စက်တက်ဘာလ ပုပ်ရဟန်းမင်းကြီးရဲ့ဆုတောင်းရည်ရွယ်က “သေဒဏ်ဖျက်ပစ်ဖို့”

၂၀၂၂ခုနှစ် စက်တက်ဘာလ ပုပ်ရဟန်းမင်းကြီးရဲ့ဆုတောင်းရည်ရွယ်က “သေဒဏ်ဖျက်ပစ်ဖို့” ဖြစ်ပါတယ်။ 

ကမ္ဘာတစ်ဝှမ်းမှာ နေစဉ်နဲ့အမျှ သေဒဏ်ပေးခြင်းကို ပိုမိုငြင်းပယ် ဖျက်သိမ်း လာကြပါတယ်။ အဲဒါဟာ အသင်းတော်ကြီးအတွက် မျှော်လင့်ချက် လက္ခဏာ တစ်ရပ် ဖြစ်ပါတယ်။ တရားဝင်မှု အပိုင်းကနေ ကြည့်လိုက်ရင် သေဒဏ်ပေးဖို့ မလိုအပ်ပါဘူး။ 

လူ့အဖွဲ့အစည်းက ရာဇဝတ်မှုတွေကို ဖိနှိပ်ထိန်းချုပ် နိုင်ပါတယ်။ ရာဇဝတ်ကျူးလွန်သူ မိမိကိုယ်ကို ကယ်တင်နိုင်မဲ့ အခွင့်အရေး ပိတ်ပင်ပစ်ဖို့ မလိုအပ်ပါဘူး။

တရားစီရင်မှုတိုင်းက အမြဲတမ်း မျှော်လင့်ချက် တံခါးတစ်ခု ဖွင့်ပေးနိုင် ရပါမယ်။ သေဒဏ်ပေးခြင်းက သေဒဏ်ပေး ခံရသူအတွက် မတရားပါဘူး။ အဲဒီအစား လက်စားချေဖို့ကိုပဲ အားပေးပါတယ်။ မှားယွင်းစွာ သေဒဏ်ပေးမိရင်လည်း ပြန်ပြင်လို့ လုံးဝမရတော့ပါဘူး။ 

ပြီးတော့ သေဒဏ်ပေးခြင်းကို လူ့ကျင့်ဝတ်အရလည်း လက်မခံနိုင်ပါဘူး။ ဘဝဆိုတဲ့ အရေးကြီးဆုံးလက်ဆောင်ကို သေဒဏ်ပေးခြင်းက ဖျက်ဆီးနေတာဖြစ်တယ်။ နောက်ဆုံး အခိုက်အတန့်အထိ လူတစ်ယောက်က ပြုပြင်ပြောင်းလဲ နိုင်သေးတာကို မမေ့သင့်ပါဘူး။ 

ဧဝံဂေလိ သတင်းကောင်းအရလည်း သေဒဏ်ပေးခြင်းကို လက်မခံနိုင်ပါဘူး။ “လူ့အသက်မသတ်ရ” ပညတ်တော်က အပြစ်ရှိသူနဲ့ အပြစ်ကင်းသူ နှစ်ခုစလုံးအတွက် ဖြစ်ပါတယ်။ အဲဒါကြောင့် အကျွန်ုပ်အနေနဲ့ စိတ်ကောင်း နှလုံးကောင်း ရှိသူတိုင်းကို ကမ္ဘာတစ်ဝှမ်းလုံးက သေဒဏ်ပေးခြင်းကို စည်းရုံးစွာ ဖျက်သိမ်းပစ်ဖို့ ဖိတ်ခေါ်ပါတယ်။

နိုင်ငံတိုင်း လူ့ဂုဏ်သိက္ခာထိခိုက်စေတဲ့သေဒဏ်ကို

တရားဝင် ဖျက်သိမ်းကြဖို့ ဆုတောင်းကြပါစို့။ 

✍️ထန်းဟာ SJ 

Source: Vatican Media 

Add new comment

19 + 0 =