ငါသာလျှင်အပြစ်သား ဟု မိမိကိုယ်ကိုယ်သာ စွပ်စွဲရန် တစ်ပါးသူကို မစွပ်စွဲရန်

စက်တင်ဘာလ ၆ ရက် ကြာသပတေး နေ့ Casa Santa Marta တွင် ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် မှ ရှင်လုကား ၅ း ၁ - ၁၁ ကို အခြေခံပြီး ဟောကြားသော မစ္ဆားတရား

ငါသာလျှင်အပြစ်သား ဟု မိမိကိုယ်ကိုယ်သာ စွပ်စွဲရန် တစ်ပါးသူကို မစွပ်စွဲရန်
စက်တင်ဘာလ ၆ ၊ ၂၀၁၈

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-09...

#pope, #mass, #sinner, #humble, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၆ ရက် ကြာသပတေး နေ့ Casa Santa Marta တွင် ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် မှ ရှင်လုကား ၅ း ၁ - ၁၁ ကို အခြေခံပြီး ဟောကြားသော မစ္ဆားတရား တွင် ငါသာလျှင်အပြစ်သား ဟု မိမိကိုယ်ကိုယ်သာ စွပ်စွဲရန် တစ်ပါးသူကို မစွပ်စွဲရန် ဟောကြားခဲ့ပါသည်။
နေ့စဉ် သမ္မာကျမ်းစာ ရှင်လုကား ၅ း ၁ - ၁၁ သည် သခင်ခရစ်တော်က ပေတရု ၏ လှေပေါ်မှနေ၍ တရားဟေားအပြီးတွင် ပေတရုအား ရေနက်ရာသို့ ပိုက်ကွန်ကိုချရန််စေခိုင်းခဲ့ရာ ငါးများစွာဖမ်းမိခဲ့လေသည်။ ပေတရုက မိမိသည် အပြစ်သားဖြစ်ကြောင်း သိ၍ မိမိထံမှထွက်ခွာသွားရန် ကိုယ်တော်အား တာင်းဆိုခဲ့သည်။

ငါများစွာဖမ်းမိခြင်းမှစတင်ကာ ပေတရုအား တံငါသည်ဘဝမှ အသင်းတော်၏ ခေါင်းဆောင်ကြီး ဘဝကို စတင် ရွေးချယ်တင်မြောက်ပေးလိုက်ပြီး၊ ငါးများစွာမိခြင်းက သူဘဝကိုပြောင်းလဲခြင်းခြေလှမ်းစတင်းခြင်းဟု ရဟန်းမင်းကြီးမှ ရှင်းပြခဲ့ပါသည်။
ပိုက်ကွန်ပြဲလုမတတ် ငါးများစွာမိခြင်း ကိုမြင်သော ပေတရုက ကျွနု်ပ်သည် အပြစ်ရှိသောသူဖြစ်ပါ၏ ကျွ်နုပ်ထံမှထွက်ခွာသွားပါ ဟု ကိုယ်တော်ကိုပြောဆိုလိုက်သော စကားသည် ငါသည် အပြစ်သားဖြစ်သည် ဟု ရှင်ပေတရု ဝန်ခံလိုက်သည်။ ဤသို့အားဖြင့် သခင်ခရစ်တော်နှင့်ပေါင်းစပ်ရန် သူ့နောက်လိုက်ရန်၊ သူအားအစေခံရန် ဝိညာဉ်အသက်တာ လမ်းအစကို ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ မိမိကိုယ်ကိုယ် အပြစ်သားအဖြစ်မမြင်နိုင်သေးသရွေ့ ခရစ်တော်၏ နောက်လိုက် ခရစ်ယာန်အသက်တာကိုမရှင်သန်နိုင်ကြောင်း၊ ကိုယ့်ကိုယ်ကို အပြစ်သားဟု ပြောဆိုသိမြင်ခြင်းသည် နုတ်မှ ပြီးစလွယ်ပြောသောစကားမဟုတ်ပေ။ နှလုံးသားမှ ကိုယ့်ဘဝ အစစ်အမှန်ကို သိရှိလက်ခံကာ၊ ယင်းကဲ့သို့ သိရှိလက်ခံနိုင်မှ မိမိသည် ကယ်တင်ခြင်းခံရရန် လိုအပ်သောအပြစ်သားဖြစ်ကြောင်း သတိပြုမိပြီး ကယ်တင်ခြင်းတောင်းခံ၍ ရနိုင်မည်ဖြစ်သည်။
ထို့ကြောင့် မိမိနှလုံးသားကို မိမိသေချာစမ်းစစ်ကြည့်ကာ ရိုးသားသော ဝန်ခံခြင်းဖြင့် မိမိကိုယ်ကိုယ် သိနိုင်ရန် ကျေးဇူးတော်တောင်းခံကြရမည်။

မိမိကိုယ်ကိုယ် ခရစ်ယာန်ဟုပြောပြီး ကိုယ့်အပြစ်ကိုမမြင် မသိ၊ ကိုယ်ကိုယ်ကို အပြစ်သားဟု မမြင်ဘဲ သူတပါးအပြစ်သာမြင်ပြီး တပါးသူကိုစွပ်စွဲနေတတ် သရွေ့့ စစ်မှန်သော ခရစ်ယာန်မဟုတ်ဘဲ ဟန်ဆောင်အသက်ရှင်နေသော ခရစ်ယာန်သာဖြစ်သည်။
မိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်းသိရှိလက်ခံနိုင်ရန်ကြိုးစားကြပြီး ရှင်ပေတရုကဲ့သို့ ရိုးသားစွာဝန်ခံနိုင်သူများဖြစ်ရပါဟု အရှင်သူမြတ်မှ တရားပေးသွားခဲ့ပါသည်။

 

Add new comment

9 + 2 =