စစ်ဖြစ်နေတဲ့ နိုင်ငံကို စစ်လက်နက် ထောက်ပံ့ပေးခြင်းက နိုင်ငံရေး ဆုံးဖြတ်ချက်ဖြစ်ပြီး လူ့ကျင့်ဝတ်အရ လက်ခံလို့ ရ

မိမိကိုယ်ကိုကာကွယ်တဲ့ စစ်ပွဲအကြောင်း ကဇာစတန် ကနေ ရောမကို ပြန်ကြွလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မိန့်ကြားခဲ့ပါတယ်။ 

 

စစ်ဖြစ်နေတဲ့ နိုင်ငံကို စစ်လက်နက် ထောက်ပံ့ပေးခြင်းက နိုင်ငံရေး ဆုံးဖြတ်ချက်ဖြစ်ပြီး လူ့ကျင့်ဝတ်အရ လက်ခံလို့ ရပါတယ်။

 

ကျွန်ုပ်တို့ ဆွေးနွေးနိုင်တဲ့ လူ့ကျင့်ဝတ် အခြေအနေအရ ထောက်ပံ့ပေးရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ပိုဖြစ်အောင် ဒါမှမဟုတ် စစ်လက်နက်တွေ ရောင်းဝယ်ဖောက်ကားဖို့ အတွက်ပဲ ဆိုရင်တော့ လူ့ကျင့်ဝတ်နဲ့ မကိုက်ညီပါဘူး။ ဘာရည်ရွယ်ချက်နဲ့ လုပ်ဆောင်သလဲ ဆိုတဲ့အပေါ်မှာ လုပ်ဆောင်ချက်က လူ့ကျင့်ဝတ်နဲ့ ညီမညီ သိနိုင်ပါတယ်။  

 

မိမိကိုယ်ကိုကာကွယ်ခြင်းက တရားဝင်ရုံသာမက မိမိဇာတိမြေအတွက် ချစ်ခြင်းပြသတာ ဖြစ်ပါတယ်။

 

မိမိကိုယ်ကိုနဲ့ တစ်စုံတစ်ခုကို မကာကွယ်သူက မချစ်လို့ဖြစ်ပြီး ကာကွယ်တဲ့သူတွေပဲ ချစ်ခြင်းကို ပြသတာ ဖြစ်ပါတယ်။ ရန်လိုပြီး စစ်တိုက်သူ ဖြစ်နေရင်တောင် အာဏာရှိတွေနဲ့ ဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာကြဖို့ ကျွန်ုပ် အားပေးချင်ပါတယ်။

 

တစ်ခါတလေ ဒီလိုမျိုးပဲ ဆွေးနွေး ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ရွံဖို့ကောင်းပေမဲ့ အဲဒီလိုမျိုးပဲ လုပ်ဆောင်ရတာပါ။ အမြဲတမ်း လက်ဖြန့်ထားပြီး တစ်ဆင့်တက်လှမ်းရမှာ ဖြစ်ပါတယ်။ 

 

အဲဒီလိုမှ မဆွေးနွေးဘူးဆိုရင် ငြိမ်းချမ်းရေးရဖို့ နည်းလမ်းတစ်ခုတည်းကို ပိတ်ဆို့နေတာ ဖြစ်ပါတယ်။ တစ်ခါတလေ ဆွေးနွေးညှိနှိုင်းဖို့ လက်မခံတဲ့သူ တချို့ရှိနေတာဟာ အရမ်းစိတ်မကောင်း စရာဖြစ်ပါတယ်။ ဒါပေမဲ့ ဆွေးနွေးညှိနှိုင်းတဲ့ လမ်းစဉ်ကို အမြဲတမ်း ဖွင့်လှစ်ထားရမှာ ဖြစ်ပါတယ်။ 

 

✍️ထန်းဟာ SJ 

Source: Catholic News Service 

Add new comment

3 + 8 =