ခေါ်တော်မူခြင်းဆိုသည်မှာ ဘုရားရှင်​၏ အိပ်မက်ကိုအကောင်အထည်ဖော်ခြင်းပင် ဖြစ်သည်ဟုပုပ်ဖရန်စစ် မြွက်ကြား

ခေါ်တော်မူခြင်းဆိုသည်မှာ ဘုရားရှင်​၏ အိပ်မက်ကိုအကောင်အထည်ဖော်ခြင်းပင် ဖြစ်သည်ဟုပုပ်ဖရန်စစ် မြွက်ကြား

၅၉ ကြိမ်မြောက် ခေါ်တော်မူခြင်းအတွက် ဆုတောင်းခြင်းပြုအပ်သောနေ့ အတွက် ဆောင်ပုဒ်ဖြစ်သည့် " လူသားမိသားစုအသိုင်းအဝိုင်းတည်ဆောက်နိုင်ရန်" ဆိုသည့်အပေါ် ရဟန်းမင်းကြီးပါပါ ဖရန်စစ် မှသတင်းစကားပါးခဲ့ပြီး ၊ အမိအသင်းတော်ကြီးမှာ ပါဝင်ကြသည့် တဦးတယောက်တိုင်း သည် မိမိတို့မှာရှိသည့် အကောင်းဆုံးသော အရာများကို မြင့်မြတ်သည့်ဆပ်ကပ်မှုနှင့်ပါဝင်ရန်ပင် ဖြစ်သည်ဟုဆိုသည်။

ပါစကားပွဲတော်အပြီး စတုတ္ထ တပါတ်တွင် ကျရောက်သည့် ကောင်းသောသိုးထိန်းတနင်္ဂနွေနေ့ ကို အသင်းတော်က " ခေါ်တော်မူခြင်းအတွက် အထူးဆုတောင်းရာနေ့ အဖြစ်သတ်မှတ် ကျင်းပပါတယ်။

ပါပါးရဲ့ ရဟန်းဘုန်းတော်ကြီးများနှင့် သူတော်စင်ဂိုဏ်ဝင်များ အားလုံးသို့ သတင်းစကားမှာ
• အမိအသင်းတော်ကြီး​၏ သာသနာပြုလုပ်ငန်းများမှာ ဦးဆောင်ဦးရွက် ပါဝင်ရန်
• တဦးနှင်တဦးအပေါ် နှင့် ဖန်ဆင်းခံအရာများအပေါ် အုပ်ထိန်းကာကွယ်စောင့်ရှောက်ရန်
• ဘုရားရှင်​၏ မျှော်လင့်စောင့်ငေးမှု့ကို ကြိုဆိုလက်ခံရန်
• ညီရင်းအကို စိတ်ဓါတ်လွှမ်းမိုးသည့် ကမ္ဘာကြီး တည်ဆောက်ရန် တို့ဖြစ်သည်

ကျွန်ုပ်တို့သည် ဘုရားရှင်​၏ နှလုံးသားများပင် ဖြစ်သည်

ပါးပါးဆက်လက် မိန့်ဆိုတာကတော့ " ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့အားလုံးသည် တဦးစီတိုင်းအား ခေါ်တော်မူခြင်းခံရပြီး ရောင်စုံချယ်ထားသည့် မှန်ကူကွက်ရှိ အုပ်ချပ်ငယ်လေးများ နှင့် ပုံစံတူပါသည်၊အားလုံး ပေါင်းစပ်လိုက်မှသာလျှင် ရုပ်လုံးပေါ်လာမည်ဖြစ်ပြီး ဘုရှားရှင်​၏ နှလုံးသားမှာ တောက်ပနေသည့် ကြယ်လေးများ ကဲ့သို့ တောက်ပ ကြပါစို့"
ထိုအပြင် ကျွန်ုပ်တို့သည် လူ့ဘောင်အတွက် အလင်းပြခါ လမ်းညွှန်မှု့ပေးနိုင်မည့် ထိပ်တန်း လူသားများ ဖြစ်နိုင်ပြီး မိမိအသိုင်းအဝိုင်းမှ စတင် လုပ်ဆောင်ကြရန် ပါပါးမှ သုံးသပ်မိန့်ဆိုခဲ့ပါတယ်။
အမိအသင်းတော်ကြီး​၏ အံ့ဘွယ်ကောင်းမှု့မှာ လူ့ဘောင်တည်ဆောက်ရာတွင် မတူကွဲပြားမှု များ​၏ ပွဲတော်ကျင်းပနိုင်ခြင်းပင်ဖြစ်သည်။တဦးစီတိုင်း​၏ ပါဝင်ဆက်ကပ်မှု မှာလည်း အလွန်ပင် အဖိုးမဖြတ်နိုင်သည့်အရာပင် ဖြစ်ကြောင်း ပါပါးမှ အခိုင်အမာပြောခဲ့ပါတယ်။

ဘုရားရှင်​၏ အိပ်မက်ကို အကောင်အထည်ဖော်ခြင်း

ပါပါးရဲ့မိန့်ကြားချက်မှာ " ကျွန်ုပ်တို့သည် ခေါ်တော်မူခြင်းအကြောင်း ပြောဆိုကြသည့် အခါ ဘဝနေထိုင်မှု ပုံစံတခုကို ရွေးချယ်ခြင်းသက်သက်သာ မဟုတ် သီးခြားအသင်းဂိုဏ်တခုသို့ မိမိဘဝကို ဆက်ကပ် ခြင်း သို့မဟုတ် အသင်းဂိုဏ်း​၏ လုပ်ဆောင်မှု ၊ဘုရားတရားဆိုင်ရာဆောင်ရွက်မှု့များ​၏ ဆွဲဆောင်ခံရမှု့ ကို လိုက်ကျင့်ရန်ပင်ဖြစ်သည်။

အမိအသင်းတော်အတွင်း ခေါ်တော်မူခြင်းတခုစီတိုင်းနှင့် လူသားအသိုင်းဝိုင်းတခုလုံးအတွက် ဆိုလျှင်မူ အမျိူးစုံသော အမျိူးသား အမျိူးသမီး အားလုံးတို့​၏ သဟဇာတ ဖြစ်စွာ နေထိုင်ကြမှု့သာဖြစ်ပြီး သန့်ရှင်းသော ဝိဉာဏ်တော်အားဖြင်သာလျှင် ထိုကဲ့သို့ ဖော်ဆောင်နိုင်မည် ဖြစ်သည်။

ကျွန်ုပ်တို့အပေါ် ဘုရားရှင်​၏ ရည်မှန်းချက်

ဘုန်းတော်ကြီးများ သစ္စာတော်ခံ သူတော်စင်ဂိုဏ်းဝင်များနှင့် သာမန်လူပုဂ္ဂိုလ်များအားလုံးသို့ ပါပါးရဲ့ သဝဏ်လွှာသတင်းစကားမှာ ခွန်အားပေးထားတာကတော့" အမှန်တရားကို သက်သေခံရာတွင် အတူတကွပူးပေါင်းလုပ်ဆောင်ကြရန်နှင့် ထိုအရာသည်ပင် စိတ်ကူးယဉ်ဆန်သည့် အိပ်မက်မဟုတ်ပဲ ဘုရားရှင်​၏ ဖန်ဆင်းခြင်း ရည်ရွယ်ချက်ဖြစ်သည့် ချစ်ခြင်းမေတ္တာအားဖြင့် တည်ဆောက်ထားသည့် မိသားစု လူ့ဘောင်ကို တည်ဆောက်ရန်ပင်ဖြစ်သည်။

အဆုံးသတ်သတင်းစကားမှာတော့ ပါပါးက

" ဘုရားရှင်​၏ လူမျိူးတော် များဖြစ်သည့် ညီအကို မောင်နှမအပေါင်းတို့ သမိုင်းမှာဖြစ်ပျက်နေသည့် အဖြစ်ပျက်အမျိူးစုံ အလယ်တွင် အတူတကွ ဆုတောင်းကြပါစို့ ၊ ကျွန်ုပ်တို့အားလုံးသည်လည်း မိမိတို့အတွက် သင့်လျှော်မှန်ကန်သည့် ဘဝရှာဖွေတွေ့ရှိရန်နှင့် ဘုရားရှင်​၏ မြင့်မြတ်သော စီမံကိန်းတော်တွင် အကောင်းဆုံးပါဝင်နိုင်ကြရန် သန့်ရှင်းသော ဝိဉာဏ်တော်ဘုရားရှင်​၏ အလင်းကျေးဇူးတော် ခံစားရရှိရန် တောင်းလျှောက် အသနားခံကြပါစို့ ။ "

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း
https://bit.ly/3siZeSF

Add new comment

3 + 4 =