ခရစ်ယာန်အသက်တာ၏လွတ်လပ်မှုအခန်းကဏ္ဍအကြောင်း ပုပ်ဖရန်စစ်ရှင်းပြ

ခရစ်ယာန်အသက်တာ၏လွတ်လပ်မှုအခန်းကဏ္ဍအကြောင်း ပုပ်ဖရန်စစ်ရှင်းပြ

ခရစ်ယာန်အသက်တာ၏လွတ်လပ်မှုအခန်းကဏ္ဍအကြောင်း ပုပ်ဖရန်စစ်ရှင်းပြ

ဆေး‌ကြောခြင်း မင်္ဂလာ ခံယူခြင်းအားဖြင့် ကျွန်ုပ်တို့ရရှိသောဘဝသစ်သည်“ အပြစ်နှင့်သေခြင်း၏ကျွန်များမှ ကျွန်ုပ်တို့အား လွတ်မြောက် စေသည်” ဟုဆိုသော်လည်း ဤလွတ်လပ်မှုသည်မိမိအလိုကို လိုက်ရန်အတွက် အခွင့်အလမ်းမဟုတ်၊ “ တစ်ဦးကို တစ်ဦး အစေခံရန်အတွက် ကမ်းလှမ်းသော ခေါ်ဆိုခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က လက်ရှိကပ်ရောဂါသည် ခရစ်ယာန်အသက်တာ၏ အသိုင်းအ ၀န်းပုံသဏ္ဌာန်ကို ပြန်လည်ဖော်ထုတ်ရန်နှင့်ယေဇူးသခင်၏ ချစ်ခြင်းမေတ္တာစံနမူနာကို လိုက်ရန်အခွင့်အလမ်းတစ်ခုဖြစ်သည် ဟုမိန့်ကြားခဲ့သည်။

ချစ်ခင်ရပါသောညီအစ်ကိုမောင်နှမများ၊

စိန့်ပေါ်လ်၏ ဂါလတိမြို့သားတို့ထံရေးသော စာကို ဆက်လက် သင်ကြားရာတွင် ယခု ကျွန်ုပ်တို့သည် ခရစ်တော်၌ ခေါ်တော်မူခြင်းခံရသောလွတ်လပ်မှုကို ထည့်သွင်းစဉ်းစားကြသည်။

ဆေးကြောခြင်း မင်္ဂလာအားဖြင့် ကျွန်ုပ်တို့ လက်ခံရရှိသောဘဝသစ်သည် ကျွန်ုပ်တို့အား အဖခမည်းတော်၏ သားသမီးများဖြစ်စေခဲ့ပြီး အပြစ်နှင့်သေခြင်း၏ ကျွန်ဘဝမှ လွတ်မြောက်စေသည်။စိန့် ပေါလုက သခင်ခရစ်တော်၌ ကျွန်ုပ်တို့၏ လွတ်လပ်မှုသည် မိမိအလိုကို လိုက်ရန်အတွက် အခွင့်အလမ်းမဟုတ်၊ ယုံကြည်သူများရှိရာ အသိုင်းအဝိုင်း၌ တစ်ဦးကို တစ်ဦး အစေခံရန်အတွက် ကမ်းလှမ်းသော ခေါ်ဆိုခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ ချစ်ခြင်းမေတ္တာအားဖြင့် ဆင်းရဲသားများအားရက်ရောစွာ ပေးသောလုပ်ဆောင်မှုသည်သာ ကျွန်ုပ်တို့ခရစ်တော်၌ ကျွန်ုပ်တို့၏ လွတ်လပ်မှုသည် ကြီးထွားပြီး အသီးများသီးနိုင်သည်ဟု စိန့် ပေါလုမိန့်ကြားခဲ့သည်။

သခင်ယေဇူးသည် နောက်ဆုံးညစာစားပွဲတွင် ဤကိုယ်ကျိုးမဖက်သော ချစ်ခြင်းမေတ္တာကို ဥပမာပေးခဲ့သည်။ သူသည်ကယ်တင်ခြင်း လုပ်ငန်း မစတင်မီ ဒုက္ခနှငိ့ သေခြင်းတရားကို မကြုံတွေ့မီ သူ၏ တပည့်များ၏ခြေကိုဆေးခြင်းအားဖြင့် ကျွန်ုပ်တို့အား လိုက်ကျင့်ရန်သွန်သင်ခဲ့သည်။

ခရစ်ယာန်လွတ်လပ်ခွင့်တွင် မရှိမဖြစ်လိုအပ်သော လူမှုရေးအတိုင်းအတာတစ်ခုရှိသည်။ လက်ရှိ ကပ်ရောဂါ၏ အကျိုးဆက်များသည်လွတ်လပ်မှုလျော့နည်းလာသော လူတစ်ဦးချင်း၏ လွတ်လပ်သော အတွေးအခေါ်များ လျော့နည်းလာမှုကို ကျော်လွှားရန်နှင့် ၎င်း၏ပိုမိုနက်ရှိုင်းသော ကွန်မြူနစ်အမြင်သွင်ပြင်ကိုပြန်လည်ဖော်ထုတ်ရန်ဖိတ်ခေါ်သည်။ ခရစ်တော်ကျေးဇူးတော်၏ လွတ်မြောက်ခြင်းတန်ခိုးတော်အား ကျွန်ုပ်တို့၏သက်သေမှတဆင့်၊ အခြားသူများအား စစ်မှန်သောလွတ်လပ်မှုသည်ဘုရားသခင်၏ချစ်ခြင်းမေတ္တာမှ ဖွားမြင်လာပြီး ၎င်းအားချစ်ခြင်းမတ္တော၏ပြည့်စုံမှုကိုတွေ့ရှိရန်ကူညီကြပါစို့။

ယနေ့ လူထုကို တွေ့ဆုံသည့်နေရာမှ အင်္ဂလိပ်ဘာသာ စကားပြောသူ ဘုရားဖူးများနှင့် ဧည့်သည်များ အထူးသဖြင့်အမေရိကန်ပြည်ထောင်စုကအဖွဲ့များအား ကျွန်ုပ် နှုတ်ဆက်ပါသည်။ သင်တို့နှင့် သင်တို့၏ မိသားစု အားလုံးအပေါ်၌ သခင်ခရစ်တော်ရဲ့ပျော်ရွှင်မှုနဲ့ငြိမ်သက်ခြင်းကို ဘုရားရှင်ထံသို့ ကျွန်ုပ်တောင်းလျှောက်ပါသည်။

ဘုရားသခင်ကောင်းချီးပေးပါစေ ဟူ၍ နှုတ်ဆက်ကာ လူထုတွေ့ဆုံခြင်းကို အဆုံးသတ်ခဲ့လေသည်။
 

 

ဘာသာပြန်- စစ္စတာရ်လူစီကျဲန် , SJA

Photo courtesy of Rome Reports/google images

https://bit.ly/3meoIyd

Add new comment

10 + 4 =