စည်းလုံးခြင်းအတွက်ဆုတောင်းကြပါ။ ဓမ္မညီလာခံအတွက်ဆုတောင်းကြပါ။

စည်းလုံးခြင်းအတွက်ဆုတောင်းကြပါ။ ဓမ္မညီလာခံအတွက်ဆုတောင်းကြပါ။

 

            ပုပ်ရဟန်းမင်းကြီး၏ ခရစ်ယာန်များစည်းလုံးခြင်းရရှိရေးရုံးတော်၏ ဥက္ကဌ ကာဒီနယ် Koch နှင့်ဆရာတော်ကြီး များ၏ ဓမ္မညီလာခံဆိုင်ရာ အထွေထွေအတွင်းရေးမှူး ကာဒီနယ် Grech တို့သည် (၂၀၂၁၊ အောက်တိုဘာလ ၂၁) ရက် နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်၍ ခရစ်ယာန်များ စည်းလုံးညီ ညွှတ် ခြင်းရရှိရေးနှင့်ဆိုင်သော တာ၀န်ရှိဆရာတော် ကြီးများအားလုံးပေးပို့ ညွှန်ကြားခဲ့သည်။ အဆိုပါပူး တွဲကြေညာ ချက်ထဲ၌ ‘ဓမ္မညီလာခံကျင်းပခြင်းနှင့်ခရစ်ယာန်များ စည်းလုံးခြင်းရရှိရန်မှာ ဒွန်တွဲ လျှောက် လှမ်းရ မည့်လုပ်ငန်းစဉ်ဖြစ်သည်။ ခရစ်ယာန်များစည်းလုံးခြင်းကို ‘လက် ဆောင်မွန်များဖလှယ်ခြင်း’ ဟုသဘော ပေါက်ရမည်ဖြစ်ကြောင်း၊ ကက်သလစ်သာသနာတော်ကြီးအနေဖြင့် အခြား သောခရစ် ယာန်ညီအစ်ကိုများထံမှရရှိနိုင်သော လက်ဆောင်မွန်များအနက်တစ်ခုမှာ ဓမ္မညီလာခံကြီးနှင့်ပတ်သက် သော ၄င်းတို့၏တွေ့ကြုံခံစားမှုပင်ဖြစ်သည်။

            (၂၀၂၂) ခုနှစ်၏ ‘ခရစ်ယာန်များစည်းလုံးခြင်းအတွက် ဆုတောင်းရာတစ်ပတ်တာ’ ၏ဆောင် ပုဒ်မှာ ‘ကျွန်ုပ် တို့သည် အရှေ့အရပ်၌ ကြယ်တော်ကိုမြင်တွေ့ခဲ့သည်။ သူ့အားဖူးမြှော် ရှိခိုးရန် ရောက် ရှိလာ ကြသည်’ ဟုဖြစ်သည် (သံမာတေဦး ၂း၂)။ ဤဆောင်ပုဒ်ကို အရှေ့အလယ် ပိုင်း အသင်း တော် ကောင်စီမှရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရည်ရွယ် ချက်မှာ ကျင်းပရန်ရှိသည့် ဓမ္မညီလာခံ၌ ခရစ် ယာန်များစည်းလုံးခြင်းရှိလာစေရန်တိုးမြင့်လုပ်ဆောင်နိုင်သော အခွင့် အခါကောင်းကိုပေးရန်ဖြစ်သည်။  

 

ကျွန်ုပ်တို့၏ လက်ဆောင်ပဏာများကို ဖွင့်ပြခြင်း၊

            ဆောင်ပုဒ်ကိုထောက်ရှုမည်ဆိုပါက မင်းပညာရှိများကဲ့သို့ပင် ခရစ်ယာန်များလည်း အတူတကွ ခရီးနင်နေကြ ခြင်းဖြစ်သည် (synodos = ခရီးအတူသွားခြင်း)။ ထိုခရီးကို ကောင်းကင်မှ အလင်းတော်၏ လမ်းညွှန်မှု ကို အတူတကွခံ ယူလျှောက်လှမ်းရင်း တူညီသော လောကီအမှောင် တုကြီးကိုရင်ဆိုင် ဖြတ် လျှောက် နေသည်။ က‌မ္ဘာလူသားများသည် လည်း ဘုရားသခင်ကိုရှိခိုးကိုးကွယ်ရန်၊ ၄င်းတို့၏ ရတနာ များ ကိုဖွင့်၍ကပ်လှူရန်ဖိတ်ခေါ်ခြင်းခံရသူများဖြစ်ကြ သည်။ ခရီးသွား ဖော်လိုအပ် သည်ကိုလည်း သိထားရမည်။ ထို့အတူ ခရစ်တူသခင်နှင့်နွယ်၍ တော်စပ်ရသော ကျွန်ုပ် တို့ညီအစ်ကို မောင်နှမများ ထံမှလည်း လက်ဆောင်များစွာရှိသည်ကိုလည်း နားလည်ရမည်။ သူတို့အားလည်း ဤနှစ် နှစ်တာ အတွင်း၌ ကျွန်ုပ်တို့နှင့်အတူ ခရီးသွားကြရန်ဖိတ်ခေါ်ရမည်။ ကျွန်ုပ်တို့၏ရတနာများကို ပွင့်လင်းမြင်သာစွာ ဖွင့်ချခြင်းဖြင့် သန့်ရှင်းသော၀ိညာဉ်တော်ဘုရားမှ အခြားသော ခရစ်ယာန် အသင်းအဖွဲ့များအပေါ်သွန်းလောင်းသော လက်ဆောင်များ ကိုလည်းမျှယူ ခွင့်ရမည်ဟု မျှော်လင့်သည်။ ထိုလက်ဆောင်များသည် အားလုံးစည်းလုံးစေရေးကို တည်ဆောက်သောအကြောင်းအရင်းဖြစ်ပေမည်။         

 

ဆုတောင်းခြင်း၊

            အထက်ကဆိုခဲ့သော ရဟန်းမင်းကြီး၏ရုံးတော်နှစ်ခုမှ တာ၀န်ရှိသူများအနေဖြင့် ဓမ္မညီလာ ခံဖြစ်မြောက်ရေး အတွက်ဆုတောင်းရန် အောက်ပါဆုတောင်းမေတ္တာကိုသီကုံးပေးပို့လိုက်ပါသည်။ ဤဆုတောင်းမေတ္တာ၌ ခရစ်ယာန် များစည်းလုံးညီညွှတ်ခြင်းရရှိရေးနှင့်ဆက်နွယ်၍ အခြားဆီ လျှော်သော ရည်ရွယ်ချက်များလည်း ထည့်သွင်းနိုင်ပါ သည်။

 

ကောင်းကင်ရှင်အဖ

            မင်းပညာရှိတို့သည် ကြယ်တော်၏လမ်းပြခေါ်ဆောင်မှုဖြင့် ဘက်သလဟင်ရှိရာအရပ်ဆီသို့ ဦးတည် ခရီးနင်ခဲ့ ကြပါသည်။ ကိုယ်တော်၏ ကောင်းကင်အလင်းရောင်တော်အားဖြင့် ကက်သလစ် သာသနာ တော်ကြီးကိုလည်း ယခု ကျင်းပမည့် ဓမ္မညီလာခံ၌ အခြားသောခရစ်ယာန်များနှင့်အတူတကွ လျှောက် လှမ်းနိုင်ရန် လမ်းပြဦးဆောင်ပေးတော် မူပါ။ မင်းညာရှိတို့သည် ယေဇူးသခင် အားဖူးမြှော်ရှိ ခိုးရာ၌ တစ်စိတ်တစ်၀မ်းတည်းရှိခဲ့ကြသကဲ့သို့ ကိုယ်တော့်သား တော်နှင့်လည်းကောင်း၊ အချင်းချင်းကြား၌လည်းကောင်း ပိုမိုနီးကပ်စွာရှိနေစေရန်ဦးဆောင်တော်မူပါ။ သို့မှသာ ကျွန်ုပ်တို့သည် ကိုယ်တော်လိုလားသော ခရစ်ယာန်အသင်းအချင်းချင်းသည်လည်းကောင်း၊ ဖန်ဆင်းခံတစ်ခုလုံး၏ စည်းလုံးခြင်းနိမိတ်တစ်ခုဖြစ်လာကြမည်ဖြစ်သည်။ ဤတောင်းဆုများကို တပည့်တော်တို့၏အရှင် ခရစ္စတူးသခင် အားဖြင့်လျှောက်တောင်းကြပါသည်။ အာမင်     

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3qRdpOF

Add new comment

1 + 1 =