ချစ်ခြင်းမေတ္တာ စွမ်းအားကို သခင်ခရစ်တော် ဖွင့်ပေးခြင်း

ကိုယ်တော်မြတ်ကောင်းကြီးမင်္ဂလာ ချီးမွမ်းကိုးကွယ်ခြင်း ညနေမေတ္တာ နှင့် Te Deum ဘုရားကို ချီးမွမ်းခြင်း သီချင်းကို သီဆို

ချစ်ခြင်းမေတ္တာ စွမ်းအားကို သခင်ခရစ်တော် ဖွင့်ပေးခြင်း
ဒီဇင်္ဘာ ၃၁၊ ၂၀၁၈

 

နှစ်တစ်ခု၏ နောက်ဆုံးအဆုံးသတ်ြ​ခင်းနေ့ ညနေ စိန့်ပီတာ ရင်ပြင်တွင် ကိုယ်တော်မြတ်ကောင်းကြီးမင်္ဂလာ ချီးမွမး်ကိုးကွယ်ခြင်း ညနေမေတ္တာ နှင့် Te Deum ဘုရားကို ချီးမွမ်းခြင်း သီချင်းကို သီဆိုခဲ့ပါသည်။ ဘုရားသခင်သည် သူ၏ တစ်​ပါးတည်းသော သာတော်ကို ချစ်ခြင်းမေတ္တာ စွမ်းအား ဖွင့်လှစ်ပေးရန် ပြည့်စုံသောအချိန်တွင် ကျွနု်​ပ်တို့အားလုံးအတွက် စေလွှတ်ပေးခဲ့ပါသည်။ ဘုရား၏ မယ်တော် မာရီယား ပွဲ​တော်နေ့ကြီး တွင် ပြီးမြောက်ပြည့်စုံခြင်းနှင့် ကယ်တင်ခြင်း အကြောင်းကို ထောက်ရှုခဲ့ပါသည်။

သခင်ခရစ်တော်၌ ဘုရားသခင်သည် သူ၏ ချစ်ခြင်းမေတ္တာ ကိုပြည့်စုံစေခဲ့တယ်။ ယင်းချစ်ခြင်းမေတ္တာ၌ အရာရာအားလုံးကို ပြီးမြောက်ပြည့်စုံစေခဲ့တယ်။ ယင်းချစ်ခြင်းမေတ္တာ၌ သခင်ခရစ်တော်သည် သူ၏ စီမန်းကိန်းတော်ဖြစ်သော အပြစ်ထဲ၌ရှင်သန်နေရသော သားသမီးများကို ကယ်တင်ခြင်း၊ လွတ်လပ်ခြင်းနှင့် ဂုဏ်သိက္ခာ ကိုပြန်လည်ပေးအပ်ခြင်းနှင့် ဘုရား၏ သာသမီးဖြစ်ခွင့်ကို လူသားအားလုံးတို့အားပေးဆပ်ခဲ့ပါသည်။ ရောမမြို့ထဲမှာပင် အိုးမဲ့အိမ်မဲ့ နစ်သောင်းလောက်ရှိနေတယ်၊ သူတို့ရဲ့အခြေအနေဟာ လူ့ဂုဏ်သိက္ခာပျောက်နေသော ကျွန်ဘဝအခြေအနေဖြစ်နေတယ်။ သခင်ခရစ်တော်ကို နေရာမပေးခဲ့ခြင်း၊ နေစာရာမရှိလို့ နွားတင်းကုတ်မှာ နေခဲ့ရတဲ့သခင်ခရစ်တော်နှင့် တူနေကြောင်း ထောက်ရှု​ပြော​ခဲ့ပါသည်။ ဘုရားသခင်၏ နှိမ်ကျ​သောဘဝကို ခံယူခဲ့ခြင်းသည် နှိမ့်ကျနေသောလူသားတို့အတွက် ဘုရားသခင်နှင့်အတူရှိခြင်း ချစ်ခြင်မေတ္တာ ကို ​ဖော်ဆောင်​နေကြောင်းလည်းထောက်ပြခဲ့ပါသည်။

ဘုရား၏ မယ်တော် မာရီယား ပွဲ​တော်နေ့ကြီး တွင် အသင်းတော်သည် မယ်တော်ကဲ့သို့ မိခင်စိတ်ဓာတ်ဖြင့် လူသားတို့၏ ဘဝထဲကိုဝင်၍ သာမာန် အကူအညီလေးပေးရုံမဟုတ် လူတို့ဘဝမြင့်တင်ပေးရန် ပိုမိုသိရှိနားလည်ရန် နေထိုင်နေကြောင်း၊ အသင်းတော်သည် အမျိုးသမီးတစ်ဦးမှ ကလေးသူငယ်များကို မွေးစားသကဲ့သို့ လူသားထုတစ်ရပ်လုံးကို လက်ခံခဲ့ပါသည်။ ယင်းလူသားထုတရပ်လုံးကို သခင်ခရစ်တော် အစေခံခဲ့မူဖြင့် လွတ်လပ်သောဘဝကိုရရှိပိုင်ဆိုင်စေခဲ့ပါသည်။

ဘုရားသခင်ပေးဆပ်လုပ်ဆောင်ခဲ့သောအရာကိုချစ်ခြင်းမေတ္တာဟူသော အမည်မှတပါး ပေးစရာမရှိတော့ပါ။ ဖခမည်းတော်၊ သားတော်ဘုရား သန့်ရှင်းသောဝိညာဉ်တော်ဘုရား ၏ ချစ်ခြင်းမေတ္တာ ကို အသင်းတော်မှ ကျေးဇူးတင်ချီးမွမ်းသီဆိုဂုဏ်ပြုပါသည်။

 

https://www.vaticannews.va/en/pope/news/2018-12/pope-te-deum-jesus-unlea...

#motherofgod, #pope, #tedeum, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

12 + 6 =