ငြိမ်းချမ်းရေး၊ ညှိနှိုင်းပြောဆိုဆွေးနွေးခြင်း နှင့် အပြန်အလှန် ကိုယ်​ချင်းစာမှုရှိရန်​ အသင်းတော်မှ အားပေး

ရဟန်းမင်းကြီးရုံး​တော် ကုလသမ္မဂ အတွင်းဝင် ဂိုဏ်းချုပ်ဆရာတော် Bernadito Auza

ငြိမ်းချမ်းရေး၊ ညှိနှိုင်းပြောဆိုဆွေးနွေးခြင်း နှင့် အပြန်အလှန်
ကိုယ်​ချင်းစာမှုရှိရန်​ အသင်းတော်မှ အားပေး
စက်တင်ဘာ ၆၊ ၂၀၁၈

https://www.vaticannews.va/en/vatican-city/news/2018-09/auza-holy-see-un...

#peace, #encounter, #compassion, #pope, #vatican, #unitednations, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ရဟန်းမင်းကြီးရုံး​တော် ကုလသမ္မဂ အတွင်းဝင် ဂိုဏ်းချုပ်ဆရာတော် Bernadito Auza မှ ယနေ့​ခေတ်တွေ့ကြုံနေရသော မဆုံးနိုင်သော အကြမ်းဖက်မှုများ၊ အစွန်းရောက်အတွေးအခေါ်များ၊ အကြမ်းဖက်ခြင်​းများ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခံနေရမှုများကို သနားကြင်​နာခြင်း၊ အတူအတွတွေ့ဆုံဖြေရှင်းခြင်း၊ ငြိမ်ချမ်းမှုကို တိုးတက်စေခြင်းနှင့် လူ့ဂုဏ်သိက္ခာကိုကာကွယ်စောင့်ရှောက်ခြင်းတို့ဖြင့်သာအဖြေရှာရမည်ဖြစ်ကြောင်း စက်တင်ဘာလ ၆၊ ၂၀၁၈ ကုလသမ္မက လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပန်ကြားခဲ့ပါသည်။
လူ့ဂုဏ်သိက္ခာ ကို ကာကွယ်စောင့်ရှောက်ခြင်း သည် ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းလမ်းစဉ်များဖြစ်ပြီး စည်းလုံးခြင်း၊ အပြန်အလှန်နားလည်မှုရှိခြင်း၊ ညှိနှိုင်းပြောဆိုဆွေးနွေးခြင်းများ အပြန်အလှန် ကိုယ်​ချင်းစာမှုများ၏ အခြေခံလည်​းဖြစ်​သည်​။

သနားကြင်နာသော စိတ်သည် မိမိကိုယ်​ကို ကာကွယ်နိုင်စွမ်းမရှိသူများ၊ ခိုးကိုးရာမဲ့ဘဝများ၊ ဒုက္ခသည်များကို ပွေ့ဖက်သော စိတ်ဖြစ်ပြီး ၎င်းသည် ငြိမ်းချမ်းခြင်​း၏ လမ်းစ လူသားထုဘဝ တိုးတက်ရာအစဖြစ်​​ကြောင်​း
မာသာရ် တရေဇား ၏ ဘဝနေထိုင်အသက်ရှင်ခဲ့ပုံကို အတုယူကြရန် ဂိုဏ်းချုပ်ဆရာတော် Bernadito Auza မှ ပြောကြားခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​​ဖော်ပြပါသည်။

 

Add new comment

2 + 1 =