ဂရုစိုက်စောင့်ရှောက်မူမရှိဘဲငြိမ်းချမ်းရေးမရှိနိုင်ဟု ပုပ်ဖရန်စစ်မြွက်ကြား

ဂရုစိုက်စောင့်ရှောက်မူမရှိဘဲငြိမ်းချမ်းရေးမရှိနိုင်ဟု ပုပ်ဖရန်စစ်မြွက်ကြား

ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် (၂၀၂၁၊ ဇန္နာ၀ါရီလ၊ ၁) ရက်နေ့၌ကျင်းပမည့် (၅၄) ကြိမ်မြောက် ‘ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့’ မိန့်ခွန်း၌အပြည်ပြည်ဆိုင်ရာအသင်းအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအား ‘ဂရုစိုက်စောင့်ရှောက် သည့်ယဉ်ကျေးဇူးမူကိုမြင့်တင်လုပ် ဆောင်ခြင်းသည်အချင်းချင်းကြား၌သော်လည်းကောင်း၊ အသင်းအဖွဲ့များကြား၌သော် လည်းကောင်း၊ နိုင်ငံအသီးသီးကြား၌သော်လည်းကောင်း ညီရင်းအစ်ကိုမောင်နှမစိတ် ဓာတ်၊ တရားမျှတခြင်းနှင့်ငြိမ်းချမ်း ရေးကိုရှင်သန်စေမည့်လမ်းကြောင်းဖြစ် ကြောင်း၊ ဂရုစိုက်စောင့် ရှောက်သည့် အလေ့အထမရှိဘဲ ငြိမ်းချမ်းရေးမတည် ဆောက်နိုင်ကြောင်း’ မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးက အားလုံး ၏ကောင်းကျိုးနှင့်ဂုဏ်သိက္ခာကို စုပေါင်းပံ့ပိုး၍ဆက်ကပ်လုပ်ဆောင်ခြင်းဖြင့် ကုစား ရန်၊ ကြေအေးရန်၊ စာနာရန်၊ စောင့်ရှောက်ရန်၊ အချင်းချင်းလေးစားလက်ခံကြောင်းပြသရန်၊ ဤသို့ပြသလုပ်ဆောင်ရန်အ တွက်လည်း ရဟန်း မင်း ကြီးက အမိသာသနာတော်ကြီး၏လူမူရေးဆိုင်ရာသွန် သင်ချက်ကို ငြိမ်းချမ်းရေးလမ်းစဉ်၏ညွှန်တံ အဖြစ်ချပြပေးထားသည်။

ဤကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ရဟန်းမင်းကြီးစိန့်ပေါလ် (၆) လက်ထက် (၁၉၆၇) ၌စတင်ခဲ့ပြီး၊ (၁၉၆၈၊ ဇန္န၀ါရီလ ၁) ရက်နေ့ကိုကမ္ဘာ့ငြိမ်းချမ်းရေးနေ့အဖြစ်အတည်ပြုကျင်းပလာခဲ့သည်။ ထို့အတူ အမိသာသနာတော်ကြီးသည်လည်း နှစ် ဆန်းတစ်ရက်နေ့၌ ‘မာရိယာ၊ ဘုရား၏ မယ် တော်’ ပွဲကိုဘာသာရေး၀တ်ပြုစဉ်အရ ခမ်းနားစွာကျင်းပ လေ့ရှိသည်။ ‘ဂရုစိုက် စောင့် ရှောက်ခြင်းသည် ငြိမ်းချမ်းရေး၏လမ်းစဉ်’ သည် ယခုနှစ်ရဟန်းမင်းကြီး၏နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရမင်းများ၊ ကမ္ဘာ့အဖွဲ့အစည်းများ ၏အကြီးအကဲများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဘာ သာအသီးသီးမှသက်၀င်ယုံ ကြည်သူများ၊ စိတ် ကောင်းနှလုံးကောင်းရှိသူတို့အတွက် ငြိမ်းချမ်းရေးနှင့်စပ်လျင်းသောထောက်ရူစရာသတင်း စကားပါးထားခြင်းဖြစ်သည်။

(ကပ်ရောဂါဆိုးကြီးမှသင်ယူစရာများ)

ကိုဗစ် (၁၉) ကြောင့် ကမ္ဘာ့အရေးများဖြစ်သည့် ရာသီဥ တုပူပြင်းလာမူ၊ အစားအစာ၊ စီးပွားရေးနှင့်နေရပ်ပြောင်းရွေ့ သောသူတို့၏ပြသာများကိုဆိုးရွားစွာရိုက်ခတ်သွားပြီး၊ ထိုနောက်ဆက်တွဲအကျိုးကိုလူများစွာခံစားနေရသည် မှာစိတ်မချမ်း မြေ့ဖွယ်ဖြစ်ပါသည်။ ဤမိန့်ခွန်းကိုချွေရင်း နိုင်ငံရေးခေါင်းဆောင်များနှင့်အဖွဲ့အစည်းအသီး သီး ၏ခေါင်းဆောင်များအား တိုက်တွန်းလိုသည်မှာ ကိုဗစ် (၁၉) ကိုထိန်းချုပ်ဟန့်တားနိုင်ရန်အတွက် ကာကွယ်ဆေးများတီထွင်ဖော်စပ်ရာ၌ တွန့် ဆုတ် နေခြင်း၊ ရောဂါကူးစက်ခံနေရသူများအားကုသပေးရေးနည်းလမ်းများကိုမျှဝေ ရာ၌လုံ့လစိုက်ထုတ်ကြရန်၊ အထူးသဖြင့်အ ကာအကွယ်မဲ့နေသောသူများအားဂရုစိုက်ကုသမူပြုကြရန်၊ ထို့အတူအချို့သည်အမျိုးသားရေး၊ လူမျိုးနွယ်စုအရေး၊ နိုင်ငံ ခြားသားများအားမုန်းတီးရေး၊ စစ်များဖန်တီးခြင်း၊ ပဋိပက္ခများဖန် တီးခြင်းများကိုနည်းလမ်းအဖုံဖုံဖြင့်ဖန်တီးနေကြ ကြောင်း၊ ဤဖန်တီးမူများ သည်အပြစ်မဲ့သောပြည်သူများသေကျေရခြင်း၊ အပျက်အစီးများကိုဖန်တီးရာသာရောက်ကြောင်း၊ အထက်ကဆိုခဲ့သောအခြေအနေများနှင့် (၂၀၂၀) ၏အဖြစ်အပျက်များသည် တစ်ဦးကိုတစ်ဦးဂရုစိုက်ရန်လိုအပ်ကြောင်းပြ သနေပြီး၊ ညီရင်းမောင်နှမစိတ်ရှိသောအသိုင်းအ၀ိုင်းကိုတည်ဆောက်ရန်လိုအပ်နေသည့်ပြယုဂ်ဖြစ်ကြောင်း၊ ထို့ကြောင့် ဂရုစိုက်စောင့်ရှောက်သည့်ယဉ်ကျေးမူသည် ငြိမ်းချမ်းရေးဆီသို့ဦးတည်သောလမ်းကြောင်းဖြစ်ကြောင်း၊ ဤလမ်းစဉ်သည် ဂရုမစိုက်လစ်လျူရူခြင်း၊ ဖြုန်းတီးခြင်း၊ တင်းမာမူများဖန်တီးသောယဉ်ကျေးမူကိုဖြိုချသည့်လမ်း စဉ်ဖြစ်သည်ဟုမိန့်ကြား ခဲ့သည်။

(အမိသာသနာတော်ကြီး၏ ဂရုစိုက်စောင့်ရှောက်သည့်အစဉ်အလာကိုပြန်လည်ထောက်ရူခြင်း)

အမိသာသနာတော်ကြီး၏ ဂရုစိုက်စောင့်ရှောက်သည့်အစဉ်အလာကိုပြန်လည်ငဲ့စောင်းကြည့်မည်ဆိုပါက သမ္မာ ကျမ်းစာ၏ပထမစောင်မှသည်ယေဇူးသခင်တိုင်ဖြစ်ပါသည်။ တဖန်ရှေးဦးသာသနာတော်ကြီးမှသည်ယနေ့‌သာသနာ တော် ကြီးအထိတိုင်ဖြစ်ပါသည်။

ဘုရားသခင်သည် စင်ကြာ၀ဋာကိုဖန်ဆင်းပြီးနောက် ထွန်ယှက်စိုက်ပျိုးရန် အာဒမ်ကိုအပ်နှင်းပေးခဲ့သည်။ ကိန္နက သည်ညီဖြစ်သူအာဗေလကိုစိတ်လိုလက်ရသတ်ဖြတ်ပြီးနောက် ထိုအမူကိုဘုရားသခင်မေးမြန်းစစ်ဆေးသောအခါ ဘုရား သခင်အားသူတုန့်ပြန်ပြောဆိုသည်ကား ‘ကျွန်ုပ်သည်ကျွန်ုပ်ညီ၏အထိန်းတော်လော’ ဟုဖြစ်ပါသည်။ အာဗေ လသည် ကျွန်ုပ်တို့အားလုံးအတွက် ကျွနု်ပ်တို့သည်အချင်းချင်းအားစောင့်ရှောက်ရမည့်သူများဖြစ်သည်ဟုသတိပေးနေသူဖြစ်သည်။ ဘုရားသခင်သည် လူသတ်ကောင်ဖြစ်သောကိန္နအားလည်းဖြစ်ချင်ရာဖြစ်ဟုပစ်မထား။ လစ်လျူမရူခဲ့ပေ။ ဤအချက်ကို ထောက်၍လူတစ်ဦး၌အဘယ်မျှဆိုးသွမ်းနေစေကာမူ မဖျက်မဆီးနိုင်သောဂုဏ်သိက္ခာရှိသည်ကို ဖန်ဆင်းသည့်အချိန်ကစ ၍ဘုရားသခင်ထည့်သွင်းထားသည်။ ထိုဂုဏ်သိက္ခာကား ဘုရားသခင်၏ပုံသဣာန်နှင့်တူညီခြင်းဖြစ်သည်။

ဥပုသ်နေ့ဥပဒေကိုပြန်လည်ရေးဆွဲသတ်ရာတွင် လူမူရေးကျင့်၀တ်နှင့်ချို့တဲ့နွမ်းပါးသူတို့၏အရေးကိုလည်းရည် ရွယ်သတ်မှတ်ခြင်းဖြစ်သည်။ ထို့ကြောင့်ဂျူဗလီနှစ်ကျင်းပရာတွင် စိုက်ပျိုးသောသီးနှံများကိုမရိတ်သိမ်းဘဲချို့တဲ့နွမ်းပါး သူများအားရိတ်သိမ်းစေခြင်း၊ ကျွန်များအားလွှတ်ငြိမ်းခွင့်ပေးခြင်း၊ အကြွေးများကိုဖြေလျော့ပေးခြင်းတို့ကိုထည့်သွင်းရေး ဆွဲခြင်းဖြစ်သည်။ ဤဖြစ်ရပ်များအားလုံးသည်တစ်ခုနှင့်တစ်ခုဆက်စပ်လျှက်ရှိသည်။ ထို့ကြောင့်မိမိတို့ကိုယ်ကိုစောင့် ရှောက်ခြင်း၊ သဘာ၀တရားကိုစောင့်ရှောက်ခြင်း၊ ညီအစ်ကိုမောင်နှများ၊ တရားမျှတခြင်းနှင့်သစ္စာစောင့်တိခြင်းများသည် ခွဲခြားမရသောအခြေခံအကြောင်းတရားများဖြစ်သည်။

အဖခမည်းတော်သည် လူသားထုကိုချစ်သည်။ ဤသို့ချစ်ကြောင်းကိုသူ၏တစ်ပါးတည်းသောသားတော်ကို လော ကသို့စေလွှတ်သည်ကိုထောက်၍သိနိုင်သည်။ ထို့အတူသူ၏တပည့်တော်ကြီးများအားလည်း ထို့နည်းတူပြုရန်ပညတ်ခဲ့ သည်။ ရှေးဦးခရစ်ယာန်များလည်းထိုပညတ်ချက်အတိုင်းမိမိတို့၏ဥစ္စာပစ္ဏည်းအနည်းအများမဟူဘဲ မိမိတို့အထဲ၌လိုအပ် သူ၊ ချို့တဲ့သူများ၊ အိမ်ယာမဲ့များ၊ ခရီးသွားများအား‌ေ၀မျှလက်တွေ့ပြခဲ့ကြသည်။

(အမိသာသနာတော်ကြီး၏လူမူရေးဆိုင်ရာသွန်သင်ချက်သည် ‘စောင့်ရှောက်ခြင်းသဒ္ဒါ’ ဖြစ်သည်။

အမိသာသနာတော်ကြီး၏စောင့်ရှေက်ခြင်းဆိုင်ရာသွန်သင်ချက်သည် အမိသာသနာတော်ကြီး၏ဖခင်ကြီးများ၏ ထောက်ရူချက်နှင့်ယုံကြည်ခြင်းအလင်းကိုမီးမောင်းထိုးပြသောကရုဏာရေးလုပ်ငန်းများကြောင့်ပို၍အနစ်သာရတိုးလာခဲ့ရ သည်။ အဘယ်ကြောင့်ဆိုသော်အမိသာသနာတော်ကြီး၏ရင်ခုန်သံတိုင်းသည်စောင့်ရှောက်ထိန်းသိမ်းရန်သာဖြစ်နေသည်။ ဤအချက်သည် ‘သဒ္ဒါ’ ကဲ့သို့မှန်ကန်နေရမည်ဖြစ်သည်။ လူ့ဂုဏ်သိက္ခာနှင့်ချို့တဲ့နွမ်းပါးသူများနှင့်လည်းတန်းတူညီမျှရှိ ခြင်း၊ ဘုံကောင်းကျိုးကိုမြင့်တင်ရန်လုပ်ဆောင်ခြင်း၊ ဖန်ဆင်းခြင်းကိုဆက်လက်ကာကွယ်ထိန်းသိမ်းရမည့်အချက်များပါ ၀င်သည်။

ခရစ်ယာန်ရူထောင့်၌ လူပုဂ္ဂိုလ်ဟုဆိုရာ၌ လူသားတစ်ဦး၏ဘက်စုံလွှမ်းခြုံသောဖွံ့ဖြိုးမူကိုဆိုလိုသည်။ လူပုဂ္ဂိုလ် ဟုဆိုလိုက်တိုင်း လူမူဆက်ဆံရေးကိုဆိုလိုခြင်းဖြစ်ပြီး၊ တစ်ဦးတစ်ကိုယ်တည်းကိုမရည်ရွယ်ဘဲ အားလုံးပါ၀င်ခြင်းကိုဆိုလို သည်။ ထို့ကြောင့်လူပုဂ္ဂိုလ်၏ဂုဏ်သိက္ခာကိုထိခိုက်ဖောက်ဖျက်ခြင်း၊ အလွှဲသုံးစားပြုခြင်းမပြုရ။ လူသားတစ်ဦးစီ၌သူနှင့် ထိုက်သောတန်ဖိုးရှိပြီးဖြစ်၍ အသုံးတည့်မှသာလူတစ်ဦး၏တန်ဖိုးတက်လာခြင်းမဟုတ်ပေ။

အမိသာသနာတော်ကြီး၏ လူမူရေးဆိုင်ရာစံနှုန်းအရ လူမူရေး၊ နိုင်ငံရေး၊ စီးပွားရေးရူထောင့်တိုင်းမှလူတစ်ဦးစီရရှိ ပိုင်ဆိုင်မည့်အောင်မြင်မူများသည် အများကောင်းကျိုးအတွက်သယ်ပိုးမှသာ ပြည့်၀သောပျော်ရွှင်မူကိုရရှိမည်ဖြစ်သည်။ အ ဘယ်ကြောင့်ဆိုသော် အခြားသူများအားလည်းပိုမိုစုံလင်ပြည့်၀စေအောင်ကူညီတွန်းပို့ပေးသောကြောင့်ဖြစ်ပါသည်။ ဤအ ချက်နှင့်စပ်လျင်း၍ရဟန်းမင်းကြီးက လက်ရှိဖြစ်ပွားနေသောကိုဗစ် (၁၉) ကိုပမာပြထားပါသည်။ ဤကူးစက်ရောဂါ ကြောင့်ကျွန်ုပ်တို့အားလုံးသည် အလွန်ထိလွယ်ရှလွယ်ပြီး၊ အလွန်ရှုပ်ထွေးသောဘ၀ကောက်ကြောင်းဖြင့်တစ်လှေထဲစီး၊ တစ်ခရီးထဲသွားနေကြသူများဖြစ်ကြောင်း၊ ကျွန်ုပ်တို့အားလုံးသည် တက်ညီလက်ညီလှော်ခတ်ရမည်ဖြစ်ကြောင်း၊ အဘယ် ကြောင့်ဆိုသော်တစ်လှေထဲစီးပြီး၊ တစ်ခရီးထဲသွားစဉ်၌တစ်ဦး၊ တစ်ကိုယ်တည်းပန်းတိုင်စီသို့မရောက်နိုင်သကဲ့သို့ကယ် တင်ခြင်းကိုလည်းတစ်ဦး၊ တစ်ကိုယ်တည်းရယူ၍မရနိုင်ကြောင်း၊ အမိသာသနာတော်ကြီး၏လူမူရေးသွန်သင်ချက်၌လည်း တန်းတူညီမျှဖေးမကူညီရန်ဇောင်းပေးသွန်သင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည်အားလုံးနှင့်ဆိုင်သည်။ ထို့အတူဖန်ဆင်းခံများအားလုံးနှင့်လည်းဆက်နွယ်မူရှိကြောင်းကိုလည်း ‘Laudato si’ (သဘာ၀ပတ်၀န်းကျင်ဆိုင်ရာစာ ချွန်တော်) ထဲ၌အတိအလင်းဖော်ပြထားသည်။ စာချွန်တော်က မီးမောင်းထိုးပြထားသည်မှာ ၄င်းတို့ကိုစောင့်ရှောက်ထိန်း သိမ်းပေးကြရန် ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများနှင့်ကမ္ဘာကြီး၏တောင်းဆိုသံကိုကြားနာကြရန်၊ သိပ်သည်းနက်ရှိုင်း သောစည်းလုံးသည့်စိတ်သဘောကိုသဘာ၀တရားနှင့်မထားရှိနိုင်က လူလူချင်းအားသနားကြင်နာခြင်း၊ စာနာခြင်း၊ ဂရု စိုက်မူများရှိနိုင်မည်မဟုတ်ပါ။ ‘ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းနှင့်ဖန်ဆင်းခြင်းကိုစောင့်ရှောက်ထိန်းသိမ်းခြင်း ဤသုံး ချက်သည်ဆက်နွယ်နေသောအချက်များဖြစ်ကြောင်း၊ မည်သည့်အခါမျှကွင်းဆက်ပြတ်တောက်၍မရကြောင်း’ ဖြင့်ရ ဟန်းမင်းကြီးသည်သူ၏စာချွန်တော်ကိုကိုးကား၍မိန့်ကြားထားသည်။

(အမိသာသနာတော်ကြီး၏လူမူရေးသွန်သင်ချက်သည် ‘သံလိုက်အိမ်မြောင်’ ဖြစ်သည်။

ဖြန်းတီးသောလူမူ၀န်းကျင်ကြောင့် ပြည်တွင်း၌သော်လည်းကောင်း၊ နိုင်ငံအချင်းချင်းကြား၌သော်လည်းကောင်း ကွာဟမူများကြီးထွားလာနေသည်။ ထို့ကြောင့်နိုင်ငံတော်အစိုးရများ၊ အပြည်ပြည်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်းများ၊ စီးပွားရေး ခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များ၊ စာပေပညာရှင်များ၊ ပညာပေးသူများတို့သည် အမိသာသနာ၏လူမူရေးဆိုင်ရာသွန် သင်ချက်များကို ‘သံလိုက်အိမ်မြှောင်’ ကဲ့သို့ဆောင်ထားသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်အများ၏ကောင်းကျိုးနှင့်လူ သားဆန်သောအနာဂါတ်ဆီသို့ညွှန်ပြမည်ကိုအာမခံကြောင်း၊ လူတိုင်းလည်းလူမူရေးအညီမျှမူကိုကျော်လွှားအောင်မြင်နိုင် ဤ ‘သံလိုက်အိမ်မြှောင်’ ကိုဆောင်ထားသင့် ကြောင်း၊ လူသားချင်းစာနာသောဥပဒေများကိုလေးစားလိုက်ရမည်။ အထူးသ ဖြင့်ပဋိပက္ခနှင့်စစ်ဖြစ်ပွားနေသောဒေသများ၌ပို၍လိုက်နာရမည်။ အဘယ်ကြောင့်ဆိုသော် ကလေးသူငယ်များ၊ အမျိုးသား၊ အမျိုးသမီးများအားဆိုးရွားသောဒုက္ခများကိုဖြစ်ပေါ်စေပါသည်။ ပဋိပက္ခဖြစ်ပွားမူကိုခံစားကြုံတွေ့မူများလာသောကြောင့် သာမန်အခြေအနေဟုပင်ထင်မှတ်ခံယူနေခြင်းထက် ကျွန်ုပ်တို့၏လွှဲမှားနေသောစိတ်ထား၊ အယူအဆကိုပြုပြင်ယူရမည်။ သို့မှသာစစ်မှန်၍အဓွန့်ရှည်သောငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ ညီအစ်ကိုရင်းစိတ်ဓာတ်ရှိသည့်အခြေအနေသို့ ရောက်ရှိ နိုင်မည်ဟုတိုက်တွန်းထားသည်။

(လက်နက်နှင့်ငြိမ်းချမ်းရေး)

လက်နက်၀ယ်ယူရေး အထူးသဖြင့်နူးကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေးအတွက်ကုန်ကျစရိတ်နှင့်စပ်လျင်း၍ရ ဟန်းမင်းကြီးကမိမိ၏လုံခြုံရေးအတွက်၊ ငြိမ်းချမ်းရေးတိုးမြှင့်လုပ်ဆောင်ရန်နှင့်လူသားထုဘက်စုံဖွံ့ဖြိုးရေး၊ ချို့တဲ့နွမ်း ပါးမူတိုက်ဖျက်ရေး၊ ကျန်းမာရေးကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအတွက်ဦးစားပေးအသုံးပြုရမည်ဖြစ်သည်။ လက်နက်ခဲရမ်းများ၀ယ်ယူစုဆောင်းရေးနှင့်စစ်အသုံးအသုံးစရိတ်အတွက်သုံးမည့်ငွေကြေးများကို ကမ္ဘာ့ရံပုံငွေအတွက်မ တည်ရန်ဆုံးဖြတ်ချက်ချနိုင်ရန်မှာသတ္တိဗျတ္တိရှိရန်လိုပါသည်။ သို့မှသာအစာရေစာငတ်မွတ်သည့်အနိဌာရုံအဖြစ်ကိုထာ၀ရ ရပ်တန့်ပစ်နိုင်မည်ဖြစ်သည်။ ထို့အတူဆင်းရဲမွဲတေသောနိုင်ငံများဖွံ့ဖြိုးတိုးတက်ရေးအတွက်ကူညီထောက်ပံ့ပေးသင့်လှပါ သည်။

(ငြိမ်းချမ်းရေးအတွက်ပညာပေးခြင်း)

ဂရုစိုက်ထိန်းသိမ်းတတ်ရန်မှာပညာ‌ပေးရန်လိုအပ်သည်။ ဤပညာပေးခြင်းကိုမိသားစုအတွင်း၌အစပြုရသည်။ မိ သားစုအတွင်း၌ပင်အခြားသူများနှင့်အဘယ်သို့နေထိုင်ရမည်၊ အချင်းချင်းအဘယ်သို့လေးစားရမည်ကိုသင်ကြားပေးရမည်။ ထို့အတူကျောင်းများ၊ တက္ကသိုလ်များ၊ လူမူကွန်ရက်၊ မီဒီယာများ၊ ဘာသာရေးသင်တန်းကျောင်းများ၊ ဘာသာရေးခေါင်း ဆောင်များသည်လည်းဤပညာပေးနည်းလမ်းကိုတန်ဖိုးထားတတ်ရန် လူတစ်ဦးစီ၏တန်ဖိုး၊ ဘာသာစကား၊ လူမျိုး၊ ဘာ သာရေးအသင်းအဖွဲ့အလိုက်လက်ဆင့်ကမ်းသင်ကြားပေးရမည်။ လူမူအသိုင်းအ၀ိုင်းသည်ယခုကဲ့သို့ အကြပ်အတည်းနှင့် ကြုံတွေ့ရုန်းကန်နေရချိန်မျိုး၌လူဖန်သည့်အခြားသောပဋိပက္ခများဖန်တီးမည့်အစား ပိုမိုတည်ငြိမ်အေးချမ်းသောအခြေအ နေကိုတည်ဆောက်ရန်သာလိုသည်။ အခြားသူများကိုလစ်လျူရူခြင်းမျိုးကိုမပြုမိရန်အသိသတိရှိရမည်။ အထူးသဖြင့်အ လွန်ချို့တဲ့နေကြသူများအားကူညီရမည်။ ဤသို့လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့သည်လက်တွေ့ကျသောလုပ်ရပ်များဖြင့် နေ့ စဉ်ရုန်းကန်ရမည်ဖြစ်ကြောင်းမိန့်ကြားရင်းမိန့်ခွန်းကိုနိဂုံးချုပ်ထားပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: ANSA

https://bit.ly/2Kmfakn

Add new comment

2 + 11 =