ငါချစ်သလို သင်တို့အချင်းချင်း ချစ်ကြလျှင် သင်တို့၏ ချစ်ခြင်းမေတ္တာသည် ပြည့်စုံခြင်းသို့ရောက်လိမ့်မည်

အပတ်စဉ်တွေဆုံနေကြ လူထုတွေ့ဆုံခြင်း

ငါချစ်သလို သင်တို့အချင်းချင်း ချစ်ကြလျှင် သင်တို့၏ ချစ်ခြင်းမေတ္တာသည် ပြည့်စုံခြင်းသို့ရောက်လိမ့်မည်
မေလ ၁၉၊ ၂၀၁၉

အပတ်စဉ်တွေဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေလူမေတ္တာ ရွတ်ဆိုခြင်းတွင် သခင်ခရစ်တော် ပေးအပ်ခဲ့သည့် အသစ်သော ပညာတ်တော်ဖြစ်သည့် သင်တို့ကို ငါချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့၊ ဟူသော ပညတ်ချက်ကိုအခြေခံပြီး ငါချစ်သလို သင်တို့အချင်းချင်း ချစ်ကြလျှင် သင်တို့၏ ချစ်ခြင်းမေတ္တာသည် ပြည့်စုံခြင်းသို့ရောက်လိမ့်မည် ဟု ဟေားကြားခဲ့ပါသည်။

သင်၏ အရှင် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှ၊ ခွန်အားရှိသမျှချစ်လော့။ သင်နှင့် နီးစပ်သောသူကို သင့်ကိုသင်ချစ်သကဲ့သို့ ချစ်လော့ ဟူသောပညာတ်ချက်ဟာ ဓမ္မဟောင်းကျမ်းမှာ ဖော်ပြထားပြီးဖြစ်တယ်။ ဓမ္မဟောင်းကျမ်းမှာ ဘုရားကိုချစ်ဖို့ လူကို ချစ်ဖို့ပေးခဲ့တဲ့ အကြီးမားဆုံး ပညာတ်ချက်ဖြစ်တယ်။

သခင်ခရစ်တော် သူ၏ တပည့်တော်ကြီးများနှင့်နောက်ဆုံးတွေ့ဆုံချိန်မှာ ပိုမို့ပြီးမြောက်ပြည့်စုံစေခဲ့တဲ့ ပညာတ်သစ်ကိုပေးခဲ့တယ် အဲဒီပညာတ်တော်က သင်တို့ကို ငါချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့၊ ဟူသော ပညတ်ချက် ပြဲဖစ်ပါတယ်။ ။
သူချစ်သလို ချစ်ရမယ်၊ သူက တို့ကိုအသက်ပေး ချစ်ခဲ့တယ်၊ ဘာသတ်မှတ်ချက်၊ ဘာအဟန့်အတားမှမရှိတဲ့အချစ်နဲ့ ကားတိုင်ပေါ်မှာ အသက်ပေး ချစ်ခဲ့တဲ့ အမြင့်ဆုံး အချစ်ဖြစ်တယ်၊ သူရဲ့နောက်ဆုံးအချိန်မှာ အဖ ခမည်းတော်က စွန့်ပြစ်ခဲ့တယ် ဆိုတဲ့အချက်က အဖခမည်းတော်စီမှာတောင် တွယ်ကပ်မနေတော့ပဲ ရှိသမျှ အချစ်တွေအကုန် တို့လူသားတွေအတွက် ပေးဆပ်ခဲ့ခြင်းကို ဖော်ပြနေခြင်း ဖြစ်တယ်။

သခင်ခရစ်တော်ရဲ့၊ ဒုက္ခခံခြင်း၊ သွေးချွေးစီယိုခြင်း၊ အသေခံခြင်းမှာ သခင်ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာ ကိုသိမြင်လာကြတဲ့ တပည်တော်ကြီးတွေဟာ သခင်ခရစ်တော်ပြေားခဲ့တဲ့ သင်တို့ကို ငါချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့၊ ဟူသော ပညတ်ချက် ကို အပြည့်အဝ သဘောပေါက်နားလည်းလာခဲ့ကြတယ်။

သခင်ခရစ်တော်က တို့ရဲ့အပြစ်အမှားတွေကို ဂရုမပြုပဲ သူ၏ တဖက်သပ် ချစ်ခြင်းမေတ္တာ အားဖြင့်တို့ကို သူအချစ်နဲ့ ထိုက်တန်စေခဲ့တာပါ။ အဲ့ဒီလိုချစ်တဲ့ ချစ်ခြင်းမေတ္တာ မျိုးနဲ့ချစ်နိုင်ဖို့ ပြည့်ဝသော ယုံကြည်ခြင်းနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို တို့နှလုံးသားမှာကြွလာဖို့ ဖိတ်ခေါ်ရမယ် ဘာကြောင့်လည်းဆိုတော့ သူရဲ့လမ်းညွန်​မှုအောက်မှာ အမှားကင်တဲ့ချစ်ခြင်းမေတ္တာ သခင်ခရစ်အလိုရှိသော ချစ်ခြင်းမေတ္တာ မျိုးကို တို့တတွေဖော်ဆောင်နိုင်မှာဖြစ်လို့ပါ။

နောက်တစ်ခု သတိထားရမှာက ဘုရားကတို့ကိုချစ်တဲ့အချစ်ဟာ ငါတို့ ကိုယ့်ကိုကိုယ်ချစ်တဲ့အချစ်ထက် သာလွန်တယ်ဆိုတာ သိရမယ်။ အဲ့တာကြောင့် ချစ်ခြင်းမေတ္တာ မျိုးစေ့ကို မိမိပတ်ဝန်းကျင် ကိုယ်နှင့်နီးစပ်သော အသိုင်းအဝိုင်း ကိုယ်နှင့်ထိတွေ့ပေါင်းသင်း ဆက်ဆံနေရသော လူတိုင်းစီကို ဝေမျှကြဲချရမယ်။ သခင်ခရစ်တော်ပေးတဲ့ အသစ်သော ပညာတ်တော်၊ သူချစ်သလို တစ်ပါသူကို ချစ်ကြရမယ်၊ အဲ့လိုချစ်ကြရင် အဲ့ဒီချစ်ခြင်းမေတ္တာက တို့ကို ဘုရားသခင်၌ အသစ်သော အသက်တာကိုပြောင်းလည်းပေးတယ်၊ အဲ့ဒီချစ်ခြင်းမေတ္တာက ဘုရားရဲ့လူမျိုးတော် အသစ်၊ အသစ်သော အသင်းတော် အဖြစ်ပြောင်းလည်းလာစေပြီး အဲ့ဒီမှာ တို့တတွေ တစ်ယောက်ကို တစ်ယောက် သခင်ခရစ်တော် ချစ်သလို ချစ်နိုင်ကြမယ်။ တို့ကိုမုန်းတီးရန်ရှာသူတွေ၊ မခေါ်မပြေားနိုင်ဖြစ်နေတဲ့ မိသားစုဝင်တွေ၊ အဖွဲ့ဝင်တွေ၊ ကိုယ်ကိုစော်ကားပြေားဆိုသူတွေကို နားလည်းပေးပြီး ချစ်ခြင်းမေတ္တာ ကိုသာ ရှေ့ရှု့သော လုပ်ရပ်များဖြင့် ချစ်လာနိုင်ကြမယ်၊ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆွေးနွေးခြင်းအားဖြင့် နားလည်မှုတည်ဆောက်ပြီး ချစ်ခြင်းမေတ္တာ စီကို ပြန်လှည့်လာနိုင်ကြမယ်။

ချစ်ခြင်းမေတ္တာဟာ တပါးသူတွေအတွက်လမ်းဖွင့်ပေးတယ်၊ လူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးတဲ့ အဓိက အခြေခံ လိုအပ်ချက်ဖြစ်တယ်။ ချစ်ခြင်းမေတ္တာ ပါသော ဆက်ဆံရေးဟာလူအဖွဲ့အစည်းမှာ အမြင်းအမှားများ၊ အားနည်းချက်များ၊ မကောင်းမှုများကို ကျော်ဖြတ်နိုင်တဲ့ တံတားဆောက်ပေးခြင်း၊ လမ်းခင်းပေးခြင်း၊ လမ်းဖွင်ပေးခြင်းဖြစ်ပါတယ်။ အသစ်သော်ပညာတော် နှင့် အသက်ရှင်နေထိုင်ကြပါစို့။။

https://www.vaticannews.va/en/pope/news/2019-05/pope-regina-coeli-gospel...

#pope, #reginacoeli , #love, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

2 + 11 =