ချစ်ခြင်းမေတ္တာက အမြဲတမ်း အတိုင်းမဲ့ကျော်လွန်ပြီး အနည်းငယ်မျှ ချစ်ပြ လုပ်ဆောင်ခြင်းမျိုး မရှိပါ

ချစ်ခြင်းမေတ္တာက အမြဲတမ်း အတိုင်းမဲ့ကျော်လွန်ပြီး အနည်းငယ်မျှ ချစ်ပြ လုပ်ဆောင်ခြင်းမျိုး မရှိပါ

 

တစ်ခါတလေ လူတွေက “ကိုယ်တော်၊ ကျွန်ုပ်မခိုးယူဘူး၊ ကျွန်ုပ် မသတ်ဘူး၊ ကျွန်ုပ် ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊ လို့ ပြောကြတယ်။ ကျွန်ုပ်အဆင်ပြေတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲ့ဒါမျိုးက ကျွန်ုပ်တို့အဖို့ အနည်းငယ်မျှလုပ်ဆောင်ခြင်းဖြစ်ပြီး သခင်ယေဇူးက အတတ်နိုင်ဆုံးပိုမိုကြီးမြတ်တာ လုပ်ဖို့ဖိတ်ခေါ်နေတယ်။ ဘုရားသခင်က စားပွဲတွေပေါ် တွက်ချက်ပြီး လုပ်ဆောင်ခြင်းမျိုး မပြုလုပ် တတ်ပါဘူး။

ဘုရားသခင်က အနည်းဆုံး မဟုတ်ဘဲ၊ အများဆုံးကျွန်ုပ်တို့ကို ချစ်မြတ်နိုးတဲ့ ချစ်သူ တစ်ယောက် ဖြစ်ပါတယ်။ ဘုရားသခင်က “အတိုင်းအတာတစ်ခုပဲ သင့်ကိုချစ်တယ်” လို့ ကျွန်ုပ်တို့ကို မပြောပါဘူး။ စစ်မှန်တဲ့ချစ်ခြင်းက အတိုင်းအတာတွေ ကျော်လွန်ပြီး ဘယ်တော့မှ ချစ်လို့ကို မဝနိုင်တဲ့ ချစ်ခြင်း ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာက အမြဲတမ်း အတိုင်းမဲ့ကျော်လွန်ပြီး အနည်းငယ်မျှ ချစ်ပြ လုပ်ဆောင်ခြင်းမျိုး မရှိပါဘူး။

ကားတိုင်ပေါ်မှာ အသက်ပေးကာ သူ့ကိုသတ်တဲ့ သူတွေကို ခွင့်လွှတ်ခြင်းနဲ့ သခင်ယေဇူး ချစ်သက်သေ ပြခဲ့ပါတယ်။ သခင်ယေဇူး အဓိက အထားဆုံး မိန့်ဆိုချက်ကိုကျွန်ုပ်တို့ လိုက်လုပ်ဖို့ အပ်နှံထား ခဲ့ပါတယ်။ အဲဒါကတော့ … “သခင်ယေဇူး ချစ်ပြခဲ့သလိုမျိုး ကျွန်ုပ်တို့လည်း တစ်ဦးနဲ့တစ်ဦး ချစ်ကြဖို့” ဖြစ်ပါတယ်။

ဒီလိုချစ်ခြင်းက စစ်မှန်တဲ့ဘဝအသက်တာ ယုံကြည်ခြင်းနဲ့ ပညတ်တရားတွေကို ဖြည့်ဆည်း ပြည့်စုံစေပါတယ်။

✍️ထန်းဟာ SJ

Source: Catholic News Service

#rvamyanmar #rvapastoralcare #PopeFrancisMessage

Add new comment

10 + 1 =