စစ်မှန်သော ခရစ်ယာန်စည်းလုံးခြင်းအတွက် သန်းရှင်းသော ဝိညာဉ်တော်ဘုရား လမ်းပြပေး

စစ်မှန်သော ခရစ်ယာန်စည်းလုံးခြင်းအတွက် သန်းရှင်းသော ဝိညာဉ်တော်ဘုရား လမ်းပြပေး
စစ်မှန်သော ခရစ်ယာန်စည်းလုံးခြင်းအတွက် သန်းရှင်းသော ဝိညာဉ်တော်ဘုရား လမ်းပြပေး
စက်တင်ဘာ ၂၈၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-council-christian-unity-plenary.html

#pope, #christianunity, #assembly, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အသင်းတော်သည် ခရစ်ယာန်များစည်းလုံးရေးအတွက် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ လုပ်ဆောင်မှုကို လေ့လာရန် ရဟန်းမင်းကြီး ရုံးတော် ခရစ်ယာန်များ စည်းလုံးရေးကောင်စီ၏ Pentecostals, Charismatics, Evangelicals အသင်းတော်များနှင့် စည်းလုံးခြင်းအမြင်အပေါ်အကျိုးသက်ရောက်မှု အစီအစဉ် ရေးစွဲ​ရေးအစည်းအဝေး၌ ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် သောကြာနေ့က ပြောကြားခဲ့ပါသည်။
ခရစ်ယာန်အသင်းတော်များတိုးပွားလာခြင်းအပေါ်အပြစ်မမြင်သင့်ပါ။ ၎င်းသည် အရေးကြီးသော ဖြစ်ရပ်တခုလည်းဖြစ်နိုင်ပါသည်​။ ငါတို့လုပ်ရမှာက သူတို့အထဲမှာ ရှိတဲ့သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လုပ်ဆောင်မှုကိုလေ့လာပြီး သူတို့နှင့်​ တူ
ူညီစွာ စည်းလုံးနိုင်မည့်​အချက်များကိုရှာဖွေရမည်။ ​သူတို့၏ လုပ်ရပ်များကို လစ်လျူမရူဘဲ သူတို့နှင့် တွေ့ဆုံပြောဆိုကြရန်​ လိုအပ်​သည်​။
တို့ကက်သလစ်များလည်း သန့်ရှင်းသောဝိညာဉ်တော်ဘုရားကိုယုံကြည်ကြသည်။ ​သူတို့ထဲက သန့်ရှင်းသောဝိညာဉ်တော်ကို အသိအမှတ်ပြုခြင်းဖြစ်သည်​။
သူတို့၌ရှိသော ကောင်းမွန်သော အရာများကိုလေ့လာပြီး (လူတယောက်၏ ​ကောင်းကွက်ကို ကြည့်ခြင်း) တူညီသောအရာများနှင့်စည်းလုံးမှု့ကိုတည်ဆောက်ရပါမည်​။
ဆုတောင်းခြင်း၊ သမ္မာကျမ်းစာဖတ်ရှု့ခြင်း၊ ဆင်းရဲသားများအား ကူညီခြင်း၊ နုတ်ကပတ်တော် ဝေမျှခြင်း၊ လူ့အသက်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ခြင်း စသည်တို့သည် တူညီ​သော
အရာများဖြစ်ကြသည်​။ ဤအရာများကို အတူလုပ်ဆောင်နိုင်ကြပါသည်​။
သူတို့၏ဘုရားအပေါ်ယုံကြည်ခြင်းကြီးမားမှု့ကိုလည်း အသိအမှတ်ပြုပေးရမည်​။ မိမိကိုယ်၌ရဲ့ဘဝထဲမှာလည်း သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လုပ်ဆောင်မှု့ကိုလေ့လာကြရမည်။ ​သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည်​ နေ့စဉ်အသစ်သော အရာတွေကိုပေးနေတယ်ဆိုတာကို သတိရှိစွာလေ့လာကြဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

Add new comment

6 + 9 =