ချစ်ခြင်းမေတ္တာထားတတ်‌သော ဘဝအသက်တာသည် သခင် ဘုရားနှင့် နောက်ဆုံးတွေ့ဆုံခြင်းအတွက် ပြင်ဆင်ပေးသည်။

ချစ်ခြင်းမေတ္တာထားတတ်‌သော ဘဝအသက်တာသည် သခင် ဘုရားနှင့် နောက်ဆုံးတွေ့ဆုံခြင်းအတွက် ပြင်ဆင်ပေးသည်။

ချစ်ခြင်းမေတ္တာထားတတ်‌သော ဘဝအသက်တာသည် သခင် ဘုရားနှင့် နောက်ဆုံးတွေ့ဆုံခြင်းအတွက် ပြင်ဆင်ပေးသည်။

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က "ခရစ်တော်၏ ချစ်ခြင်းမေတ္တာအားဖြင့် မှုတ်သွင်းခြင်း ခံရသော နေ့စဉ်ကောင်း မှု ပြုလုပ်ခြင်းများသည် သေခြင်းကိုကျော်လွန်သော ဘ၀ ကို စိတ်တည်ငြိမ်အေးချမ်းစွာဖြင့် စောင့်ဆိုင်းရန် အခွင့်ပေးသည်" ဟူ၍ ယုံကြည်သူ ခရစ် ယာန်များအား ပြောခဲ့သည်။

"စိန့် ပီတာ" ရင်ပြင်တွင် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် သည် တနင်္ဂနွေ‌နေ့ အန်ဂျေလူးစ်‌မေတ္တာ ဆိုရန်အတွက် မီဒီယာပလက်ဖောင်း အမျိုးမျိုးမှတစ်ဆင့် နားသောတဆင်ရန် စု‌ဝေးနေကြသော ယုံကြည်သူ ဘုရားဖူးပရိသတ်များကို ရည် စူး၍ မိန့်ခွန်းပြောကြားခဲ့ သည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် တနင်္ဂ နွေ နေ့ ဧဝံဂေလိကျမ်းစာတော်မြတ်ဖြစ်သော (ရှင်မာတေဦး ၂၅:၁-၁၃) မှ အပျိုကညာဆယ်ဦးတို့၏ ပုံဥပမာထောက် ရှုချက်ကို မျှဝေခဲ့သည်။ သခင်ယေဇူး၏ ခေတ်အချိန်အခါက မင်္ဂလာဆောင်ပွဲများကို မီး အိမ်တွင် မီးထွန်းညှိ၍ ညအ ချိန်တွင် ကျင်းပခဲ့ကြသည်။ ပုံဥပမာတွင် "သတို့သမီးအရံအချို့ (မိုက်မဲသောသူတို့)" သည် သူတို့၏မီးခွက်များ ထွန်းညှိရန်အတွက် ဆီအပိုယူရန် မေ့သွားခဲ့ကြပြီး “အသိသတိရှိသော ပညာရှိ” တို့မူကား ဆီများယူဆောင်လာကြသည်။ "မိုက်မဲသော သတို့ သမီးအရံများ" သည် သူတို့၏ ဆီမီးများ၌ ဆီအလုံအ လောက် မရှိကြောင်း သတိဝင်လာသောအခါ သူတို့သည် သွား၍၀ယ်ကြသော်လည်း နောက်ကျသွားသဖြင့် မင်္ဂလာ ဆောင်ပွဲမှ သွေဖယ်သွားကြသည်။

ဤပုံဥပမာဖြင့် ပုပ်ရဟန်း မင်းကြီးက “သခင်ယေဇူးသည် ကျွန်ုပ်တို့အား သူ၏ ကြွလာတော်မူခြင်းအတွက် အဆင်သင့်ပြင်ဆင်ကြရန် မိန့်ကြားလိုခြင်းဖြစ်သည်။ နောက် ဆုံးကြွလာခြင်းသာမက၊ ၎င်းကြုံတွေ့ရမှုအတွက် ကျွန်ုပ်တို့၏ နေ့စဉ်ကတိသစ္စာကိုလည်း အလေးထား‌၍ ဖော် ပြခဲ့သည်။ ၎င်းမှာ ယုံ ကြည်ခြင်းမီးခွက်သည် မလုံ လောက်။ ကျွန်ုပ်တို့သည် "ချစ်ခြင်းမေတ္တာနှင့် ကောင်းသောအကျင့်" ဟူ‌သောဆီကို လိုအပ်သည်" ဟူ၍ ရှင်းပြခဲ့သည်။

"ယုံကြည်ခြင်းသည် ချစ်ခြင်းမေတ္တာဖြင့်လုပ်ဆောင်ခြင်းဖြစ်သည်"

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က " သခင်ယေဇူး၌ အမှန်တကယ် စည်းလုံးစေသော ယုံကြည်ခြင်းသည် ချစ်ခြင်းမေတ္တာဖြင့် လုပ်ဆောင်သောယုံကြည်ခြင်းဖြစ်သည်" ဟု မြွက်ကြားခဲ့သည်။ "ပညာရှိအပျိုကညာများ" သည် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ကြသည်။ “မီးအိမ်နှင့်အတူ အပိုဆီကို ယူဆောင်လာခြင်းသည် ကျေး ဇူးတော်နှင့်ပူးပေါင်း၍ကောင်း မွန်သော လုပ်ဆောင်မှုကို ညွှန် ပြသည်။

"သခင်ဘုရားနှင့် နောက်ဆုံးတွေ့ဆုံရန် ကျွန်ုပ်တို့ အဆင် သင့်ဖြစ်လိုပါက ဘုရားရှင်နှင့်အတူ ယခု ပူးပေါင်း၍ သူ၏ ချစ်ခြင်းမေတ္တာအားဖြင့် လှုံ့ ဆော်သော၊ ကောင်းမြတ်သော လုပ်ဆောင်မှုများကို လုပ် ဆောင်ရမည်" ဟု ပုပ်ရဟန်း မင်းကြီးက မိန့်ကြားခဲ့သည်။

ဆက်လက်၍ ပုပ်ရဟန်း မင်း ကြီး "ဖရန့်စစ်" က “ကံဆိုးချင်တော့ ကျွန်ုပ်တို့ဘ၀၏ ရည်ရွယ်ချက်ဖြစ်သော ဘုရား ရှင်နှင့် တွေ့ဆုံချိန်းဆိုချက်ကို ကျွန်ုပ်တို့ မေ့သွားတတ်ကြသည်။ ထို့ကြောင့်သာလျှင် မျှော်လင့်ချက်ကင်းမဲ့နေသည်" ဟု မှတ်ချက်ပြုခဲ့သည်။

ဤကဲ့သို့သော စိတ်နေသ ဘော ထားသည် နောင်အနာ ဂတ်နှင့် ပတ်သက်၍ မည်သည့်ရှုမြင်ချက်ကိုမဆို ဟန့် တားစေသည်။ လူတို့သည် အခြားဘဝဆီသို့ မည်သည့်အခါမျှ မသွားတော့မည်သကဲ့သို့ အရာရာကို လုပ် ဆောင်ခဲ့ကြသည်။ ဤအ ကြောင်းကြောင့် လူတို့သည် ပိုင်ဆိုင်မှုအတွက်နှင့် ပိုင်ဆိုင်မှုရရှိရန် ဆက်လက်လုပ်ဆောင်နေကြပြီး မိမိကိုယ်ကို ကြီးပွားချမ်းသာအောင် ထူထောင်ခြင်းကိုသာ ဂရုစိုက်လာကြသည်။ ကျွန်ုပ်တို့ကို အလွန်‌ဆွဲဆောင်နိုင်သည့် အရာကိုသာ ရှာဖွေနေမည်ဆိုလျှင်၊ ကျွန်ုပ်တို့၏ အကျိုးစီးပွားအတွက်သာ ရှာဖွေနေမည်ဆိုလျှင် ကျွန်ုပ်တို့၏ အသက်တာသည် မြုံလျက်ရှိသည်။ ကျွန်ုပ်တို့၏ ဆီမီးခွက်အတွက် ဆီသို လှောင်မထားနိုင်ဘဲ သခင် ဘုရား ကြွလာတော်မူခြင်းမတိုင်မီ ကျွန်ုပ်တို့၏ ဆီမီးခွက်သည် ငြိမ်းသွားမည်ဖြစ်သည်။

"ကောင်းသောအကျင့်ကို ကျင့်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကိုက်ညီခြင်း"အခြားတစ်ဖက် တွင် ကျွန်ုပ်တို့သည် ကောင်းသောအကျင့်ကို ကျင့်ခြင်းအားဖြင့် ဘုရားသခင့်ကျေးဇူးတော်နှင့် ကိုက်ညီလျှင်၊ အသိသတိ ရှိသော၊ သတို့သမီး အပျိုက ညာများကဲ့သို့ "ကျွန်ုပ်တို့ အိပ် ပျော်နေချိန်၌လည်း သခင် ဘုရား ကြွလာနိုင်မည်ဖြစ် ကြောင်း၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မီးအိမ်များကို ကောင်းသောအကျင့် လုပ် ဆောင်ခြင်းဟူသော ဆီများကို သိုလှောင်ထားပြီးဖြစ်၍ စိုးရိမ်ပူပန်စရာမလိုကြောင်း" ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ကောက်ချက်ချရင်း ဩဝါဒတရားတော်မြတ်ကို အဆုံး သတ်ခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3kBt0eX

Add new comment

7 + 4 =