ချစ်ခြင်းမေတ္တာဆိုသည်မှာ တစ်ပါးသူကို ထိန်းချုပ်ထားခြင်းမဟုတ်။ အစေခံခြင်းဖြစ်၏။

ချစ်ခြင်းမေတ္တာဆိုသည်မှာ တစ်ပါးသူကို ထိန်းချုပ်ထားခြင်းမဟုတ်။ အစေခံခြင်းဖြစ်၏။

ချစ်ခြင်းမေတ္တာဆိုသည်မှာ တစ်ပါးသူကို ထိန်းချုပ်ထားခြင်းမဟုတ်။ အစေခံခြင်းဖြစ်၏။

တနင်္ဂနွေနေ့ "Regina Coeli" မေတ္တာဆိုသည့်နေရာတွင် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည်အခြားသူများအတွက် မိမိကိုယ်ကိုပေးဆပ်ဆက်ကပ်ခြင်းသည် သခင်ယေဇူး၏ မေတ္တာတော်၌ တည်နေခြင်း၏ အဓိပ္ပါယ်ကို အကောင်းဆုံး ဖော်ပြခြင်းဖြစ်ကြောင်း ထောက်ရှုခဲ့ပါသည်။

တစ်နေ့တာ၏ ဧဝံဂေလိတရားတော်ဖြစ်သော (ယောဟန် 15: 9-17) မှ ‌အချက်အလက်ကို ယူပြီး ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ခရစ်ယာန်တစ်ဦး သည် ယေဇူးသခင်၏ ချစ်ခြင်းမေတ္တာ၌ တည်နေလျှင် တွေ့မြင်နိုင်သည့် အသီးအပွင့်များအကြောင်းကို ဖော်ပြခဲ့သည်။

ယေဇူးသခင်က သူ၏ ဝမ်းမြောက်ခြင်းသည် ကျွန်ုပ်တို့၌ တည်ရှိ၍၊ ကျွန်ုပ်တို့၏ ၀မ်းမြောက်ခြင်းသည် သူ့၌ ပြည့်ဝစေခြင်းငှါ သူ၏ ချစ်ခြင်းမေတ္တာ၌ တည်နေရန် ဖိတ်ခေါ်ထားသည်။

"ခမည်းတော်၏ချစ်ခြင်းမေတ္တာကိုသိမှတ်ခြင်း"

ဆက်လက်၍ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က မိန့်ကြားထားသည်မှာ "ဤချစ်ခြင်းမေတ္တာသည် သူ၏စီးဆင်းရာ ခမည်းတော်ဘုရားထံ၌ တည်ရှိပြီး၊ သားတော်ယေဇူးအားဖြင့် ကျွန်ုပ်ထံသို့ စီးဆင်းစေသည်။
“ ယေဇူးသခင်က ကျွန်ုပ်တို့အားပေးသည့် ချစ်ခြင်းမေတ္တာဟူသည် ခမည်းတော်က သူ့အား ပေးသည့် ဖြူစင်သောချစ်ခြင်း၊ အဆုံးမဲ့ချစ်ခြင်းနှင့် လွတ်လပ်စွာပေးသည့် ချစ်ခြင်းတို့နှင့် နည်းတူပင်ဖြစ်သည်။ ထိုသို့ ချစ်သည့်နည်းတူ သခင်ယေဇူးသည် ကျွန်ုပ်တို့အား သူငယ်ချင်းများကဲ့သို့ ဆက်ဆံလျက် ခမည်းတော်ကို ကျွန်ုပ်တို့အားသိစေရန် ပြုလုပ်ပေးသည့်အပြင် သူသည် ကျွန်ုပ်တို့အား ကမ္ဘာကြီးထာဝရအသက် ရရှိစေရန်အတွက် အဖခမည်းတော်ပေးသော ကယ်တင်ခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့အား ပါ၀င်စေသည်။ ကျွန်ုပ်တို့သည်လည်း သခင်ယေရှု၏ ပညတ်တော်များကိုစောင့်ရှောက်ခြင်းအားဖြင့် သခင်ယေဇူး၏ မေတ္တာတော်၌တည်နေပါသည်။

"တစ်ဦးကို တစ်ဦးချစ်ခြင်း"

ထိုကျမ်းပိုဒ်၌ပင် ယေဇူးသခင်က “ငါသည်သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်အချင်းချင်းချစ်ကြလော့။ ” ဟူသော နှုတ်တော်ထွက် စကားများဖြင့်သူ၏ ပညတ်တော်ကို အကျဉ်းချုံးထားသည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ခရစ်တော်ကဲ့သို့ချစ်ခြင်းဆိုသည်မှာ သခင်ခရစ်တော်သည် မိမိတပည့်တော်များ၏ ခြေကို ဆေးကြောသကဲ့သို့ မိမိတို့ ညီအစ်ကို မောင်နှမများအား အစေခံခြင်း၌ မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းဖြစ်သည်။ ဆိုလိုသညိမှာ မိမိ၌ ရှိသမျှနှင့် ဖြစ်နိုင်သမျှနှင့် အခြားသူအတွက် မိမိကိုယ်ကို အဆင်သင့် ရှိနေခြင်းကို ဆိုလိုသည်။ သို့သော် နှုတ်အားဖြင့် ချစ်ခြင်းမျှသာမဟုတ်ပဲ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ချစ်ခြင်းကို သက်သေပြခြင်းဖြစ်သည်။

"အကြမ်းဖက်၍ ထိန်းချုပ်ထားခြင်းမဟုတ်၊ သို့သော် အစေခံခြင်း"

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က သခင်ခရစ်တော်ကဲ့သို့ချစ်ခြင်းမေတ္တာထားရှိခြင်းဆိုသည်မှာ လောကကြီးမှ ကမ်းလှမ်းသော အခြားသောချစ်ခြင်းမေတ္တာများဖြစ်သည့် ငွေ၊ အောင်မြင်မှု၊ အာဏာအစရှိသည်များအပေါ် စွဲမက်ခြင်းကိုဖယ်ရှားရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

"ဤလှည့်စားတတ်သော လမ်းကြောင်းများသည် ကျွန်ုပ်တို့အား သခင်ဘုရား၏ ချစ်ခြင်းမေတ္တာမှ ဝေးကွာစေ၍ ပိုမို၍ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အတ္တပေမ ဝါဒ ကျင့်သုံးခြင်းနှင့် တစ်ပါးသူအပေါ် ဩဇာအာဏာ ကြီးစိုးလွန်းခြင်းသို့ ကျွန်ုပ်တို့အား ကျရောက်စေသည်။ ဩဇာအာဏာကြီးစိုးလွန်းခြင်းသည် ချစ်ခြင်းမေတ္တာကို ယိုယွင်းပျက်စီးစေ၍၊ သူတစ်ပါး၏ မေတ္တာကို အလွဲသုံးစားပြုခြင်း၊ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများကို ဒုက္ခရောက်စေခြင်းများဖြစ်စေသည်။

ပုပ်ရဟန်းမင်းကြီးက ထပ်မံ၍ ‌မိန့်ကြားထားသည်မှာ မညီညွတ်သည့် ချစ်ခြင်းမေတ္တာကြောင့် အကြမ်းဖက်ခြင်းသို့ ကျရောက်သဖြင့် ခံစားနေရသော အမျိုးသမီးများစွာအကြောင်းပြောကြားခဲ့ရာ ထိုသို့သော ချစ်ခြင်းမေတ္တာသည် စစ်မှန်သော ချစ်ခြင်းမေတ္တာမဟုတ်ကြောင်း မိန့်ကြားခဲ့သည်။

“ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သကဲ့သို့ အခြားသူအပေါ် ချစ်ခြင်းမေတ္တာ ထားရှိခြင်းဆိုသည်မှာ ကျွန်ုပ်တို့အနီးရှိ လူများကို တန်ဖိုးထားကြရန်နှင့် သူတို့၏ လွတ်လပ်ခွင့်ကိုလေးစားရန်၊ သူတို့အရှိကို အရှိတိုင်းလက်ခံ၍ အကြွင်းမဲ့ ချစ်မြတ်နိုးခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာအခြားသူများကို ထိန်းချုပ်ရန်ရည်ရွယ်ချက်ထားရှိခြင်းကို ကျော်လွှားနိုင်ခြင်းကို ဆိုလိုသည်။

"ဝမ်းမြောက်ခြင်းကို သက်သေခံခြင်း"

နောက်ဆုံး၌ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ကျွန်ုပ်တို့၏ ၀မ်းမြောက်ခြင်းသည် ပြည့်စုံခြင်းသို့ ရောက်စေရန် ယေဇူးသခင်၏မေတ္တာတော်၌ တည်မြဲကြဖို့ ယုံကြည်သူခရစ်ယာန်များအား ဖိတ်ခေါ်ခဲ့သည်။

“ဖောက်ပြန်တတ်သော ကျွန်ုပ်တို့၏ အာနည်းချက်များအစား ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်မြတ်နိုးတော်မူကြောင်း သိရှိခြင်းသည် ကျွန်ုပ်တို့အား ဤလောက၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ယုံကြည်စိတ်ချစွာရင်ဆိုင်ရန် ကူညီပေးသည့်အပြင် ဒုက္ခအခက်ခဲများကြားမှ ရုန်းထွက်နိုင်အောင်ကူညီပေးပြီး ပိုမိုကောင်းမွန်သော အသက်တာကို ရှင်သန်စေသည်။ ကျွန်ုပ်တို့၏ စစ်မှန်သော သက်သေခံခြင်းသည် သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း၏ ဝမ်းမြောက်ခြင်း၌ ရှင်သန်ခြင်းပါဝင်ပါသည်။ အကြောင်းမှာ ဝမ်းမြောက်ခြင်းသည် စစ်မှန်သော ခရစ်ယာန်တစ်ဦး၏ ထူးခြားသည့် လက္ခဏာဖြစ်သည်။ ”

ထို့အပြင်ရဟန်းမင်းကြီး အရှင်သူမြတ်က ယေဇူးသခင်၏ ချစ်ခြင်းမေတ္တာ၌ တည်နေရန်နှင့် လူသားတိုင်းအပေါ် ချစ်ခြင်းမေတ္တာ ပွားများလျက် ရှင်ပြန်ထမြောက်တော်မူသောသခင်ဘုရား၏ ဝမ်းမြောက်ခြင်းအကြောင်းကို သက်သေခံနိုင်ရန် အပျိုစင်မာရီယားသည် ကျွန်ုပ်တို့အား ကူညီစောင်မတော်မူပါစေ ဟူ၍ ဆုတောင်းကာ Regina Coeli ၏ မိန့်ခွန်းကိုနိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန်-Sr.Lucy Lal Nai Ciang,SJA
Photo courtsy of: ANSA
https://bit.ly/3eKOUwi

Add new comment

17 + 2 =