ခေါင်းဆောင်များ သနားကြင်နာတတ်​သူ၊ တရားမျှတသူနှင့် မိမိကိုယ်ကို စမ်းစစ်သူများဖြစ်ကြဖို့ ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် တိုက်တွန်း

တနင်္ဂနွေနေ့တိုင်း အပတ်စဉ်တွေ့ ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူမေတ္တာရွတ်ဆိုခြင်း

ခေါင်းဆောင်များ သနားကြင်နာတတ်​သူ၊ တရားမျှတသူနှင့် မိမိကိုယ်ကို စမ်းစစ်သူများဖြစ်ကြဖို့ ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် တိုက်တွန်း
ဖေ​ဖေါ်ဝါရီ ၃၊ ၂၀၁၉

တနင်္ဂနွေနေ့တိုင်း အပတ်စဉ်တွေ့ ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူမေတ္တာရွတ်ဆိုခြင်းတွင် ပညာရေးနှင့် ခေါင်းဆောင်ကဏ္ဍတွင်တာဝန်ယူထားသူများ မိမိ၏ အခန်းကဏ္ဍ ကိုသိပြီး သနားကြင်နာတတ်​သူများ၊ ညာဏ်ပညာကြီးမြင့်သူများ မိမိကိုယ်ကိုစမ်းစစ်သူများဖြစ်ကြဖို့ ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် တိုက်တွန်းခဲ့ပါသည်။ တနင်္ဂနွေနေ့ သမ္မာကျမ်းစာ ကိုအခြေခံပြီး ဟောကြားရတွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ-

၁။ ။ ခေါင်းဆောင်သည် ရှင်းလင်းသေချာသော အမြင်ရှိရမည်

တနင်္ဂနွေနေ့ သမ္မာကျမ်းစာ ကိုအခြေခံပြီး သခင်ခရစ်တော်မှ ခေါင်းဆောင်လုပ်သူများသည် အကန်းမဖြစ်ရ၊ ရှင်းလင်းသေချာသော သိမြင်နိုင်မူရှိရမည်၊ ဆိုလိုရင်းမှာ ဉာဏ်ပညာအသိရှိရမည်ဖြစ်ကြောင်း
ဉာဏ်ပညာအသိမရှိသောခေါင်းဆောင်ကြောင့် သူကို ယုံကြည်၍သူနောက်လိုက်သူများသည် ပျက်စီးခြင်းသို့ရောက် နိုင်ကြောင်း၊ အထူးသဖြင့် ပညာရေးနှင့် ခေါင်ဆောင်မူအပိုင်းတာဝန်ယူထားသူများ ဘာသားရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဆရာ ဆရာမများ၊ မိဘများသည် မိမိ တာဝန်ယူလုပ်​ေ​ဆာင်ရမည့် အခန်းကဏ္ဍသိရှိပြီး မှန်ကန်​ေ​သာလမ်းကို သေချာစမ်းစစ်၍ တပါးသူများကို ဦးဆောင်ကြစေလိုကြောင်း၊ မည်သည့်နောက်လိုက်မျှ ဆရာထက်မသာလွန်သော်လည်း ကြိုးစားလိုက်လျှောက်သောသူတိုင်းသည် လည်း ဆရာနှင်တူလာနိုင်ကြောင်း၊ သခင်ခရစ်တော်​၏ နောက်လိုက်များသည် သခင်ခရစ်တော်ကဲ့သို့ဖြစ်လာရန်လိုကြောင်း၊ သွန်သင်ခဲ့ပါသည်။

၂။ ။ သနားကြင်​နာခြင်း နှင့် နူးညံ့သိမ့်မွေခြင်း

ရိုးသားမှု၊ နှိမ်ချမှု နှင့် တရားမှတသော စိတ်နေစိတ်ထားများရှိရန် သနားကြင်နာခြင်းနှင့် နူးညံ့သိမ့်မွေသော စိတ်နေစိတ်ထားတို့လိုအပ်သည်​။ တပါးသူမျက်လုံးထဲက အမှိုက်စကိုသာမြင်ပြီး မိမိမျက်လုံးထဲကသစ်တိုင်ကို မမြင်သောသူမဖြစ်စေလိုကြောင်း၊ တပါးသူကိုအပြစ်တင်ထောက်ပြခြင်းသည် ကူညီရာမရောက်ဘဲ စီရင်ခြင်းသာဖြစ်နေတတ်​ကြာင်း၊ ကောင်းမွန်သောကူညီမှုသည် ဉာဏ်ပညာပြည့်ဝစွာအကြံပေးခြင်းသည်ထိရောက်ကြောင်း ဉာဏ်ပညာပြည့်ဝသူတို့သည် နှိမ့်ချပြီး နူးညံ့သိမ်မွေ့ကြကြောင်း၊ ကောင်းသောသစ်ပင်သည် ကောင်းသောအသီးများကို ထုတ်​ေ​ပတတ်​ေ​ကြာင်း သမ္မာကျမ်းစာ ကိုအခြေခံပြီးသွန်သင်​ခဲ့ပါသည်။

၃။ ။ သူတပါးအတင်းအဖြင်းပြောခြင်း

အပြုအမူအပြောအဆိုတို့သည် လူတယောက်၏ အသီးအပွင့်များအဖြစ်ဖော်ပြနေသည်။ ​မိမိစိတ်နှလုံးတွင် ကောင်းမြတ်သောအရာတို့နှင့်ပြည့်စုံနေသောသူသည် ကောင်းသောအရာများသာ ထုတ်ဝေတတ်သည်​။ လူတိုင်းသည် မိမိဘဝအတွက် ကောင်းမကောင်းကို ရွေးချယ်အသုံးပြုနေကြကာ ၊ဉာဏ်ပညာကြီးရင့်သူ ဘုရားကျေးဇူးတော်နှင့်ပြည့်ဝနေသူတို့သည် ကောင်းသောအရာများကိုဝေမျှကြသောကြောင့် ဘုရားသခင်နှင်အဆက်အသွယ်အပြတ်စေရန်ဆုတောင်းမူဖြင့်ကျေးဇူးတော်များတိုးပွားစေရန်ကြိုစားကြစေလိုကြောင်း ဆုံးမသွန်သင်ခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-angelus-cat...

#pope, #sunday,#angelus, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 6 =