စိန့် ပီတာမှ ဆင်းသက်လာသော ယုံကြည်ခြင်း၌ကျွန်ုပ်တို့စည်းလုံးမှုကို ခံစားရ

ရဟန်းမင်းကြီး ပုပ်ဖရန်စစ် နှင့် တွေ့ဆုံစဉ်

စိန့် ပီတာမှ ဆင်းသက်လာသော ယုံကြည်ခြင်း၌ကျွန်ုပ်တို့စည်းလုံးမှုကို ခံစားရ
မေလ ၈၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မေလ ၇ ရက်နေက့ သိုးထိမ်းခရီးစဉ် လာရောက်လည်ပတ်ခဲ့ခြင်းကြောင့် အရှေ့တိုင်း သြသဒေါ့စ် ထွန်းကားသော နိုင်ငံတွင် နှစ်သောင်းခန့်သာရှိသော သေးငယ်ပြီး လုပ်ရှားအသက်ဝင်နေသည့် ကက်သလစ် အဖွဲ့အစည်း အတွက် ကြီးမားသော ကက်သလစ်အသင်းတော်ကြီး၏ စိန့် ပီတာမှ ဆင်းသက်လာသော ယုံကြည်ခြင်း၌ ကျွန်ုပ်တို့စည်းလုံးမှုကို ခံစားရပါသည်ဟု အရှေ့တိုင်း ကက်သလစ်ထုံးတန်းအစဉ်အလာကို လိုက်နာကျင့်သုံးသည့် မာချေဒိုးနီးယာန် ဘုန်းတော်ကြီး Goce Kostov မှ ဝန်ခံခဲ့ပါသည်။

မေလ ၇ ရက် အင်္ဂါ နေ့က စကော့ပီရေ တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟေားကြားသော မေစ္ဆားတရားပူဇော်ခြင်း၌ ပါဝင်ခဲ့ကြသော ဘာသားရေး ခေါင်းဆောင်များ၊ ခရစ်ယာန် ဂိုဏ်အသီးသီး မှ ခေါင်ဆောင်များကိုလည်း ကျေးဇူးတင်ကြောင်း သူတို့ပါဝင်ခြင်းသည် အခန်းအနားကို ပိုမိုလှပလာစေ၊ ယင်း အတူတကွပါဝင်ခြင်း၌ ဘာသာတရားအခြင်းခြင်းကြား နားလည်မှုများတိုးပွားပြီး ခွန်အားဖြစ်စေသော အရာအဖြစ် မာချေဒိုးနီးယာန် ဘုန်းတော်ကြီး Goce Kostov မှ ပြောကြားခဲ့ပါသည်။

ဒုက္ခအခက်အခဲ ကြုံတွေ့ရချိန် မိသားစုအတူတကွ ဆုတောင်းခြင်း အရေးကြီး ကြောင်း အဲ့ဒီအရာက ယုံကြည်ခြင်း၌ ခွန်အားများစွာ ရရှိကြောင်း မိသားစုနှင့် သိုးထိမ်လုပ်ငန်းအတွက် အရေးကြီးသော အချက်ဖြစ်ကြောင်း ရဟန်းမင်းကြီး ပုပ်ဖရန်စစ် နှင့် တွေ့ဆုံစဉ်က ပြေားကြားခဲ့ကြောင်း ကို ဘိုင်ဇင်တိုင်း ထုံးတန်းအစဉ်အလာကို လိုက်နာသော မာချေဒိုးနီးယာန် ဘုန်းတော်ကြီး Goce Kostov မှ ဗာတီကန် သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/church/news/2019-05/north-macedonia-pope-v...

#pope, #visit, #northmacedonia, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

7 + 1 =