ခရစ္စမတ်ကာလမှာ အဝေးရောက် သား သမီးများအတွက် ပုပ်ရဟန်းမင်းကြီး၏ အားပေးစကား

Pope at Angelus
ခရစ္စမတ်ကာလမှာ အဝေးရောက် သား သမီးများအတွက် ပုပ်ရဟန်းမင်းကြီး၏ အားပေးစကား
ဒီဇင်္ဘာ ၂၃၊ ၂၀၁၈
 

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းအပြီးတွင် စိန့်ပီတာရင်ပြင်တွင် စုရုံးနေကြသော လူထုပရိတ်ကြီးအား ခရစ္စမတ် အချိန်အခါသမယသည် မိသားစုများ အတူတကွ ပြန်လည်စုစည်းရာကာလဖြစ်ကြောင်း ရဟန်းမင်ကြီး ဖရန်းစစ် အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။
ကျွနုပ်အတွေးထဲမှာ အဝေးမှာရှိနေတဲ့မိသားစုဝင်သားသမီးတွေ အ်မ်ကိုပြန်လာကြတယ်၊ တချို့ခက်ခက်ခဲခဲကို ကြိုးစားပြီး မိသားစု ဆုံဆည်းနိုင်အောင်ကြိုးစားကြတယ်၊ ဒီမိသားစုတွေအတူတကွ စုစည်းခြင်းဟာ အရေးကြီးတဲ့အချက်ဖြစ်သလို ခရစ္စမတ် ရဲ့လှပမူတခုကိုဖော်ဆောင်နေခြင်းဖြစ်တယ်။

 

မိသားစုနှင့်ဝေးနေသူတွေ အကြောင်းအမျိုးမျိုးကြောင့် ခရစ္စမတ် မှာ မိသားစုနှင့် မဆုံနိုင်သူတွေ အားလုံးကို ရဟန်းမင်းကြီးမှ ခရစ္စမတ် မှာ နုတ်လိုက်သည်။ ချစ်လှစွာသော ညီကိုယ်မောင်နှမအပေါင်းတို့ အဖခမည်းတော်ဘုရားသည် သင်တို့ကိုဘယ်သောအခါမှ မမေ့မလျှော့ပါ၊ စွန့်ပြစ်မထားပါ။ သင်ဟာမိသားစုနှင့် ဝေးနေသော ခရစ်ယာန်တဦးဖြစ်လျှင် အနီးဆုံးဘုရားကျောင်းတခုကို သွားပါ၊ အဲ့ဒီနေရာဟာတို့ခရစ်ယာန်မိသားစုတွေစုစည်းတဲ့နေရာဖြစ်တယ်။ အဲ့ဒီမှာ နွေးထွေးတဲ့ညီကိုယ်မောင်နှမ ချစ်ခြင်းမေတ္တာ ကို သင်တွေ့ရပါလိမ့်မယ်။ သခင်ခရစ်တော်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ကိုလူသားအားလုံးအတွက်ယူဆောင်ခဲ့သလို၊ လူသားအားလုံးအတွက် မွေးဖွားခဲ့သလို ခရစ်ယာန်အဖွဲ့အစည်းတိုင်းသည်လည်း လူသားအားလုံးကို တံခါးဖွင့်၍၊ နှလုံးသားတံခါးများလည်းဖွင့်၍ ကြိုဆိုကြပါစို့။

 
 

https://www.vaticannews.va/en/pope/news/2018-12/pope-francis-angelus-christmas-families-angelus.html

#angelus, #pope, #family, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Comments

Hi

Add new comment

4 + 16 =