ချစ်ခြင်းမေတ္တာတစ်ခုတည်းကသာလျှင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက်လမ်းဖြစ်သည်

ချစ်ခြင်းမေတ္တာတစ်ခုတည်းကသာလျှင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက်လမ်းဖြစ်သည်

ချစ်ခြင်းမေတ္တာတစ်ခုတည်းကသာလျှင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက်လမ်းဖြစ်သည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ခရစ်ယာန်ဂိုဏ်းဂဏအမျိုးမျိုးမှ ခေါင်းဆောင်များရှေ့မှောက်တွင် ငြိမ်းချမ်းရေးအတွက် အပြည်ပြည်ဆိုင်ရာ ဆုတောင်းခြင်းအစည်းအဝေး၌ပါဝင်ခဲ့ပြီး၊ ငြိမ်းချမ်းရေးကိုပြန့်ပွားရန် သခင်ယေဇူး၏ မိမိကိုယ်ကို ပုံအပ်သည့် ချစ်ခြင်းမေတ္တာ စံနမူနာကို လိုက်လျှောက်ရန် လူတိုင်းအားတိုက်တွန်းခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင်ကျင်းပသော ငြိမ်းချမ်းရေးအတွက် ခရစ်ယာန်တို့၏ ဆုတောင်းခြင်း အချိန်အခါသမယ၌ ဟောကြားသော တရားတော်မြတ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည်  သခင်ယေဇူး မသေဆုံးခင်အချိန်၌ ဖော်ပြသော ဧဝံဂေလိတရားတော်ကို ပြန်လည်သုံးသပ်ခဲ့သည်။

ထိုစာကြောင်း၌ ပုပ်ရဟန်းမင်းကြီးက “သခင်ခရစ်တော်သည် လက်ဝါးကပ်တိုင်၏ ပြင်းထန်သော ဝေဒနာများကြားတွင် ကြုံတွေ့ရသော ဖြား‌ ယောင်းသွေးဆောင်မှု အကြောင်းကို ပြောခဲ့သည်။ “ ဒုက္ခစရိယာခံထမ်းခြင်းနှင့် ချစ်ခြင်းမေတ္တာသည် အထွဋ်အထိပ်သို့ ရောက်ရှိနေသည့်အချိန်တွင် ၎င်းနေရာတွင် ရှိနေသူများက မခံချိမခံသာအောင် "သင့်ကိုယ်သင် ကယ်တင်ပါ" ဟူ၍ ရက်ရက်စက်စက် ကဲ့ရဲ့‌ ပြောဆိုခဲ့ကြသည်။ (မာတေဦး ၁၅း ၃၀) ။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က“ကြီးမားသော ဖြားယောင်းသွေးဆောင်မှုကို ပြန်လည်သုံးသပ်၍  မိမိကိုယ်ကိုနှင့် မိမိတို့ ဝန်းကျင်ကိုသာ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့ ခရစ်ယာန်များအပါအဝင် မည်သူ့ကိုမျှ ချမ်းသာမ‌ပေးကြောင်း ” ရှင်းပြခဲ့ပါသည်။

၎င်းသည် လူ့ဗီဇမှန်‌သော်လည်း ဆက်လက်မှားယွင်းနေကြောင်း၊ ကားတိုင်တင် အသတ်ခံရ‌သော ဘုရားသခင်၏ နောက်ဆုံးဖြား‌ယောင်းသွေးဆောင်မှု" ဖြစ်‌ ကြောင်း မြွက်ကြားခဲ့ပါသည်။

"သာမန်လူများ"

ပုပ်ရဟန်းမင်းကြီးသည် “ ကိုယ့်ကိုယ်ကိုကယ်တင်ပါ” ဟူသောစကားလုံးများနှင့် ၎င်းစကားလုံးများကို ကားတိုင်ပေါ်တင်ခံနေရ‌သောသခင် ယေဇူအား ပြောဆိုသူများ "အကြောင်းကိုပြန်လည်သုံးသပ်ခဲ့သည်။

ဤစကားများကို ပထမဦးဆုံးပြောသူမှာ“ ထိုနေရာကို ဖြတ်သွားသောသူတို့” (၂၉) ဖြစ်ပြီး သူတို့သည် သခင်ယေဇူး တရားဒေသနာကြားနာကြ၍ အံ့ဖွယ်အမှုများကို ကြားနာနေကြရသော သာမန်လူများဖြစ်သည်။ ထိုသူတို့ပင်လျှင် သခင်ခရစ်တော်အား လက်ဝါးကပ်တိုင်မှဆင်း၍ မိမိကိုယ်ကို ကယ်တင်ရန် ပြောသောသူများဖြစ်သည်။ ထိုသူတို့သည် နိမိတ်လက္ခဏာများကိုသာ လိုချင်ကြသည်။" ဟု ပုပ်ရဟန်းမင်းကြီး အရှင်သူများက ရှင်းပြခဲ့သည်။ 

"တခါတရံတွင် ကျွန်ုပ်တို့သည် သနားကြင်နာတတ်သော အံ့ဖွယ်အမှုကို ပြုသော ဘုရားကို ပိုမိုနှစ်သက်တတ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံရိပ်တော်၌ ကိုက်ညီသော ဘုရားထက်  ကျွန်ုပ်တို့၏ ပုံသဏ္ဍာန်နှင့်ကိုက်ညီသော  ဘုရားကို ကိုးကွယ်ချင်ကြသည်။ သို့သော် ၎င်းသည် ဘုရားမဟုတ်။ ကျွန်ုပ်တို့၏ ဖန်ဆင်းခြင်းသာဖြစ်သည်။ 

“ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား ဝတ်ပြုခြင်းထက် မိမိကိုယ်ကို ကိုးကွယ်ခြင်းကို ပို၍ နှစ်သက်ကြသည်။ ထိုသို့သောကိုးကွယ်မှုသည် အခြားသူများအား လျစ်လျူရှုခြင်းဖြင့် ကြီးထွားလာခြင်းဖြစ်သည်။  ထိုလမ်း ဖြတ်လျှောက်သူများသည် မိမိတို့၏ဆန္ဒများကိုကျေနပ်ရောင့်ရဲစေရန် သခင်ယေဇူး၏ အံ့ဖွယ်တန်ခိုးကိုသာ စိတ်ဝင်စားခဲ့ကြသည်။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အစွန့်ပစ်ခံထားရသူ အဖြစ်သို့ ရောက်နေသောအခါမူ သူတို့သည် သခင်ခရစ်တော်၌ စိတ်ဝင်စားခြင်းမရှိတော့‌ပေ။ ကိုယ်တော်သည်သူတို့၏ မျက်စိရှေ့၌ ရှိနေသော်လည်း သူတို့၏ နှလုံးသားများနှင့်ဝေးကွာ‌နေသည်။ ”

"ယဇ်ပုရောဟိတ်အကြီးနှင့်ကျမ်းတတ်ဆရာများ"

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က“ ကိုယ့်ကိုယ်ကိုကယ်တင်ပါ” ဟူသောစကားလုံးများကိုပြောဆိုသူများသည်ယဇ်ပုရောဟိတ်အကြီးများနှင့်ကျမ်းတတ်ဆရာများဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးက “ငါတို့ရှိသမျှသည် မိမိကိုယ်ကိုကယ်တင်ရန်အတွက် အခြားသူများကိုလက်ဝါးကပ်တိုင်တွင် သတ်ရန်အထူးကျွမ်းကျင်သူများဖြစ်သည်။" ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များ

"နောက်ထပ် "ကိုယ့်ကိုယ်ကယ်တင်ပါ'" ဟူ၍ပြောသော လူများမှာ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များဖြစ်၍ ထိုသူတို့အတွက် သခင်ခရစ်တော်သည် ဆန္ဒရှိ‌သောသူဟု ယူမှတ်သောကြောင့် စီရင်ချက် ချမှတ်ခဲ့ကြသည်။ ကျွန်ုပ်တို့သည်လည်း မိမိကိုယ်ကို ချမ်းသာပေးဖို့ရန်အတွက် အခြားသူများကို ကားတိုင်တင်ရန် အထူးကျွမ်းကျင်ကြသူများဖြစ်သည်။" ဟူ၍ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က မိန့်ဆိုခဲ့ပါသည်။

သို့သော်သခင်ယေဇူးသည် ကျွုန်ပ်တို့အား မကောင်းမှုများကို တစ်ပါးသူအပေါ်သို့ မလွှဲချရန် သွန်သင်လိုသောကြောင့် မိမိကိုယ်ကို ကားတိုင်ပေါ်တွင်အသေသတ်ခံရန် ခွင့်ပြုခဲ့သည်။ ယဇ်ပုရောဟိတ်အကြီးအကဲများက သခင်‌ယေဇူးအား သူတစ်ပါးအတွက် ပြုပေးသည့်အမှုနှင့် ပတ်သက်၍“ သူသည်အခြားသူများကိုကယ်တင်ခဲ့ပြီး၊ မိမိကိုယ်ကိုမကယ်တင်နိုင်ပါ” ဟူ၍ ရှင်းရှင်းလင်းလင်း စွပ်စွဲခဲ့သည်။ ( ၃၁) 

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ရှင်းပြသည်မှာ- ဤယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် သခင်ယေဇူးကို သိကျွမ်းကြသူများဖြစ်သည်။ ထိုသူတို့သည် သခင်ခရစ်တော် ဆောင်ရွက်ခဲ့သော ရောဂါကုသခြင်းနှင့်၊ ချည်နှေင်ထားခြင်းမှ လွတ်မြောက်စေခြင်း အံ့ဖွယ်အမှုများကို ပြုလုပ်ခဲ့သော်လည်း မလိုတမာ အငြိုးထားခြင်းဖြင့်  နိဂုံးချုပ်ခဲ့ကြသည်။ ထိုသူတို့အတွက် သူတစ်ပါးကို ကယ်တင်ခြင်းနှင့် ကူညီခြင်းသည် အကျိုးမရှိ။ အခြားသူများအတွက် မိမိကိုယ်ကို အကြွင်းမဲ့ စွန့်လွှတ်အနစ်နာခံခဲ့သည့် သခင်ယေဇူးသည် သူကိုယ်တိုင်ရှုံးနိမ့်ခဲ့သည်။" ဟူ၍ ပုပ်ရဟန်းမင်းကြီးက ဆက်လက် မိန့်ကြားခဲ့သည်။ 

“ စွပ်စွဲချက်၏ ကဲ့ရဲ့ရှုတ်ချသံသည် ဘာသာရေးဘာသာစကားဖြင့် ဆုပ်ကိုင်ထားသည်။"

 ကယ်တင်ရန်ဟူသော ကြိယာကို နှစ်ခါ အသုံးပြုသည်။ သို့သော် မိမိကိုယ်ကိုကယ်တင်ခြင်းဟူသော ဧဝံဂေလိတရားသည် ကယ်တင်ခြင်းဆိုင်ရာဧဝံဂေလိကျမ်းမဟုတ်‌။ ၎င်းသည် မှားယွင်းနေသော ဧဝံဂေလိတရားတော်ဖြစ်ကြောင်း၊ စစ်မှန်သော ဧဝံဂေလိတရားသည် ကျွန်ုပ်တို့ကို အခြားသူများ၏လက်ဝါးကပ်တိုင်ကိုယူ၍ ထမ်းရန် နှိုးဆော်ထားသည်။

"သခင်ယေဇူးနှင့်အတူလက်ဝါးကပ်တိုင်၌ရိုက်ထားခံရသောသူတို့"

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က“ နောက်ဆုံး၌ သခင်ယေဇူးနှင့်အတူ လက်ဝါးကပ်တိုင်မှာအသေခံသူများသည်လည်း သခင်‌‌ယေဇူးကို ကဲ့ရဲ့ရှုတ်ချခဲ့ကြသည်။ ထိုသူတို့သည် သခင်ယေဇူးကိုလက်ဝါးကပ်တိုင်မှ မကယ်တင်သောကြောင့်စိတ်ဆိုးခဲ့ကြသည်။ ထိုအကြောင်းကြောင့် သူတို့သည် သခင်ခရစ်တော်အား "ကိုယ့်ကိုယ်ကို ကယ်တင်၍၊ ကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။" ဟူ၍ တောင်းလျှောက်ကြ၏။ (လု ၂၃း ၃၉) 

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က " ဘုရားသခင်သည် ကျွန်ုပ်တို့၏ နေ့စဉ်ပြဿနာများမှ လွတ်မြောက်စေရန်သာ လာသည်မဟုတ်။ ပြဿနာအစစ်အမှန်ဖြစ်သော ချစ်ခြင်းမေတ္တာ ကင်းမဲ့ခြင်း၏ ပြဿနာမှ လွတ်မြောက်စေရန် လာခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာကင်းမဲ့ခြင်းနှင့် မိမိအတွက်သာ စဉ်းစားနေခြင်းသည် ကျွန်ုပ်တို့ ကိုယ်စီကိုယ်စီ၊ လူမှုရေး၊ လူအများနှင့်၊ ပတ်ဝန်းကျင်၏ ခြေခံပြဿနာအရင်းအမြစ်ဖြစ်သည်။ ၎င်းသည် ခပ်သိမ်းသော မကောင်းမှုတို့၏ ဖခင်ဖြစ်သည်။" ဟူ၍ မိန့်ကြားခဲ့ပါသည်။  

သို့သော် သူခိုးတစ်ဦးသည် သခင်ယေဇူးကိုကြည့်၍ သခင်ယေဇူး၌ နှိမ့်ချသောချစ်ခြင်းမေတ္တာကိုမြင်ရသည်။ သူသည် မိမိကိုယ်ကိုယ် ၊ မိမိဘေးနားမှာရှိသောသူဘက်သို့ လှည့်ခြင်း၊သခင်ခရစ်တော်ထံသို့ ပြန်လှည့်ခြင်းအားဖြင့် ကောင်းကင်သို့ ၀င်ရောက်ခဲ့သည်။  (V. ၄၂) ။ 

"ကရာနီလမ်း- ဘုရားသခင်နှင့်လူတို့အကြားတိုက်ပွဲ"

ထို့နောက်ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သူ၏ ထောက်ရှုခြင်းကို  ကာရာနီလမ်းခရီး ဘက်သို့ လှည့်၍ မိန့်ကြားပုံမှာ-.ကာရာနီလမ်းသည်   ကျွန်ုပ်တို့ကို ကယ်တင်ရန် လာခဲ့သောဘုရားသခင်နှင့် မိမိကိုယ်ကိုသာ ကယ်တင်လိုသော လူသားတို့အကြား၊ ဘုရားသခင်ကိုယုံကြည်ခြင်းနှင့် မိမိကိုယ်ကို ကိုးကွယ်ခြင်းအကြား၊ အပြစ်တင်တတ်သော လူသားနှင့် ခွင့်လွှတ်တတ်သောဘုရားရှင်အကြား၌ တိုက်ပွဲတစ်ခုဟူ၍ ဖော်ပြခဲ့သည်။ 

အဆုံး၌, ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က  ဘုရားသခင်၏ အောင်ပွဲသည် ထင်ရှားခဲ့သည်။ ဘုရားသခင်၏ ဂရုဏာတော်သည် မြေကြီးပေါ်၌ ဆင်းသက်ခဲ့သည်။ 

လက်ဝါးကပ်တိုင်ပေါ်တွင် ဆန့်ထားသော သခင်ယေဇူး၏ လက်များသည် အလှည့်အပြောင်းတစ်ခုဖြစ်သည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ လက်ညှိုးမထိုးသော်လည်း လူသားအားလုံးကို လက်ခံသည်။ ချစ်ခြင်းမေတ္တာကသာလျှင် အမုန်းတရားကို ကွယ်ပျောက်စေသည်။ ချစ်ခြင်းမေတ္တာသည် မတရားမှုကိုကျော်လွှားနိုင်သည်။ ချစ်ခြင်းမေတ္တာကသာ အခြားသူများအတွက်နေရာပေးသည်။ ချစ်ခြင်းမေတ္တာကသာလျှင် ကျွန်တော်တို့ကို ပြည့်ဝသော ပေါင်းစည်းခြင်းဆီသို့ ဦးတည်‌ သောလမ်းကြောင်းဖြစ်သည်။" ဟူ၍ မိန့်ကြားတော်မူခဲ့သည်။

" စည်းလုံးခြင်းနှင့် ညီအစ်ကိုရင်းချာပမာချစ်ခင်ခြင်း"

နောက်ဆုံး၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကျွန်ုပ်တို့သည် ပိုမိုစည်းလုံးညီညွတ်စွာ နေထိုင်ခွင့်ရရှိစေရန်ဆုတောင်းခဲ့သည်။ သခင်ခရစ်တော်နှင့် နီးကပ်လေလေ ကျွန်ုပ်တို့သည် အခြားသူများအတွက် တာဝန်ရှိကြောင်း ခံစားတတ်လာပြီး လောကကြီးအတွက် နှလုံးသားတံခါးများ ပွင့်လေလေဖြစ်သည်။ ထို့နောက် အခြားသူများသည် လည်း ကျွန်ုပ်တို့နှင့် အခြားသူများအားလုံး၊  သခင်ခရစ်တော်နှင့်တူသော ဆင်းရဲသားများမှစတင်၍ လူသားအယောက်စီတိုင်း၊ လူတို့၏ သမိုင်းနှင့် ယုံကြည်ခြင်းအတွက် ကယ်တင်ခြင်းရရန် အကြောင်းပြချက်များဖြစ်နိုင်ကြောင်း မိန့်ကြားခဲ့ပါသည်။  

ကျွန်ုပ်တို့သည် ညီအစ်ကိုရင်းပမာ ပိုမို ချစ်တတ်လျှင် စစ်မှန်သောဘုရားသခင်အား သက်သေခံရန်ပိုမိုခိုင်မာကြောင်း မိန့်ကြားရင်း ဩဝါဒတရားတော်မြတ်ကို အဆုံးသတ်ခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/35otXBw

 

Add new comment

12 + 2 =