ခရစ်ယာန်မိသားစုများ တသီးပုဂ္ဂလဝါဒ ကိုတိုက်ဖျက်ကြရန် ရဟန်းမင်းအမတ် ကာဒီနယ် Pietro Parolin မှ တိုက်တွန်း

ကာဒီနယ္ Pietro Parolin

ခရစ်ယာန်မိသားစုများ တသီးပုဂ္ဂလဝါဒ ကိုတိုက်ဖျက်ကြရန် ရဟန်းမင်းအမတ် ကာဒီနယ် Pietro Parolin မှ တိုက်တွန်း
စက်တင်ဘာလ ၁၇၊ ၂၀၁၈

https://www.vaticannews.va/en/vatican-city/news/2018-09/marriage-family-...

#pope, #vatican, #worldcongressoffamily, #love, #individualism, #peterkm,
Photo credits to vatican news.
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်ထိ မိုလ်ဒိုဗာ ၏ မြို့တာ် ခီရှီနောက် တွင်ကျင်းပသော ကမ္ဘာမိသားစုများညီလာခံတွင် ရဟန်းမင်းကြီးရုံးတော် ထိပ်တန်း အတွင်းရေးမှုး ရဟန်းမင်းအမတ် ကာဒီနယ် Pietro Parolin မှ မိသားစုနှင့် အိမ်ထောင်သည်ဘဝသည် ဘုရားသခင်၏ စည်မံကိန်း၊ သမ္မာကျမ်းစာ၌မွေ့လျော်သော မိသားစု သည် ကမ္ဘာကြီး၏ မျော်လင့်ချက် ဖြစ်​သော​ကြောင်​့
မိသားစုဝင်များ လိုက်ကြဖို့ ဖိတ်ခေါ်ခဲ့ပါသည်။
မိသားစုအရေး အိမ်ထောင်သည်ဘဝတို့နှင်ပတ်သက်ပြီး
ယနေ့ခေတ်ကြီးတွင် လူတို့၏ ပေါင်းသင်းဆက်ဆံ​ရေးကဏ္ဍ တွင် ဖြစ်ပေါ်နေသာ မိသားစုများပြိုကွဲပျက်ဆ​ီးမူကို ကျွနု်​ပ်တို့အထူးတလည်းသတိထားကြသကဲ့သို့ မိသားစုတို့၏ တည်တန့်ခိုင်မြဲမှု စည်းလုံးမှုကိုလည်းထုတ်ဖော်ရန် လိုအပ်ကြောင်း၊ မိသားစု၏ သဘာဝတရားသည် ဘုရားပေးသော ချစ်ခြင်း​မေတ္တာအသက်တာ ဘဝ၊ ကမ္ဘာကြီးအတွက် အလင်းတန်း၊ မျော်လင့်ခြင်း၏ အချက်ပြမီး ဖြစ်ကြောင်း ကာဒီနယ် Pietro Parolin မှ ပြောကြားခဲ့ပါသည်။
ယနေ့ခေတ်တွင် များများထုတ်များများသုံး ဝါဒ၊ လက်​ေ​တွ့ဝါဒ၊ တသီးပုဂ္ဂလဝါဒ တို့သည် မိသားစုများကြုံတွေ့​နေရသော စိန်ခေါ်မှုများ ဖြစ်နေပါသည်။ တသီးပုဂ္ဂလဝါဒ၏ လွမ်းမိုးမှုသည် မိသားစုစည်းလုံးမှုကို ထိခိုက်စေပြီး သီးခြားနေထိုင်မှုဘဝများဖြင့်မိသားစုများကိုကွဲကွာစေသော ဘဝများဖြငိ့အဆုံးသတ်​ေ​စကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ တသီးပုဂ္ဂလနေထိုင်မှုဝါဒသည် နိုင်ငံရေး၊ စည်းပွားရေး မီဒီယာကဏ္ဍတို့၌ကြီးစိုးနေကြောင်း၊ ယင်း၏ အကျိုးဆက်သည် မိသားစုကိုဦးစားပေးမှုမရှိတော့ဘဲ မိသားစုကဏ္ဍ ဘာသာရေးကဏ္ဍ တို့ကို ချောင်ထိုးထားသည့်အခြေအနေသို့ပို့​ဆောင်နေကြောင်း ရှင်းပြခဲ့ပါသည်။
မိသားစုသည် လူအဖွဲ့အစည်း၏ အခြေခံအုတ်ြ​မစ်ဖြစ်ပြီး ယင်းကဏ္ဍကို လစ်လျူရှုချောင်ထိုးထားခြင်းသည်၊ လူအဖွဲ့အစည်းအတွက် အန္တရာယ် ရှိကြောင်း၊ ဘုရားရှင်၏ စီမံကိန်းကို ဆန့်​ကျင်ရာရောက်ကြောင်း၊
မိသားတစု၏လှပမှုသည် စွန့်ပယ်ခြင်းထက် လက်ခံကြိုဆိုခြင်း၊ အပြစ်တင်ခြင်းထက် သနားကြင်နာမှုပေးခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်းထက် လုပ်ဆောင်လိုသောဆန္ဒကိုဖော်ထုတ်ပေးခြင်းတို့ဖြစ်ကြောင်း၊ မိသားစုသည် လူမူအဖွဲ့အစည်း၏ တိုးတက်မှုနှင့် သဟဇာတဖြစ်မှုကဏ္ဍတွင် အလွန်အရေးပါ သော အခြေခံအဖွဲ့အစည်းဖြစ်ကြောင်း ကာဒီနယ် Pietro Parolin မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

 

Add new comment

4 + 5 =