စိန့် စတေဖနု သင်ကြားပေးသော ခွင့်လွတ်ခြင်း


စိန့် စတေဖနု သင်ကြားပေးသော ခွင့်လွတ်ခြင်း
ဒီဇင်္ဘာ ၂၆၊ ၂၀၁၈

 

အပတ်စဉ် တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် ပထမဦးဆုံး သခင်ခရစ်တော်အတွက်အသက်ပေးသွားသူ စိန့် စတေဖနု သင်ကြားပေးသော ခွင့်လွတ်ခြင်း အကြောင်းကို ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။

 

ဒီဇင်္ဘာလ ၂၆ ရက်နေ့သည် ပထမဦးဆုံး သခင်ခရစ်တော်အတွက်အသက်ပေးသွားသူ စိန့် စတေဖနု ၏ပွဲနြေ့ဖစ်ပါသည်။ စိန့် စတေဖနု သင်ကြားပြသခဲ့သော ခွင့်လွတ်ခြင်းသည် ငြိမ်းချမ်းခြင်း၊ ရိုးသားခြင်း နှင့် ဝေမျှခြင်းကို မွေးထုတ်ပေးသောအရာ၊ နှလုံးသားကြီးမားမူကိုဖော်ပြသောအရာအဖြစ် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။

 

သခင်ခရစ်တော် မွေးဖွားလာသောကြောင့် ပျော်စရာအချိန်ကာလမှာ အသင်းတော်က စိန့် စတေဖနု ယုံကြည်ခြင်းအတွက် အသက်ပေးသွားခြင်း ဆိုတဲ့ ဝမ်းနည်းဖွယ်ရာအဖြစ်ကို အသင်းတော်က တင်ပြလာခြင်းဟာ ထူးဆန်းအံသြစရာ ကျွနု်ပ်တို့အတွက် ဆန်ကျင်ဖက်ကြီး ဖြစ်နေပါလိမ့်မယ်။ ဒါဟာထူးဆန်းသော အရာတော့မဟုတ်ပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ကြွလာခဲ့သော ဘုရားရဲ့သားတော်ဟာ တချိန်မှာ လူသားအားလုံးကယ်တင်ခြင်းအတွက် ကားတိုင်ထက်မှာ အသက်ပေးဆပ်ကယ်တင်မှာ ဖြစ်လို့ပါပဲ။ ထို့အတူ စိန့် စတေဖနု ဟာ သခင်ခရစ်တော်၏ ခြေရာအတိုင်း (သူရဲ့အသက်ကိုဘုရားသခင်ထံအပ်နှံပူဇော်ပြီး၊ သူ့ကို သတ်ဖြတ်သူများကို ခွင်လွှတ်ပေးခဲ့သော) ပထမဦးဆုံးလိုက်လျှောက်ခဲ့သူဖြစ်နေလို့ပါပဲ။

 

ဘုရား သခင်၌ ယုံကြည်ခြင်း

စိန့် စတေဖနု အား ဘုရားသခင်ကို စော်ကားသူ မရိုမသေပြောဆိုသူအဖြစ် ကြံစည်ပြီး ကျမ်းတတ်ဆရာတို့မှ တရားစွဲဆိုကာ ကျောက်ခဲဖြင့် ပစ်ပေါက်သတ်ခဲ့ကြတယ်၊ စိန့် စတေဖနု ရဲ့ အခြေအနေက ကျွနု်ပ်တို့ကို ဘဝ ဘယ်လိုအခြေအနေမှာပဲရောက်နေပါစေ၊ ဒုက္ခအရောက်အဆုံး အခြေအနေမှာပဲ ရှိနေပါစေ ဘုရားပေါ်မှာပဲ အမြဲသစ္စာရှိနေမယ်ဆိုတာကို သင်ကြားပေးနေတယ်။ ဘုရားအပေါ်မှာယုံကြည်ခြင်းဆိုတာ အခက်အခဲတွေကနေရှောင်ပြေးခြင်းမဟုတ်ဘူး အဲ့ဒီအခက်အခဲတွေကိုလက်ခံပြီးပိုမိုမြင့်မားတဲ့နေရာတခုကိုရောက်အောင်ကြိုးစားခြင်းသာဖြစ်တယ်။ အဲ့ဒီအခက်အခဲတွေကို အခွင့်လမ်းအဖြစ်ပြောင်းလဲ အသုံးချသွားခြင်းပါပဲ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်လောက်က ယုံကြည်ခြင်းအတွက် အသက်ပေးသွားသူ စိန့် စတေဖနု ကို ယနေ့ အသင်းတော်က ဂုဏ်ပြုကြတယ်။ သူရဲ့ ဘုရားအပေါ် ရွေးချယ်ခဲ့မူကြောင့်ပဲဖြစ်တယ်။

 

အမြဲတမ်းခွင့်လွှတ်ပါ

စိန့် စတေဖနု မသေခင်အချိန်လေးမှာ သူကို သတ်တဲ့သူတွေကို ခွင့်လွတ်ဖို့ ဆုတောင်းပေးခဲ့တယ်၊ သူကိုယ်၌ကလည်း ခွင့်လွှတ်ခဲ့တယ်။ သူဆီကနေငါတို့ သင်ယူရမယ် ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် ခွင်လွတ်နိုင်ဖို့၊ စိန့် စတေဖနု ပေးခဲ့သော ပုံသက်သေဟာ ကျွနု်ပ်တို့ သာသနာအုပ်စု၊ အလုပ်ခွင်၊ ကျောင်း၊ မိသားစုအတွင်းမှာ တစ်ဦးနှင့်တစ်ဦး
ခွင့်လွတ်ခြင်းတရားနှင့်ပေါင်းသင်းဆက်ဆံတတ်ဖို့ သင်ပြနေခြင်းဖြစ်တယ်၊ ခွင့်လွတ်ခြင်းနဲ့သနားကြင်နားခြင်းဟာ အသက်ရှင်သန်မှုနယ်ပယ်ကို ကျယ်ဝန်းလွတ်လပ်စေတယ်။ အဲ့ဒီခွင့်လွတ်နိုင်ခြင်းကို ပိုင်ဆိုင်ဖို့ သခင်ခရစ်တော်ထံမှ တစိုက်မတ်မတ် စုတောင်းခြင်းမှသာ ရရှိနိုင်မယ်။

 

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘုရားဆီမှာပဲ စိတ်အာရုံထားပါ။ စိန့် စတေဖနု သူကိုသတ်တဲ့သူတွေကို ခွင့်လွတ်နိုင်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝနေပြီး ကောင်းကင်ကိုမော့ကြည်ကာ ဘုရားကိုဖူးတွေ့ခွင့်ရခဲ့တယ်၊ အဲ့ဒီဘုရားမှာစိတ်အာရုံထားခြင်းကပဲ သူကို သေတဲ့အထိဒုက္ခတွေကိုခံနိုင်ဖို့ ခွန်အားတွေ ပေးခဲ့တယ်။ တို့လည်းပဲ ဒုက္ခအခက်အခဲတွေကို ခံနိုင်ဖို့ ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် ဘုရားသခင်ထံမှာပဲ စိတ်နှလုံးပုံအပ်ထားနိုင်ဖို့၊ ဒုက္ခအခက်ခဲရောက်ချိန်မှာ သန့်ရှင်းသောဝိညာဉ်တော် ကျေးဇူးရရှိဖို့ ဆုတောင်းနေကြပါစိုဟု ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2018-12/pope-francis-angelus-sai...

#stephen, #pope, #audience, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

16 + 2 =