကာ၏ဧ၀ံဂေလိကျမ်း၌ ဂျိုးဇက်သည် ယေဇူးနှင့်မယ်တော်တို့၏အထိန်းတော်အဖြစ်ပုံဖော်ထားသည်။ ဤပုံရိပ်သည် သမိုင်းတစ်လျှောက်၌ သာသနာတော်ကြီးအားစောင့် ရှောက်သူအဖြစ် ကြည်ညိုလေးစားစေခဲ့သည်။ ဘုရား သခင်သည် ဂျိုးဇက်အား သူ၏ညီကိုသတ်သွားသောကိန္န၏အစား ညီအစ်ကိုများအား ဘေးရန်များမှကင်း‌ ေ၀းစေရန် စောင့်ရှောက်ရသည့်အမှုတော်ကိုပေးအပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကိန္နသည် သူ၏ညီကိုသတ် ပြီးနောက် တာ၀န်မယူဘဲ သူ့ညီ၏အစောင့်အရှောက်မဟုတ်ဟု ရိုင်းပြစွာဘုရားသခင်ကိုပြန်လည်အာခံခဲ့သည်။ ဂျိုး ဇက်သည် သူ၏အသက်တာဖြင့်ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှများအားလည်းကောင်း၊ ကျွန်ုပ် တို့အနီး အပါးရှိနေရာများအားလည်း ကောင်း၊ ဘုရားသခင်အပ်နှံထားသောသူများကိုအချိန်အခါမရွေးစောင့်ရှောက်ရန် တာ၀န်ရှိကြောင်း ကိုတရားပြပေးနေသည်။

ထိခိုက်နာကျင်ရသူများအားမှိုင်းမသူ

စိန်ဂျိုးဇက်သည် ကျွန်ုပ်တို့ခေတ်ကာလ၏လူမှုအသင်း အဖွဲ့ လိုအပ်နေသော လူမူဆက်ဆံရေး၌ သဟဇာတ ဖြစ်အောင်နေထိုင်နည်းကိုသင်ကြားပြနေသည်။ ကျွန်ုပ်တို့သည် အတိတ်နှင့်ဆက်နွယ်ပြီး၊ အနာဂတ်အထိလိုက်ပါ လာမည့်အချည်အနှောင်ရှိကြောင်းကို ယေဇူးသခင်၏ဆွေစဉ်မျိုးဆက်စာရင်းကကျွန်ုပ်တို့အားအသိ၀င်စေသည်။ ဘု ရားသခင်၏သားတော်သည် ထိုအချည်အနှောင်များဖြင့်လူ့အဖြစ်ကိုခံယူရန်ကြွဆင်းလာခဲ့သည်။ ဤအကြောင်းအ ရာကိုမိန့်ကြားနေရင်းရဟန်းမင်းကြီးက ၄င်းတို့၏ ဘ၀၌ အဓိပ္ပါယ်ရှိသောလူမှု ဆက်ဆံရေးရှိနိုင်ရန် ရုန်းကန်နေကြသူများကိုသတိရလိုက်မိ
ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မပြေပြစ်သောဆက်ဆံရေးသည် လူမြောက်မြားစွာအားအ ထီးကျန်စေသည်။ ရှေ့ဆက်တိုးရန်အတွက်အင်အားများချိနဲ့ခန်းခြောက်စေသည်။

ခက်ခဲချိန်၌ထောက်ပံ့ဖေးမခြင်း

ရဟန်းမင်းကြီးသည် စိန့်ဂျိုးဇက်အကြောင်းထောက်ရူချက်ကို အောက်ပါဆုတောင်းမေတ္တာဖြင့် အဆုံးသတ် လိုက်ပါသည်။ ဤဆုတောင်းမေတ္တာသည် အထီးကျန်စွာဘ၀ပေးအခြေအနေကိုရုန်းကန်နေကြသူများအတွက် စိန့်ဂျိုးဇက်အား ‘မိတ်ဆွေ၊ သူငယ်ချင်း၊ အထောက်အပံ့ပေးသူ’ အဖြစ်လက်ခံနိုင်ရန်ဖြစ်ပါသည်။

စိန့်ဂျိုးဇက်

အရှင်သည် မယ်တော်နှင့်ယေဇူး၌ရှိသော အချည်အနှောင်ကိုကာကွယ်စောင့်ထိန်းခဲ့သကဲ့သို့၊ ကျွန်ုပ်တို့အ သက်တာ၌လည်း သတိရှိရှိဖြင့်ဆက်ဆံရေးအဆင်ပြေစေရန်ကူညီတော်မူပါ။ အထီးကျန်မှုမှမွေးဖွားလာသော စွန့်ပစ်ခံရခြင်းဆီသို့မခံစားမိစေပါနှင့်။ ကျွန်ုပ်တို့၏ခေတ်ကာလသမိုင်း၊ ကျွန်ုပ်တို့အရင်သွားနင့်သောသူများနှင့် အဆင်ပြေပြစ်ချောမောစေတော်မူပါ။ မထင်မှတ်ဘဲကျူးလွန်ခဲ့သော အလွဲအမှားများမှ ဘုရားသခင်သည် အကောင်းဖြစ် အောင်ပြုပြင်ပြောင်းလဲပေးသော ကြောင့် မကောင်းမှုသည် မည်သို့မျှအောင်လံမထူနိုင်ပေ။ အရှင်သည် မယ်တော်နှင့် ယေဇူးသခင်တို့၏စိန်ခေါ်မှုပြည့်နေသောဘ၀ကြမ်း၌ မားမားမတ်မတ်ရပ်တည်ပေးခဲ့သကဲ့သို့ ဘ၀ကိုခက်ခဲကြမ်း တမ်းစွာရုန်းကန်နေကြရသူများတို့၏မိတ်ဆွေအဖြစ်ရပ်တည်ပေးတော်မူပါ။ ကျွန်ုပ်တို့၏ဘ၀ခရီးတစ်လျှောက်၌ လည်းထောက်ပံ့ကာကွယ်ပေးတော်မူပါအရှင်၊ အာမင်
 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Add new comment

6 + 6 =