Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ငြိမ်းချမ်းခြင်းရဲ့မယ်တော်ထံကျွန်ုပ်တို့ ရောက်ရှိလာပြီး ငြိမ်းချမ်းခြင်း ဆုကျေးဇူးကို တောင်းခံကြပါ၏။
Here's another Pope's Video.
ဒီညနေ အထူးသဖြင့် (မေလ)အဆုံးပိုင်းမှာ အမိမယ်တော် သခင်မဆီကို ပူဇော်အပ်နှံ ကြပါတယ်။ ငြိမ်းချမ်းခြင်းရဲ့မယ်တော်ထံ ကျွန်ုပ်တို့ တဖန် ရောက်ရှိလာပြီး ငြိမ်းချမ်းခြင်း ဆုကျေးဇူးကို တောင်းခံကြပါ၏။
ကမ္ဘာ့နေရာတချို့မှာ ဆယ်စုနှစ်ကနေ ယခုဥရောပတိုက်အထိ စစ်မက်ဖြစ်ပွါး နေမှုများကို အမြန်ဆုံး ချုပ်ငြိမ်း စေတော်မူပါ။ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးမှု နိုင်ငံရေး သဘောတူညီမှု ရလဒ်တွေထဲနဲ့ မရရှိနိုင်ပါဘူး။ ငြိမ်းချမ်းရေးဟာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အီစတာ လက်ဆောင်ဖြစ်ကြောင်း ကျွန်ုပ်တို့ သတိပြုမိကြပါတယ်။ ကျွန်ုပ်တို့ စစ်မက်ဖြစ်ပွါးနေတဲ့ နိုင်ငံတွေကို အပြစ်မဲ့သန္ဓေ ယူတော်မူတဲ့ မယ်တော့်နှလုံးတော်ဆီမှာ ပူဇော်အပ်နှံကြပြီး သူမရဲ့ နှလုံးသားကသူတို့တွေရဲ့ နှလုံးသားများကို ပြုပြင်ပြောင်းလဲ စေနိုင်ဖို့ တောင်းလျှောက် ကြပါတယ်။
ကျွန်ုပ်တို့ပြုလုပ်တဲ့ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ အလှူဒါနပြုခြင်းနဲ့ ကျေးဇူးလက်ဆောင်လက်နက်တွေအားဖြင့် တစ်ကမ္ဘာလုံးရဲ့ကံကြမ္မာနဲ့ လူသားတွေရဲ့ နှလုံးသားများ ပြောင်းလဲနိုင်ကြောင်းကို ဧကန်မလွဲ ယုံကြည် ကြပါတယ်။
Source: Catholic News Service
ထန်းဟာ SJ
Add new comment