ဂျပန်နိုင်ငံတွင် တိုက်​ဖုန်းမုန်တိုင်း Jebi ဝင်ရောက်တိုက်ခတ် ၂၅ နှစ်အတွင်းအပြင်းထန်ဆုံးဖြစ်

ဂျပန်နိုင်ငံတွင် တိုက်​ဖုန်းမုန်တိုင်း Jebi ဝင်ရောက်တိုက်ခတ် ၂၅ နှစ်အတွင်းအပြင်းထန်ဆုံးဖြစ်
စက်တင်ဘာလ ၄၊ ၂၀၁၈

https://www.vaticannews.va/en/world/news/2018-09/typhoon-jebi-typhoon-la...

#japan, #jebi, #typhoon, #vatican, #peterkm,
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၄၊ ၂၀၁၈ အင်္ဂါနေ့ နေ့လည်ပိုင်းအချိန်တွင် တိုင်ဖုန်းမုန်တိုင်း Jebi သည် ဂျပန်နိုင်ငံ Shikoku ကျွန်းသို့ တနာရီ ကီလိုမီတာ ၁၈၀ နုန်းဖြင့်ဝင်ရောက်တိုက်ခတ်သွားကြောင်း၊ ဆက်လက်ပြီး ဂျပန်နုင်ငံ၏ အကြီးဆုံးကျွန်း Honshu ဘက်သို့ ဦးတည်ရွေ့လျှားသွားကြောင်း ဂျပန်နိုင်ငံ မုန်တုင်းအတွေ့အကြုံအရ Jebi သည် ၂၅ နှစ် အတွင်း အပြင်းထန်ဆုံးမုန်တိုင်းဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ ဂျပန်နိုင်ငံ နိုင်ငံတကာလေဆိပ်​ Kansai ရေလွမ်းမိုးမှု့ကြောင့် ခရီးစဉ် ၇၀၀ ကျော် ဖျက်သိမ်းခဲ့ရကြောင်း၊ အိမ်ပေါင်း ၁.၄၅ သန်းခန့် လျပ်စစ်မီးပြတ်တောက်သွားခဲ့ရကြောင်း၊
လူ ၆ ဦးသေဆုံးပြီး တချို့ဒဏ်ရာရရှိကြကြောင်း၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe မှလည်း မိမိကိုယ်ကိုယ်မိမိ လုံခြုံစွာနေကြဖို့ ကယ်ဆယ်ရေးနေရာများမှာခိုလုံကြဖို့၊ ကူညီကယ်ဆယ်ရေးများလည်းအဆင်သင့်ပြင်ဆင်ထားကြရန် ​မှာကြားခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​ေ​ဖာ်ပြပါသည်။

 

Add new comment

11 + 6 =