Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စစ်မှန်သော ကိုယ်တော်မြတ် စက္ကရ်မင်းတူး၌ ခရစ်ယာန်များ အချင်းချင်း ဝေမျှကြပါ
စစ်မှန်သော ကိုယ်တော်မြတ် စက္ကရ်မင်းတူး၌ ခရစ်ယာန်များ အချင်းချင်း ဝေမျှကြပါ
ဇွန်လ ၂၃၊ ၂၀၁၉
အပတ်စဉ် တနင်္ဂနွေနေ့ တိုင်းတွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ကိုယ်တော်မြတ်စက္ကရ်မင်းတူး ပွဲတော်နေ့ မုန့်များနှင့် ငါးများကို ပွားများစေခြင်း သမ္မာကျမ်စာကို အခြေခံပြီး ဝေမျှဟောကြားခဲ့ပါသည်။
သခင်ခရစ်တော်က သူရဲ့နောက်လိုက်တွေကို ဝေမျှတဲ့သူတွေဖြစ်ဖို့ လမ်းပြညွန်ကြားနေတယ်၊ ကိုယ့်မှာရှိတဲ့အရာဟာ သေးငယ်ပါစေ၊ အရေအတွက်နည်းနေပါစေ၊ ဘုရားတန်ခိုးတော် ကျေးဇူးတော်နဲ့ပေါင်းစပ်လိုက်ရင် အများကြီးဖြစ်လာတယ်။ ဒီမုန်နဲ့ ငါးကို ပွားများစေခြင်းတန်ခိုးတော်ဟာ သခင်ခရစ်တော်က သူရဲ့ မက်ဆီးယား ဖြစ်ခြင်းကို ဖော်ပြခြင်းနဲ့ လူတို့အပေါ်မှာထားတဲ့ သူရဲ့သနားကြင်နာမူ့ကို ဖော်ပြလိုက်ခြင်းဖြစ်တယ်။
ဒီမုန်နဲ့ ငါးကို ပွားများစေပြီး လူအများကြီးကို ကြွေးခဲ့ခြင်း ဆိုတာက သူ့ကိုယ်သူ ပူဇော်မည့် သူရဲ့အသွေးအသားတော် ကိုယ်တော်မြတ်စက္ကရ်မင်းတူး ကို ကြိုတင်ဖော်ပြပေးခြင်းဖြစ်တယ်။ သခင်ခရစ်တော်ရဲ့ အဖ ခမည်းတော်အပေါ်မှာ ထားတဲ့ချစ်ခြင်းမေတ္တာ နှင့် လူသားတို့အပေါ်မှာထားသော ကြီးမားသည့် ချစ်ခြင်းမေတ္တာ ကို ကိုယ်တော်မြတ်စက္ကရ်မင်းတူး မှာ ဖော်ပြနေတယ်။ လူသားတွေကို အဖ ခမည်းတော်ဘုရားနှင့် ကိုယ်တော်မြတ်စက္ကရ်မင်းတူး အားဖြင့်ပေါင်းစပ်စေတယ်။
သခင်ခရစ်တော် နောက်ဆုံးညစာစားပွဲမှာ မုန့်ကို ဖဲ့တော်မူပြီး တပည့်တော်ကြီးတွေကိုပေးခဲ့ခြင်းက အသစ်သော ကတိသစ္စာ၊ ထာဝရတည်သော ပိဋိညာဉ် မမေ့နိုင်သော သခင်ခရစ်တော်၏ ဒုက္ခခံခြင်း၊ အသေခံခြင်း နှင့် ရှင်ပြန်ထမြောက်စေခြင်း အမှတ်တရတို့ကို ဖော်ပြနေခြင်းဖြစ်တယ်။
ကိုယ်တော်မြတ်စက္ကရ်မင်းတူး အံသြစရာဖြစ်ပြီးပျော်ရှွင်စရာကောင်းတဲ့ ဘုရားပေးသော ထူခြားကြီးမြတ်သည့်ကျေးဇူးတော် ပွဲတော်နေဖြစ်တယ်၊ ကျေးဇူးတင်ခြင်းနှင့် ဘုရားကို ကြိုဆိုကြစို့၊ ကိုယ်တော်မြတ်စက္ကရ်မင်းတူး မင်္ဂလာမြတ်ကို ခံယူသည့်အခါတိုင်း အသစ်သောဘဝအသက်တာ သခင်ခရစ်တော်ကိိမ်းအောင်းသော ဘဝအသက်တာနှင့် ရှင်သန်နိုင်အောင် ကြိုးစားကြပါစို့။
https://www.vaticannews.va/en/pope/news/2019-06/pope-francis-angelus-cor...
#pope, #angelus, #corpuschristi, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment