(ချစ်ခြင်းကပေးသောပျော်ရွှင်မူ) စာချွန်တော်နှစ်နှင့်ပတ် သက်၍ ရဟန်း မင်းကြီး၏ သွန်သင်ချက်များ

(ချစ်ခြင်းကပေးသောပျော်ရွှင်မူ) စာချွန်တော်နှစ်နှင့်ပတ် သက်၍ ရဟန်း မင်းကြီး၏ သွန်သင်ချက်များ

ရဟန်းမင်းကြီးအပါးတိုင်းအတွက် မိသားစုသည်အရေး ကြီးသောကဏ္ဍအဖြစ်ထားရှိလမ်းညွှန်ခဲ့ကြသည်။ ထို့အတူပုပ်ရဟန်းမင်းကြီးဖရန်စစ်အတွက်လည်းအလွန်အခရာကျသည်။ ထို့ကြောင့် သူ၏ သွန်သင်ချက်များ၌မိသားစုအရေးမပါဘဲ ဩ၀ါဒကိုအဆုံးသတ်လေ့မရှိ။

ရဟန်းမင်းကြီးဖရန်စစ်သည် အဓိကအချက်နှစ်ချက်အပေါ်သူ၏တမန်တော်ဆိုင်ရာသွန် သင်ချက်ကိုဇောင်းပေးထား သည်။ ပထမတစ်ချက်ကား မိသားစုအတွင်းဂရုစိုက်ဆက် ဆံခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအမူတော်ကိုစတင်ထမ်းဆောင်ပြီးနောက် ပိုင်း မိသားစုနှင့်ပတ်သက် သောသူ၏သွန်သင်ချက်များကိုအောက်ပါအတိုင်းတွေ့မြင်ရမည်ဖြစ်သည်။

မေလ၊ ၁၃၊ ၂၀၁၅

ဘုရားသခင်သည် ၀င်ရောက်ခွင့်ပြုရန်မေတ္တာရပ်ခံနေသည် ။ မိသားစုအတွင်းတစ်စုံတစ် ရာမပြုလုပ်မှီ‘တကယ် လို့ ငါဒါလေးလုပ်လိုက်ရင် မင်းစိတ်အနှောက်အယှက်ဖြစ်သွားမလား။ ငါဒီလိုလုပ်တာကိုသဘောကျလား’ ဟုမေးမြန်းအ ကြံဉာဏ်တောင်းရန်မမေ့ပါနှင့်။ အဘယ်ကြောင့်ဆိုသော် ဤသို့ပြောဆိုခြင်းသည်လေးစားခြင်း၊ ချစ်ခြင်းဖြစ်သည်။

လက်ထပ်ထိမ်းမြှားခြင်းကိုလည်းစောင့်ထိန်းရန် ပုပ်ရဟန်း မင်းကြီးမှအစဉ်အား ပေးတိုက်တွန်းလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဘာ သာတူများအားလည်းကောင်း ၊ ရဟန်းတော်များအားလည်း ကောင်း အိမ်ထောင်သည်များအား ဖေးမကူညီ၍ ၄င်းတို့၏ ဘ၀ခရီးကိုစောင့်ရှောက်ပေးရန်၊ အထူးသဖြင့်အခက်အခဲစိန်ခေါ်မူများနှင့်ကြုံရသည့်အခါမျိုး၌အား ပေးကူညီစေလိုသည်။

ဇန္န၀ါရီလ၊ ၂၉၊ ၂၀၁၈

အခက်အခဲ၊ စိန်ခေါ်မူများနှင့်ကြုံတွေ့ရချိန်၌ ကျွန်ုပ်တို့ ဩတ္တပ္ပစိတ်၏စေ့ဆော်မူကိုနားထောင်ရမည်။ လစ်လျူ ရူ၍မရ။ အဘယ်ကြောင့်ဆိုသော်ဩတ္တပ္ပစိတ်ကိုဆန့်ကျင် ၍လုပ်ဆောင်ခြင်းဖြင့် မိမိတို့၏လက်ထပ်ထိမ်းမြှားခြင်းကိုထိ ခိုက်သွားစေပြီး၊ ကျေး ဇူးတော်နှင့်လည်းဝေးကွာသွားစေသည်။ ဩတ္တပ္ပစိတ်ကိုနားထောင်နိုင်ရန်မှာရဟန်းတော်များ ၏လမ်းညွှန်ပေးမူ၊ အိမ်ထောင်ရေးကိုတည်ငြိမ်စွာတည်ဆောက်ထားသောအိမ်ထောင်သည်တို့၏ဖေးမလမ်းညွှန်မူနှင့်မိမိ တို့၏ ဩတ္တ ပ္ပစိတ်ကိုပြန်လည်ဆန်းစစ်ရန်လိုအပ်သည်။

ပုပ်ရဟန်းမင်းကြီးအနေဖြင့် လက်ထပ်ထိမ်းမြှားခြင်းနှင့်ပတ်သက်၍ မှားယွင်းသောအယူအဆ၊ သွန်သင်ချက်၊ အပြုသဘောမဆောင်သည့်လွှမ်းမိုးမူများကိုပြင်း ပြင်း ထန်ထန်ရှုံ့ချသည်။

အောက်တိုဘာလ၊ ၂၉၊ ၂၀၁၆၊

လက်ထိပ်ထိမ်းမြှားခြင်းကိုဖျက်ဆီးသောလုပ်ရပ်များ သည်မရပ်မနားလုပ်ဆောင်နေကြသည်။ ယနေ့ခေတ်၌အ ဖျက်မှောက်ကိုလုပ်ရန်လူတို့၏အတွေးအခေါ်များထဲသို့ ရိုက်သွင်းနယ်ချဲ့၀င်ရောက်နေသည့်အယူအဆများရှိသည်။ ဤ အဖျက်အမှောက်သည်လက်နက်ကြီးငယ်ဖြင့်လုပ် ဆောင်ခြင်းမဟုတ်။ အယူအဆဖြင့်သာဖျက်ဆီးနေခြင်းဖြစ်သည်။ ထို့ ကြောင့်ကျွန်ုပ်တို့သည် ထိုလွှဲမှားသောအယူအဆများ၏လွှမ်းမိုးမူမှကင်းဝေးရန် မိမိကိုယ်ကိုကာကွယ်ရမည်။

ရဟန်းမင်းကြီးသည် ယခုနှစ်အား Amoris Laetitia (ချစ်ခြင်းကပေးသောပျော်ရွှင်မူ) စာချွန်တော်နှစ်အဖြစ်ကြေ ငြာထားပြီး၊ ထိုစာချွန်တော်ကိုဖတ်၊ မှတ်၊ ‌ထောက်ရူရမည်ဖြစ်သည်။ ဤစာချွန်တော်အားလာမည့် မတ်လ (၁၉) ရက်နေ့ ၌စတင်မည်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : Diocese of Camden

https://bit.ly/3pLrutB

Add new comment

5 + 6 =