ချစ်ခြင်းမေတ္တာသည် ဖြူစင်​ဖို့၊ သစ္စာရှိဖို့၊ ပေးဆပ်ဖို့နဲ့တိုးပွားများပြားလာဖို့ဖြစ်တယ်

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်း
ချစ်ခြင်းမေတ္တာသည် ဖြူစင်​ဖို့၊ သစ္စာရှိဖို့၊ ပေးဆပ်ဖို့နဲ့တိုးပွားများပြားလာဖို့ဖြစ်တယ်
အောက်တိုဘာ ၃၁၊ ၂၀၁၈

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ပညတ်တော်ဆယ်ပါးတွင် (သူ၏သားမယားကို ပြစ်မှားခြင်းကိုမပြုလင့်) ဟူသော ဆဌမ ပညာတ်တော် ကို အခြေခံပြီး ဘာသာတရားသင်ကြားမှုကို ဆက်လက်သင်ကြားခဲ့ပါသည်။
(သူ၏သားမယားကို ပြစ်မှားခြင်းမပြုလင့်) ဟူသော ဆဌမ ပညတ်တော်သည် အိမ်ထောင်သည် ဘဝ သစ္စာရှိမှုကို အဓိကထားသော ပညတ်ချက်ဖြစ်သော်လည်း၊ လူမှု​ပေါင်းသင်းဆက်ဆံရေးနှင့် ဘုရားသခင်၏ ခေါ်တော်မှု့ခြင်းအသက်တာ သစ္စာရှိမှုတွင် လူတိုင်းနှင့် သက်ဆိုင်နေပါသည်။ လူတစ်ေ​ယာက် ရင့်ကျက်လာဖို့၊ ဖွံဖြိုးတိုးတက်လာဖို့ အတွက် ချစ်ခြင်းမေတ္တာ နှင့် ဂရုစိုက်မှု လိုအပ်​သည်​။ အထူးသဖြင့်​ ဂရုစိုက်မှု့ပေးနိုင်သော စွမ်းအားမြင့်မားမှု့ပေါ်တွင်မူတည်ပြီး သခင်ခရစ်တော်၌
ချစ်ခြင်းမေတ္တာ တိုင်းသည် ဖြူစင်​ဖို့၊ သစ္စာရှိဖို့၊ ပေးဆပ်ဖို့နဲ့တိုးပွားများပြားလာဖိုဖြစ်တယ်။
စစ်မှန်သော ချစ်ခြင်း​မေတ္တာ သည် ပေးဆပ်အနစ်နာခံမှု့မှာကိုယ့်ကိုကိုယ် ရှာဖွေဖို့ ခွန်အားပေးတယ်။ အိမ်ထောင်သည်ဘဝ ခိုင်မြဲးသော ချစ်ခြင်းမေတ္တာသည် ဘဝကိုပေးဆပ်ခြင်းနဲ့ စွန့်လွတ်အနစ်နာခံခြင်းပါ။
အိမ်ထောင်သည် ဘဝ သစ္စာရှိမှုသည် သခင်ခရစ်တော်၏ မဆုံးနိုင်သော ချစ်ခြင်းမေတ္တာ ပေါ်တွင် အခြေတည်ပြီး၊ သခင်ခရစ်တော်နှင့် အသင်းတော်မှ ခေါ်တော်မှု့ခြင်း (ရဟန်းတော်များ၊ သူတော်စဉ်) မျိုးဆက်သစ်များ ကိုမွေးထုတ်ပေးသော သစ္စ္စာ၏ ရောင်ပြန်ထင်ဟတ်မူဖြစ်နေရမည်။
သခင်ခရစ်တော်၏ နက်နဲမှု့နှင့် ချစ်ခြင်း​မေတ္တာ၌ လက်ထပ်ထိမ်းမြားခြင်းကတိသစ္စာ၌ သစ္စာရှိခြင်းနှင့် ကျွနုပ်တို့ကို ဘုရားသခင်ပေးထားသော လိင်အင်္ဂါတို့၏ အဓိပ္ပါယ် ကို ပိုမိုနားလည်သဘောပေါက်လာစေပါသည်။ လူသည် ဝိညာဉ်နှင့် ခန္ဓာ ခွဲခြား၍မရသလို၊ ယောက်ျားနှင့် မိန်းမသည် အပြန်အလှန် ချစ်ဖို့ ချစ်ခံရဖို့အတွက်ဖြစ်ပါသည်။ လူ့ခန္ဓာကိုယ်​သည် ကာမာရာဂ သာယာရန်အတွက် အသုံးခံပစ္စည်းမဟုတ်၊ ယောက်ျား ၊ မိန်းမ လူဖြစ်လာခြင်း၌ ချစ်ခင်ကြင်နာရန်သာဖြစ်သည်၊ တကယ့်​အချစ်စစ်အချစ်မှန်သည် အိမ်ထောင်သည်ဘဝတို့တွင် တည်ရှိနေရမည်၊ တဏှာရာဂ အတွက် သက်သက် အိမ်ထောင်ပြုခြင်းမျိုးမဖြစ်ရပါ။
(သူ၏သားမယားကို ပြစ်မှားခြင်းကိုမပြုလင့်) ဟူသော ဆဌမ ပညတ်တော်သည် ​သခင်ခရစ်တော်၌ဖော်ပြသော သစ္စာရှိမှု့၊ အချစ်စစ်၏ မူရင်းအဓိပ္ပါယ်ဖြစ်သော ဖြူစင်ြ​ခင်းကို ဖော်ဆောင်ပေးသော ပညတ်တော်ဖြစ်ပါသည်။

https://www.vaticannews.va/en/pope/news/2018-10/pope-francis-general-audience.html

#pope, #generalaudience, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 1 =