ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ရွေ့ပြောင်းဒုက္ခသည်များကူညီခြင်း အသင်းတော်များပူပေါင်းလုပ်ဆောင်

ကက်သလစ်သာသနာတော်နှင့် ကမ္ဘာအသင်းတော်များကောင်းစီပူပေါင်း၍ ဖြစ်နိုင်သော ခရစ်ယာန်နည်းလမ်းများကို ရှာဖွေ၍ ပြသနာများကို အဖြေရှာခြင်း ငြိမ်းချမ်းရေးကို မြှင့်တင့်ခြင်း

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ရွေ့ပြောင်းဒုက္ခသည်များကူညီခြင်း အသင်းတော်များပူပေါင်းလုပ်ဆောင်
စက်တင်ဘာလ ၇၊ ၂၀၁၈

https://www.vaticannews.va/en/church/news/2018-09/catholic-church-jwg-wc...

#ecumenical, #churches, #peace, #dialogue, #unity, #vatican, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ဂျာမနီနိုင်ငံတွင် ၂၀၁၈ စက်တင်ဘာလ ၃ ရက်မှ ၇ ရက်နေထိ ကက်သလစ်သာသနာတော်နှင့် ကမ္ဘာအသင်းတော်များကောင်းစီပူပေါင်း၍ ဖြစ်နိုင်သော ခရစ်ယာန်နည်းလမ်းများကို
ရှာဖွေ၍ ပြသနာများကို အဖြေရှာခြင်း ငြိမ်းချမ်းရေးကို မြှင့်တင့်ခြင်းများ အတူတကွလုပ်ဆောင်ကြရန် နှစ်ပတ်လည် အစီစဉ်ရေးဆွဲခဲ့ကြပါသည်။
ကမ္ဘာကြီးတွင် အဆက်မပြတ်ဖြစ်ပေါ်နေသော ပဍိ​ပက္ခများ အထူးသဖြင့် ထွက်ပြေးတိမ်​းရှောင်လာကြသူများ ဒုက္ခသည်များ ကို ကူညီပေးခြင်းသည် ခရစ်ယာန်များ၏ တာဝန်ဖြစ်ပြီး၊ အသင်းတော်များအတူတကွပူပေါင်း၍ အတူတကွလုပ်​ဆောင်​ခြင်​းသည်​
ကမ္ဘာကြီးအား ခရစ်ယာန်စိတ်ဓါတ်ကိုပြသသက်သေခံခြင်း ခွန်အားတစ်​ရပ်ဖြစ်ပါသည်။
အသင်းတော်များ ပေါင်းစည်းရန် ယုံကြည်ရာအချက်များ၊ ကိုယ်ကျင့်တရားပိုင်ဆိုင်ရာအချက်များ၊ သာသနာပြုခြင်း၊ပညာဝေမျှခြင်း၊ ဘာသာတရားအချင်းချင်းတွေဆုံပြောဆိုဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ ရွေပြောင်းဒုက္ခသည်များကို ကူညီခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ထိမ်းသိမ်းခြင်း၊ လူငယ်များကို ပြုစုပျိုးထောင်ခြင်း စသည်တို့ကို အတူတကွလုပ်ဆောင်ကြရန် အသင်းတော်များမှ ဆန္ဒထုတ်ဖော်ခဲ့ပါသည်။
ခရစ်ယာန်များသည် ဘုရားရှင်၏လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ကြသူများဖြစ်သည့်အလျှောက် စီးပွားရေး၊ လူမှု့ရေး၊ နိုင်ငံရေး စသည့်ပြသနာအမျုျိးမျိုး ဖြစ်ပေါ်နေသော အခြေအနေတွင် ဖြစ်နိုင်သော နည်းလမ်းဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြရပါမည်၊ ခရစ်တော်သည် မိမိ၏နောက်လိုက်တပည့်​ေ​တာ်ကြီးများအား ကုသခြင်း၊ စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်း၊ ညှိနိုင်းဆွေးနွေးခြင်း၏ စေတမန်များအဖြစ်စေလွတ်သကဲ့သို့ ကျွနု်​ပ်တို့သည်လည်း အများကောင်းကျိုး ကမ္ဘာကြီးအကျိုးအတွက်လုပ်ဆောင်ကြရပါမည်။
အခွင့်အလမ်းများသည် စိန်ခေါ်မှုများကြားတွင်ရှိကြောင်းကို ခရစ်ယာန်များသိရှိရပါမည်။ Ottmaring ခေါ် ဂျာမန် အဖွဲ့အစည်းသေးသေးလေးမှာ အတူတကွ စတင်တွေဆုံစီမံကိန်​း
ဆွဲကြခြင်းက နောင်အနာဂတ်အတွက်တံခါးပေါင်းမြောက်များစွာကို ငြိမ်းချမ်းရေး စည်းလုံးရေးအတွက် ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​ေ​ဖာ်ပြပါသည်။

 

Add new comment

11 + 1 =