ငါတို့အားလုံးအတွက် ဘုရားသခင်၏ မိသားစုအတွင်းမှာနေရာရှိတယ်

ငါတို့အားလုံးအတွက် ဘုရားသခင်၏ မိသားစုအတွင်းမှာနေရာရှိတယ်

ငါတို့အားလုံးအတွက် ဘုရားသခင်၏ မိသားစုအတွင်းမှာနေရာရှိတယ်
စက်တင်ဘာလ ၂၅၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/apostolic-journey-estoni...

#pope, #baltics, #estonia, #Latvia, #greetings, #visit, #peace, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အက်စ်တိုးနီယား နိုင်ငံ တာလင်း တွင်ရှိသော အသင်းတော်၏ ကရုဏာရေး အသင်းအဖွဲ့အား ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အခွင့်အရေး သစ်များကိုပေးနေကြောင်း ကောင်းသောအသက်တာဘဝသစ်ကို ကျွနု်ပ်တို့ပြုပြင်ပြောင်းလဲခြင်းသည် ဘုရားသခင်ဝမ်းမြောက်ဆုံးသော အရာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရဟန်းမင်းကြီးမှ အသင်းတော်၏ ကရုဏာရေး အသင်းအဖွဲ့အား စကားမပြောခင် အသင်းတော်၏ အကူအညီဖြင့် ဒုက္ခအခက်အခဲများကို ဖြေရှင်းနိုင်ကြသူများထဲမှ မာရီယာန် နှင့် ဗလာဒီမာ အတွေ့အကြုံကို ဦးစွာနားထောင်ခဲ့ပါသည်။

မာရီယာန်သည် ကလေးကိုးယောက်မိခင်ဖြစ်ပြီး သူမ၏ မိသားစုအခက်အခဲကို စစ္စတာအားပြောပြရာမှ မိသားစုအကူညီများရရှိကြောင်းပြောပြခဲ့ပါသည်။ မာရီယာန်၏ အခက်အခဲအပေါ် ရဟန်းမင်းကြီးမှ သားသမီးများ၊ လူငယ်များစွာရှိသော မိသားစုသည် များစွာအနစ်နာခံရသော်လညး်
နောင်အနာဂတ်တွင် ရရှိလာနိုင်သော ပျော်ရွှင်မှု့များ၊ မျှော်လင့်ချက်များသည် သာ၍အရေးကြီးကြောင်း၊ အက်စ်တိုးနီယာ နိုင်ငံ၏ ဆောင်းရာသီသည်လွန်စွာဆိုးရွားသောကြောင့် နွေးထွေးမှုလိုအပ်ကြောင်း၊ သို့သော် မိသားစု စည်းလုံးနွေးထွေးမှုသည် သာ၍အရေးကြီးကြောင်း ရှင်းပြခဲ့ပါသည်။ မာရီယာန်၏ သက်သေခံမှုအပေါ်ကျေးဇူးတင်ခဲ့ပြီး အကူအညီပေးခဲ့သောစစ္စတာများ ကဲ့သို့ လမ်းပေါ်မှာရောက်နေကြသော မိသားစုများ၊ ဒုက္ခရောက်သူများကို ကူညီကြစေလိုကြောင်း၊ လူငယ်များကိုလည်းမိသားစုနှင့် စည်းလုံးစွာနေစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဗလာဒီမာ သည် အရက်သမားတယောက်ဘဝဖြင့် မရုန်းထွက်နိုင်ခဲ့ရာမှ အသင်းတော်၏ အကူအညီဖြင့် မိမိဘဝပြောင်းလဲလာကြောင်းကို ပြောပြခဲ့ပါသည်။ သင့်ဘဝပြောင်းလဲရန် စစ္စတာ များကို ဘုရားသခင်အသုံးချခဲ့ကြောင်း သင့်ကိုဘုရားသခင်တန်ဖိုးထားကြောင်း သင်သည် ဘုရားသခင်ရှေ့၌ တန်ဖိုးရှိသောသူဖြစ်ကြောင်ပြောပြခဲ့ပါသည်။

နိဂုံးချုပ်အနေနှင့် ကျွန်ုပ်တို့အားလုံးသည် မိသားစုဝင်များဖြစ်ကြောင်း တဦးနှင့်တဦး အပြန်အလှန် ဆက်နွယ်နေကြကြောင်း အကူညီပေးရန်လိုအပ်နေကြကြောင်း ပြောကြားခဲ့ပြီး ကောင်းကြီးမင်္ဂလာ ပေးခြင်းဖြင့် အဆုံးသပ်ခဲ့ပါသည်။

 

Add new comment

3 + 14 =