ဂိုဏ်းချုပ်ဆရာတော်ကြီး Leon Kalrnga စျာပန အခမ်း​အနား ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ဟောကြားသော သြဝါဒ

ဂိုဏ်းချုပ်ဆရာတော်ကြီး Leon Kalrnga စျာပန အခမ်း​အနား

ဂိုဏ်းချုပ်ဆရာတော်ကြီး Leon Kalrnga စျာပန အခမ်း​အနား ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ဟောကြားသော သြဝါဒ
ဇွန်လ ၁၅၊ ၂၀၁၉

အာဂျင်တီးနာ နိုင်ငံအတွက် ရဟန်းမင်းကြီး၏ သံတမန် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဂိုဏ်းချုပ်ဆရာတော်ကြီး Leon Kalrnga စျာပန အခမ်​းအနားတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဦးဆောင်ခဲ့ပြီး တရားဒေသနာ ဟောကြားခဲ့ပါသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး Leon Kalrnga ကို ၁၉၅၆ ခုနှစ်က ဘယ်လဂျီယာန် ကွန်ဂို တွင်မွေးဖွားခဲ့ပါသည်။ ရဟန်းမင်းကြီး၏သံတမန် အဖြစ် ၁၉၉၀ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သူ၏ နောက်ဆုံးတာဝန်အဖြစ် အာဂျင်တီးနာ နိုင်ငံအတွက် ရဟန်းမင်းကြီး၏ သံတမန် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ကြာရှည်သော အဖျားရောဂါဖြင့် ဒီလထဲတွင် ပျံလွန်တော်မူခဲ့ပြီး သူ၏ စျာပနအခမ်း​အနား ကို ပြီးခဲ့သော စနေနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဦးဆောင်ခဲ့ပြီး ကျင်းပပေးခဲ့ပါသည်။

စျာပန အခမ်း​အနားတိုင်းမှာလိုလို နုတ်ဆက်ခြင်းပုံစံ အခမ်း​အနားလေးတွေပြုလုပ်လေ့ရှိကြပါတယ်၊ ဒီအခမ်း​အနားမျိုးဟာ ငါတို့သင့်ကို ဘုရားသခင်စီကို သွားခွင်ပြုလိုက်ပြီ၊ ချစ်ခြင်းမေတ္တာဒဏ်ရာတွေနဲ့ပြည့်နေသော အလွန် အင်မတန်လှပသည် ဘုရားလက်တော်ထဲသို့ သင်ကို အပ်နှံလိုက်ပြီလို့ ဆိုလိုကြခြင်းပါပဲ။

ဒီဟာကတော့ သိုးထိန်းတစ်ပါးကို နုတ်ဆက်ခြင်း အခမ်း​အနားပါပဲ၊ သိုးထိန်းက သူ၏ သိုးစုကို ကောင်းမွန်စွာနုတ်ဆက်ခြင်းပါပဲ၊ ရဟန္တာ ပေါ မီလီတူစ် မှာရှိသော သူ၏ ဘာသာဝင်တွေကို ပြောခဲ့သလို သိုးထိန်းသည် သူဘဝအသက်တာကို ဘုရားသခင်၌ အပြည့်အဝနာခံခြင်း သဘောဆောင်ပြီး သူဘဝနှင့် သက်သေခံနုတ်ဆက်ထွက်ခွာ ခြင်းပြဲဖစ်ပါသည်။ ကမ္ဘာလောကရဲ့ ကောင်းမွန်သော အရာတွေကို မတပ်မက်တော့ဘဲ သိုးထိန်းသည် တပ်မက်မူကင်းစွာထွက်ခွာခြင်း ဖြစ်တယ်။ သိုးထိန်းသည် သူ၏ သိုးတို့အပေါ်လည်း တပ်မက်မူမရှိတော့ပြီ ဟု ရဟန္တာ ပေါ တမန်တော်ဝထ္တု အခန်းကြီး ၂၀ မှာ ပြောခဲ့သလို သင်တို့သည် အရွယ်ရောက်ကြပြီ၊ သင်တို့ကို သင်တို့စောင့်ရှောက်ကြပါ သိုးစုကို စောင့်ရှောက်ကြပါ၊ သိုသော် ကျွ​နု်​ပ်ထွက်ခွာသွားသော အချိန်တွင် လောဘကြီးသော ဝံပုလွေတို့သည် သင်တို့ထဲသို့ ရောက်လာကြလိမ့်မည် သတိထားကြပါဟု မှာခဲ့သလို ပါပဲ။

သင်တို့အတွက် နေရာပြင်ဆင်ရန် အလိုဌာ ငါသွားမည်ဟု သခင်ခရစ်တော်က မှာကြားခဲ့တယ် သခင်ခရစ်တော်ရဲ့ နုတ်ဆက်ထွက်ခွာခြင်းက တို့အတွက် မျှော်လင့်ခြင်းတွေရှင်သန်စေတယ်၊ ဒါကြောင့် တပ်မက်ခြင်းဆိုတာ ခဏတာသာဖြစ်တယ်။ ဒါကြောင့် ဘဝဆိုတာ သေဖို့ လေ့လာသင်ကြားနေခြင်း၊ ဒီအသက်တာက နုတ်ဆက်နိုင်အောင် ထွက်ခွာတတ်​ေ​အာင်သင်ကြားခြင်း ဖြစ်တယ်။

ဘုရားသခင်သည် ကျွနု်​ပ်တို့ကို ထွက်ခွာတတ်​ေ​အာင် လေ့လာနိုင်သော ကျေးဇူးတော် ပေးသနားတော်မူပါစေ။ ။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-homily-fune...

#pope, #lronkalenga, #funeral, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 17 =