ခရစ်ယာန် ကမ္မဋ္ဌာန်းထိုင်ခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား မပါရင် မဖြစ်နိုင်ပါ

ခရစ်ယာန် ကမ္မဋ္ဌာန်းထိုင်ခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား မပါရင် မဖြစ်နိုင်ပါဘူး။ ဝိညာဉ်တော်ဘုရားက ကျွန်ုပ်တို့အား သခင်ယေဇူးနဲ့ တွေ့ဆုံနိုင်ဖို့ လမ်းညွှန်ပို့ ဆောင် ပေးနေပါတယ်။

သခင်ယေဇူးက ကျွန်ုပ်တို့ အတွက် သန့်ရှင်းသော ဝိညာဉ် တော်ဘုရားကို စေလွှတ်ပေးမယ်လို့ မိန့်ကြားခဲ့ပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားက သင်တို့ကို သွန်သင် ရှင်းလင်း တော်မူမယ်။

ကျွန်ုပ်တို့ဆုတောင်းခြင်းအားဖြင့် မျက်မမြင်သူ ဘာဒါလိုမေရိုနဲ့အနာကြီး ရောဂါသည်တို့လို ကုသခြင်းကို ခံကြရပါတယ်။

ကမ္မဋ္ဌာန်းထောက်ရှုဆုတောင်းခြင်းအားဖြင့် လာဇရုကို ပြန်ရှင်စေသလို ကျွန်ုပ်တို့ကိုလည်း ရှင်ပြန်ထမြောက်နိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ လမ်းညွှန်ဦးဆောင်မှုနဲ့ သခင်ယေဇူးရဲ့ နက်နဲတဲ့အသက်တာကို ပြန်ရှင်သန်နိုင်တဲ့ အပြင် သခင်ယေဇူးနဲ့တွေ့ဆုံပြီး မျက်မမြင်နဲ့အတူ "အိုသခင် အကျွန်ုပ်ကို သနားတော်မူပါ။ ... သနားတော်မူပါ။" လို့ပြောနိုင်ပါတယ်။ ပြီးတော့ ဘာကို အ လိုရှိ တာလဲ။ မျက်စီပြန်မြင်ဖို့ ဘုရားသခင်နဲ့ အပြန်အလှန်ဆွေးနွေးနိုင်ဖို့ အလိုရှိတာ ဖြစ်ပါတယ်။

ဝိညာဉ်တော်ဘုရားက လမ်း ညွှန်ပေးတဲ့ ခရစ်ယာန်ကမ္မ

ဋ္ဌာန်း ထိုင်ခြင်းဟာ သခင်ယေဇူးဆီကို အပြန်အလှန်စကား ပြောနိုင်စေပါတယ်။

✍️ ထန်းဟာ, SJ

Add new comment

2 + 4 =