စစ်မှန်သော အနားယူခြင်းနှင့် မှားယွင်းသော အနားယူခြင်း

စစ်မှန်သော အနားယူခြင်းနှင့် မှားယွင်းသော အနားယူခြင်း
စက်တင်ဘာလ ၅၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-audience0.html

#pope, #generalaudience, #rest, #peterkm
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရှင်သူမြတ်သည် ပညတ်တော်ဆယ်ပါးမှ တတိယ ပညတ်တေ်ာ ဖြစ်သည့် "ဘုရားရှင်၏ သီတင်းပွဲနေ့တို့ကိုစောင့်လော" ကို အခြေခံပြီး သွန်သင်ခဲ့ပါသည်။
ဘုရားရှင်အတွက် သတ်မှတ်ပေးထားသောနေ့ သန့်ရှင်းသောနေ့ကို သတိရှိစွာ အသုံးပြုကြရန်၊ ဘုရားရှင်သည် ဖန်ဆင်းခြင်းလုပ်ငန်းအပြီး ၇ ရက်မြောက်နေ့တွင် အနားယူတော်မှုခြင်းဆိုသည်မှာ ဖန်ဆင်းခြင်း၏ ကောင်းမြတ်မှုများကိုပြန်လည်ထောက်ရှုခြင်းကိုဆိုလိုသည်ဟု ရှင်းပြခဲ့ပါသည်။

မှားယွင်းသောအနားယူမှု
လူအဖွဲ့အစည်းသည် အားလပ်ရက်နှင့် ပျော်ပွဲရွှင်ပွဲများကို ဆာလောင်နေကြသည်။ မကောင်းသောပျော်ရွင်မှုများ၌ အနားယူခြင်း၊ သာယာမှုရှာဖွေခြင်းသည် စစ်မှန်သော အနားယူခြင်းမျိုးမဟုတ်ပေ၊
ပျော်ပွဲရွင်ပွဲများ၌ အနားယူမှုသည် စစ်မှန်သော ဘဝ၏ အနားယူမှုပုံစံမဟုတ်ပေ၊ ယင်းပျော်ပွဲရွှင်ပွဲများသည် အမှန်တရားနှင့်ပိုမိုဝေးကွားစေပါသည်။ မိမိအတွင်းစိတ်လိုအပ်ချက် ကို မပြည့်ဝစေသလို လိုအပ်မှု၊ မပြည့်ဝမှု့များကိုသာပိုမိုဖြစ်ပေါ်စေပါသည်။

စစ်မှန်သော အနားယူမှုသည်
ဘုရားရှင်၏ ကျေးဇူးတော်နှင့် တစ်ပတ်တာဖြတ်သန်းခဲ့ရမျှကို ကျေးဇူးတင်ချီးမွမ်းလျှက် ယင်းအချိန်သည် ဘဝ၏ လှပမှု အမှန်တရားကိုထောက်ရှုခြင်း၊ ဘုရား၏ သနားကြင်နာခြင်းရရှိခဲ့သည့် အရာများအပေါ် ဘုရားအား ကျေးဇူးတင်ခြင်းဖြစ်သည်။ တနင်္ဂနွေနေ့ အနားယူသောနေ့သည် တစ်ပတ်အတွင်းလုပ်ခဲ့သမျှအရာများကို မေ့ဖျောက်လိုက်ရန် အနားယူသောနေ့မဟုတ်ဘဲ တစ်ပတ်တာ လုပ်ဆောင်ခဲ့သမျှ အရာများကို ပြန်လည်ထောက်ရှု သုံးသပ် ဘဝ၏ တန်ဖိုးရှိမှုများကို သိရှိပြီး ကောင်းမွန် ငြိမ်းချမ်းစွာ အနားယူခြင်းဖြစ်ပါသည်။ ငြိမ်းချမ်းမှုသည် ရွေးချယ်မှုတစ်ခုဖြစ်ပါသည်၊ ထည့်သွင်းလို့မရသလို၊ သူအလိုလိုလည်းဖြစ်မလာပါ။
အနားယူရာနေ့ အားလပ်ရက်များ၌ ဘုရားရှင်၏ အလိုတော်ကိုသုံးသပ်၍ အရာအားလုံးသည် ဘုရား၏ ကျေးဇူးတော်ကြောင့်ဖြစ်သည်ကို မြင်တွေ့ရန်လိုသည်။ ဘုရားသခင်၌သာ စစ်မှန်သော ငြိမ်ချမ်းမှုတည်ရှိကြောင်း ဟောပြောသွန်သင်ခဲ့ပါသည်။

 

Add new comment

1 + 3 =